အခုတလော အလုပ်တွေ အရမ်းကို များလွန်းနေပါတယ်၊၊ တစ်ပတ်တစ်ပတ်ကို နာရီ ခြောက်ဆယ်နီးပါး လုပ်နေရတာတောင် မပြီးနိူင်မစီးနိူင်ပါပဲ၊၊ လူက နုံးချိချိနဲ့ စိတ်မကြည်တိုင်း မြန်မာပြည်က အိမ်လေးကို လွမ်းမိတယ်၊၊ မြန်မာပြည်မှာနေခဲ့ပျော်ခဲ့တုန်းကဆို အားလပ်ချိန်ဆိုတာ အတော့ကို ပေါများလွန်းလို့ ဘယ်လိုဖြုန်းပစ်ရမှန်းမသိခဲ့လောက်အောင်ပါပဲ၊၊ အားနေရင် သင်တန်းလေးပြေးတက်လိုက် လူမှုရေးတွေလိုက်လုပ်လိုက်နဲ့ ဒါနဲ့တောင် အချိန်တွေက အေးအေးဆေးဆေးဖြစ်ခဲ့ဖူးပါတယ်၊၊ တစ်ခါတစ်ခါတော့လည်း တွေးမိတွေးရာ အများကြီးတွေးမိတာပေါ့၊၊ ရုန်းကန်လှုပ်ရှားနေခြင်းက ဘဝရဲ့ ရှင်သန်မှုတစ်ခုဆိုတာ မှန်ပေမယ့် သူတပါးရဲ့ လိုအပ်ခြင်းကို တစိတ်တပိုင်းဖြည့်ဆည်းပေးနိူင်ခြင်းကလည်း ဘဝခရီးရဲ့ အားဆေးတစ်ခွက်ဖြစ်လိမ့်မယ်လို့ စဉ်းစားမိခဲ့ဖူးတယ်၊၊ မှတ်မှတ်ရရ အသက် ၁၅ နှစ်လောက်အရွယ်တုန်းက ကျေးလက်ဒေသတစ်ခုကို ရောက်သွားခဲ့ဖူးတယ်၊၊ ရွာလေးထဲကို လျှောက်ကြည့်ကြရင်း အဘွားအိုတစ်ယောက် ဆန်အိပ်ကြီးကို မနိူင်မနင်းနဲ့ ထမ်းလာခဲ့တာ ခါးတောင်ကုန်းလို့ မြေကြီးထိလုလုနီးပါးပါပဲ၊၊ ကျနော်မြင်လိုက်တာနဲ့ တပြိုင်နက် တော်တော်ကို စိတ်မကောင်းဖြစ်ခဲ့မိတယ်၊၊ သားသမီးနောက်ခံမရှိလို့ပဲလာ...
စိတ်ကူးတည့်ရာ အတွေးများနဲ့ ဘဝဖြောင့်ကြောင်း တစေ့တစောင်း