မျက်ရည်တစ်ပေါက် ထွက်မကျအောင် ကြိတ်မှိတ်ကာရယ် တိုးတိုးငိုရှိုက် အောင်စေပါကြောင်း သားလေးအတွက် ရှင်ဘုရားထံ တောင်းဆုပန်ရင်း မြို့ငယ်လေးက အမေအို လွမ်းစိတ်တွေပို၊၊ နိူင်ငံရပ်ခြား သားမှာလည်း လူဝင်ဆန့်ရန် ပညာစုံဖို့ နေ့ညမပြတ် ကြိုးစားနေရင်း အမေနေကောင်းကျန်းမာစေကြောင်း ဆုတောင်းကာနေ၊၊ ပြက္ခဒိန်လည်းဟောင်း နှစ်လည်းပြောင်းတော့ သင်္ခါရတရား ချဉ်းနှင်းဝင်ရောက် သားမျက်နှာ မမြင်ရရှာပဲ အမေအို လောကကြီးကို နှုတ်ဆက်ထွက်ခွာသွားနှင့်လေပြီ၊၊
စိတ်ကူးတည့်ရာ အတွေးများနဲ့ ဘဝဖြောင့်ကြောင်း တစေ့တစောင်း