နန်းချခံလိုက်ရတဲ့ ဘုရင်တပါးလို ငါလဒမှိုင် မှိုင် အနာဂတ်ကလဲ လိုက်လေဝေးလေ ဘာမှန်းမသိတဲ့ လမ်းတွေပေါ်လဲ အလည်ခဏ ရောက်ဖူးတယ် စိတ်တွေကလည်း ပေါက်ရောက်လိုက်ပြန်ပြီ တလွဲ အတွေးတွေနောက် တွေးရင်းတွေးရင်း မမှီလိုက်တဲ့ ရထားကြီးရဲ့ အချိန်တိကျမှုကိုပဲ အပြစ်တင်ခဲ့ပေါင်း မနည်းဘူး ငါမဟုတ်တဲ့ငါရဲ့ လှောင်ရီသံလဲ ငါဂရုမစိုက်ဘူး ဒီတော့ သောကတွေရဲ့ ညနေစာက စားချင်ဖွယ် မဟုတ်တာ စကားထဲ ထည့်ပြောမနေနဲ့ အသည်းနှလုံးဆိုတာ ဘယ်ကမှန်းမသိတဲ့ လေဟာနယ်က လွင့်လာတဲ့ အမှိုက် ဒါကြောင့် လူတွေကို အနိူင်ကျင့်လို့ ရနေတာ ကဲ အချိန်လေးရှိတုန်း မိုက်တွင်းထဲက ထွက်လိုက်ကြစို့၊၊
စိတ်ကူးတည့်ရာ အတွေးများနဲ့ ဘဝဖြောင့်ကြောင်း တစေ့တစောင်း