တိတ်ဆိတ်မဲမှောင်နေတဲ့ ဂူကြီးတစ်ခုထဲမှာ လူတစ်ချို့တွေဟာ ဂူအတွင်းဘက်ကို မျက်နှာမူတဲ့အနေအထားမျိုးနဲ့ ဦးခေါင်းလေးတောင် လှည့်ခွင့်မရအောင် ကြိုးတွေနဲ့တုပ်ထားခံရပြီး အလင်းရောင်ကိုတောင် မြင်တွေ့ခွင့်မရကြရှာဘူး၊၊ အဲဒီလူတွေ အကုန်လုံးဟာ မွေးလာကတည်းက အဲဒီဂူကြီးထဲမှာ ချုပ်နှောင်ခံရတဲ့ လူတွေလည်းဖြစ်တယ်၊၊ ဒီတော့ သူတို့တွေဟာ လက်တွေ့ ပြင်ပကမ္ဘာမှာ ဘာဖြစ်နေတယ်ဆိုတာ မသိသလို အရာဝတ္ထုတွေကို ဘယ်လိုနာမည်ခေါ်ဆိုရမှန်းလည်း မသိကြပါဘူး၊၊ သူတို့ကိုချုပ်နှောင်ထားတဲ့ အနောက်ဘက် ဂူပေါက်ဝ ခပ်မြင့်မြင့်နေရာတစ်ခုမှာတော့ မီးပုံတစ်ပုံက တောက်လောင်နေပါတယ်၊၊ အဲဒီဂူရှေ့ကို ဖြတ်သွားဖြတ်လာ လုပ်တဲ့ လူတွေ တိရိစ္ဆာန်တွေရဲ့ အရိပ်တွေဟာ အကျဉ်းသားတွေမျက်နှာမူရာရှေ့ ဂူနံရံမှာ လာပြီးပေါ်ပါတယ်၊၊ တစ်နေ့ပြီးတစ်နေ့ ဘာမှလုပ်စရာမရှိတဲ့ ဒီအကျဉ်းသားတွေဟာ သူတို့မျက်စိရှေ့မှာ လာပေါ်တဲ့ အရိပ်တွေကို အမည်ပေးပါတော့တယ်ရှေ့မှာ ပြောထားတဲ့အတိုင်း ဒီအကျဉ်းသားတွေဟာ မွေးလာကတည်းက ဒီဂူကြီးထဲမှာပဲ ချုပ်နှောင်ခံနေရတဲ့သူဖြစ်လို့ အရိပ်တွေကိုအမည်ပေးတဲ့အခါ ဖြတ်သွားဖြတ်လာလုပ်တဲ့ လူတွေရဲ့ စကားသံကို နားထောင်ပြီး အမည်ပေးတာ...
စိတ်ကူးတည့်ရာ အတွေးများနဲ့ ဘဝဖြောင့်ကြောင်း တစေ့တစောင်း