Skip to main content

Posts

Showing posts from September, 2011

တွေးမိတွေးရာ

အခုတလော အလုပ်တွေ အရမ်းကို များလွန်းနေပါတယ်၊၊ တစ်ပတ်တစ်ပတ်ကို နာရီ ခြောက်ဆယ်နီးပါး လုပ်နေရတာတောင် မပြီးနိူင်မစီးနိူင်ပါပဲ၊၊ လူက နုံးချိချိနဲ့ စိတ်မကြည်တိုင်း မြန်မာပြည်က အိမ်လေးကို လွမ်းမိတယ်၊၊ မြန်မာပြည်မှာနေခဲ့ပျော်ခဲ့တုန်းကဆို အားလပ်ချိန်ဆိုတာ အတော့ကို ပေါများလွန်းလို့ ဘယ်လိုဖြုန်းပစ်ရမှန်းမသိခဲ့လောက်အောင်ပါပဲ၊၊ အားနေရင် သင်တန်းလေးပြေးတက်လိုက် လူမှုရေးတွေလိုက်လုပ်လိုက်နဲ့ ဒါနဲ့တောင် အချိန်တွေက အေးအေးဆေးဆေးဖြစ်ခဲ့ဖူးပါတယ်၊၊ တစ်ခါတစ်ခါတော့လည်း တွေးမိတွေးရာ အများကြီးတွေးမိတာပေါ့၊၊ ရုန်းကန်လှုပ်ရှားနေခြင်းက ဘဝရဲ့ ရှင်သန်မှုတစ်ခုဆိုတာ မှန်ပေမယ့် သူတပါးရဲ့ လိုအပ်ခြင်းကို တစိတ်တပိုင်းဖြည့်ဆည်းပေးနိူင်ခြင်းကလည်း ဘဝခရီးရဲ့ အားဆေးတစ်ခွက်ဖြစ်လိမ့်မယ်လို့ စဉ်းစားမိခဲ့ဖူးတယ်၊၊  မှတ်မှတ်ရရ အသက် ၁၅ နှစ်လောက်အရွယ်တုန်းက ကျေးလက်ဒေသတစ်ခုကို ရောက်သွားခဲ့ဖူးတယ်၊၊ ရွာလေးထဲကို လျှောက်ကြည့်ကြရင်း အဘွားအိုတစ်ယောက် ဆန်အိပ်ကြီးကို မနိူင်မနင်းနဲ့ ထမ်းလာခဲ့တာ ခါးတောင်ကုန်းလို့ မြေကြီးထိလုလုနီးပါးပါပဲ၊၊ ကျနော်မြင်လိုက်တာနဲ့ တပြိုင်နက်  တော်တော်ကို စိတ်မကောင်းဖြစ်ခဲ့မိတယ်၊၊ သားသမီးနောက်ခံမရှိလို့ပဲလာ...

မိုးတိတ်တေး

အထည်ချုပ် စက်ရုံကြီးထဲက ချည်မွေးညှပ်  ကောင်မလေးရေ မင်းရဲ့မြွေရေခွံ အိပ်အဟောင်းထဲမှာ လုံခြုံမှုတွေ ကြည့်ကောင်းသေးရဲ့လား ထမီတစ်ပတ်နွမ်းလေးကိုပဲ အကြိမ်ကြိမ် အထပ်ထပ် ဆင်မြန်းရှာခဲ့ရ သမ္မာအာဇီဝဆိုတာ အနှစ်သာရအားဖြင့် လှပါရဲ့ ပရိုတိန်းဓာတ်တော့ကြွယ်ဝလိမ့်မယ် မဟုတ်ဘူး နတ်ပြည်ခြောက်ထပ်ရဲ့ အဝေး ရွှေမြို့တော်ကြီးရဲ့ အဝေးဆီက ပူဆွေးနေတဲ့လယ်ကွင်းတွေကို မင်းထားခဲ့တယ် တစ်ဘဝလုံး ပပ်ကြားအက်နေတဲ့ တောသူတောင်သား မိဘမောင်ဘွားတွေကို  မင်းထားခဲ့တယ် ထနောင်းပင်ထန်းမြစ်နဲ့ သဲထဲ ရေသွန်နေ့ရက်တွေကို  မင်းထားခဲ့တယ် မင်းကတော့ အတောင်အလက်မစုံလင်ပဲ တောင်ဒဂုံစက်မှုဇုန်ထဲမှာ ဒဏ်ရာရ ငှက်ကလေးတစ်ကောင်လို တုန်ယင်လို့ ကြံုလီဖျော့တော့ မထူးတော့ပါဘူးလေ ဆိုပြီး ကိုယ့်ဘဝကို အမျောမခံနဲ့ သံမဏိကြိုးတစ်ချောင်းလို အားတင်းထား ကွန်ကရစ်တုံးကြီးတွေလို ကြံ့ကြံ့ခံ လက်ဖြောင့်သေနတ်သမားရဲ့ကျည်ဆံလို ဆုံးဖြတ်ချက်တွေ ဖြောင့်မတ်မှန်ကန်ပါစေ ကမ္ဘာကြီးဟာ အနိဌာရုံချည်းပဲ မဟုတ်ပါဘူး လတ်ဆတ်တဲ့ သစ်သီးဝလံနဲ့ ပျော်စရာ သီချင်းသံတွေလည်းရှိတယ်ကွယ် အဲဒီခါကျ  မင်းဟာ အိပ်မက်ကို ပုခက်လွဲရင်း လောကကို နို့ချိုတိုက်က...