Skip to main content

Posts

Showing posts from July, 2012

ဘာကြောင့် မအောင်မြင်ရတာလဲ?

တနေ့က ကြည့်လိုက်ရတဲ့ ဗီဒီယိုလေးတစ်ခုကြောင့် စဉ်းစားစရာတွေ အများကြီး တိုးလာခဲ့ပါတယ်၊၊ ဒီဗီဒီယိုလေးက ဘာကြောင့် အာရှသားတွေဟာ အနောက်နိူင်ငံတွေရဲ့ ထိပ်တန်းရာထူးတွေမှာ ဘာကြောင့်နေရာယူနိူင်စွမ်း မရှိတာလဲဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးထားကြတာပါ၊၊ ဒီမှာ ဆွေးနွေးသူနှစ်ဦးပြောသွားတာတွေဟာ အရမ်းကို စိတ်ဝင်စားဖို့ကောင်းသလို ကျွန်တော်မစဉ်းစားမိတဲ့ အမှန်တရားတွေကိုလည်း တွေ့လိုက်ရပါတယ်၊၊ အမေရိကန်နိူင်ငံမှာ ၂၀၀၀ ခုနှစ်နောက်ပိုင်း ပြည်ပကနေ အခြေစိုက်ပြောင်းရွှေ့လာတဲ့သူတွေထဲမှာ အာရှသူ/သားတွေဟာ ရာခိုင်နှုန်းအများဆုံးအဖြစ် နေရာယူလာခဲ့ပါတယ်၊၊ အဲဒီမတိုင်ခင်ကတော့ စပိန်စကား အဓိကပြောတဲ့ လက်တင်အမေရိကားက လူမျိုးတွေ အများဆုံး နေရာယူခဲ့ကြတာပါ၊၊ ဒီလူမျိုးတွေများလွန်းလို့ အမေရိကားမှာ စပိန်စကားဟာ ဒုတိယ ရုံးသုံးစကားလို ဖြစ်နေခဲ့ပါပြီ၊၊ တချို့တွေဆိုရင် အမေရိကားမှာ ဆယ်နှစ်၊ နှစ်နှစ်ဆယ် နေကြပေမယ့် အင်္ဂလိပ်လို မပြောနိူင်ကြပါဘူး၊၊ စပိန်စကားနဲ့ပဲ တစ်ဘဝလုံး ဒီလိုပဲနေသွားကြတဲ့သူတွေ အများကြီးပါ၊၊ ထားပါတော့လေ လိုရင်းကနေ လွဲသွားပြီ :) အမေရိကန်နိူင်ငံကို ရောက်လာကြတဲ့ အာရှနွယ်ဝင် မိသားစုတွေဟာ ရောက်ရောက်ခြင်းမှာပဲ ပထမဦးဆုံး လုပ်...

အိမ်

Source: Touropia  အိမ်...... စိတ်ကူးထဲတွင် မြင်ယောင်ကြည့်သည်နှင့် ဖော်ပြမနိူင်သော ကြည်နူးမှု ဝမ်းသာပျော်ရွှင်မှုတို့ကို တပြိုင်နက် ခံစားရသည်၊၊ ဒီစကားလုံးလေးက တစ်လုံးတည်းပင် သို့သော်လည်း " အိမ် " ဆိုသည့် ဒီစကားလုံး၏ နောက်ကွယ်မှာ မေ့မရနိူင်သော အတိတ်ဖြစ်ရပ်တွေ၊ လွမ်းဆွတ်စရာ ထမင်းဝိုင်းနှင့် ချစ်ဖွယ်ကောင်းသော ညနေခင်းတွေ တပြိုင်နက် ကပ်ငြိနေပါသည်၊၊ ကျွန်တော် ချစ်သော " အိမ် " လေးမှာ ရိုးစင်းလှပါသည်၊၊ အဝင်ဝတွင် သစ်သားတံခါး နှစ်ချပ်ရှိပြီး ၊ တစ်ချပ်ကတော့ အိမ်တွင် အခါကြီးရက်ကြီး ဘုရားဝတ်ပြုသော နေ့များတွင်သာ ဖွင့်လေ့ရှိကာ တစ်ချပ်ကတော့ ည ကိုးနာရီထိ ညစဉ်ညတိုင်း ဖွင့်ထားလေ့ရှိသည်၊၊ ဒီတံခါးတွင် တပ်ထားသည့် သံကွင်းကြိုး နှင့် သော့ခလောက်ကို ကျွန်တော် မှတ်မိနေတုန်း၊၊ တံခါးချပ်တွင် ခြေတင်ပြီး ဟီးလီးခိုစီးခဲ့သောကြောင့် တံခါးချပ်လေးမှာ အနည်းငယ် ရွဲ့စောင်းစောင်းပင် ဖြစ်နေခဲ့ပြီ၊၊ မည်သူ့လက်ချက်မှ မဟုတ် ကျွန်တော် မျောက်လောင်းကျော် လက်ချက်သာဖြစ်လေသည်၊၊ အဆူခံရပေါင်း ဘယ်လောက်ပင်များသော်လည်း လူလစ်ရင် လစ်သလို ခိုးစီးခဲ့သည်မှာ ကလေးဘဝ စွန့်စားခန်းတစ်ခုလိုပင်၊၊

