Skip to main content

Posts

Showing posts from December, 2012

Holden Village

၂၀၁၀ ခုနှစ်က သွားဖြစ်ခဲ့တဲ့ ဝါရှင်တန်ပြည်နယ်ထဲက တောင်ပေါ်ရွာလေးတစ်ရွာအကြောင်း ပြောပြချင်ပါတယ်၊၊ Holden Village လို့ အမည်တွင်တဲ့ ဒီရွာကလေးဟာ ခရစ်ယန်အသင်းတော်ကြီးတစ်ခုဖြစ်တဲ့ Lutheran Church ပိုင်ဆိုင်တဲ့ အပန်းဖြေရာ တောင်ကြားလေးတစ်ခု ဖြစ်ပါတယ်၊၊ ဟိုးအရင်တစ်ချိန်တုန်းကတော့ ဒီရွာကလေးဟာ သတ္တုတွေထုတ်ယူခဲ့တဲ့ မိုင်းတွင်းကြီးတစ်ခုဖြစ်ခဲ့ဖူးပါတယ်၊၊ မိုင်းလုပ်သားမိသားစုဝင်တွေ ပထမဦးဆုံး အခြေချနေထိုင်ခဲ့တဲ့ ရွာကလေးတစ်ရွာလို့ ခေါ်ရင်လည်း မမှားပါဘူး၊၊ အဲဒီကို ရောက်ဖြစ်ခဲ့မယ်ဆိုရင်ဖြင့် မိုင်းလုပ်သားတွေရဲ့ ဓါတ်ပုံတွေကို နေရာအနှံ့မှာ တွေ့ရှိနိူင်ပါတယ်၊၊ ဒီပိုစ်မှာတော့ ကျွန်တော်သွားခဲ့တဲ့ ခရီးစဉ်ထဲက အတွေ့အကြုံတွေကို ဝေမျှချင်ပါတယ်နော်၊၊ တချို့ပုံတွေကတော့ ကျွန်တော့်အပိုင်ဖြစ်ပြီး တချို့ပုံတွေကတော့ Google ကနေ ရှာပြီး ယူလာတာပါ :) ကိုယ်ပြောပြချင်တဲ့ အပိုင်းမှာ ကွက်တိဖြစ်မယ့် ပုံတွေ ရိုက်မလာခဲ့မိဘူးလေ၊၊  Holden Village ကိုသွားရတဲ့ခရီးကတော့ ကုန်းကြောင်းရော ရေကြောင်းပါ ပါဝင်ပါတယ်၊၊ ကျွန်တော်နေခဲ့တဲ့ မြို့ကလေးကနေ လေးနာရီနီးပါး ကားမောင်းပြီး ရေဆိပ်ကို သွားရပါတယ်၊၊ အဲဒီကမှ တစ်ခါပြန်ပြီး သင်္ဘော စီးပြီး Lak...