မစ်စတာ ဘာဆာ တန်ဖိုးအထားဆုံးအရာ

ဇာတိချက်ကြွေ မြို့ကလေးနဲ့ဝေးရာ တောမြို့လေးတစ်နေရာမှာ ဂျက် တစ်ယောက် သူ့ရဲ့အိပ်မက်တွေအတွက် အပြင်းအထန် ကြိုးစားလို့နေပါတယ်၊၊ ဟိုးအရင်တုန်းကတော့ ဂျက်ရဲ့ဘဝဟာ သာမှန် လူငယ်တစ်ယောက်ရဲ့ဘဝလိုပါပဲ၊၊  ကောလိပ်သွားတာ၊ ကောင်မလေးတွေနဲ့ ချိန်းတွေ့တာ၊ အလုပ်အကိုင်ကောင်းကောင်းရဖို့ ကြိုးစားတာမျိုးပေါ့၊၊ ဒါပမယ့် ခုချိန်မှာတော့ ဂျက်ဟာ ပြောင်းလဲသွားခဲ့ပါပြီ၊၊ အချိန်တွေ မနည်းလုပြီး လှုပ်ရှားနေရတဲ့ ဘဝလေးထဲမှာ ဂျက်ဟာ အတိတ်ရဲ့ အကြောင်းတွေကို စဉ်းစားနေဖို့ အချိန်မရှိတော့သလို ဇနီးသည်နဲ့ သားလေးအတွက်တောင် အချိန်မပေးနိူင်ခဲ့ဘူး၊၊သူ့ရဲ့ အနာဂတ်အတွက် အပြင်းအထန် ကြိုးစားနေတဲ့ ဂျက်ကို ဘယ်အရာကမှ တားဆီးနိူင်မှာ မဟုတ်ဘူး၊၊ တစ်နေ့တော့ ဂျက်ရဲ့မိခင်ဆီက ဖုန်းလာပါတယ်၊၊ " သား မေမေတို့ အိမ်ဘေးနားက မစ်စတာ ဘာဆာ မနေ့ညကပဲ ဆုံးသွားတယ် လာမယ့် ဗုဒ္ဓဟူးနေ့မှာ အသုဘချမယ်ကွယ့် " ရုတ်တရက်ပါပဲ ဟိုးအတိတ်က ဖြစ်ရပ်တွေဟာ ပိတ်ကားပေါ်က ရုပ်ရှင်အိုဟောင်းတစ်ပိုဒ်လို ဂျက်ရဲ့ စိတ်ထဲမှာ မြင်လာတယ်၊၊  ဆိုဖာခုံပေါ်မှာ တိတ်ဆိတ်စွာ ထိုင်ပြီး ဂျက်တစ်ယောက် သူ့ရဲ့ ငယ်ဘဝကို ပြန်လည် မှတ်မိလာခဲ့တယ်၊၊ " သား မေမေ ပြောနေတာကြားရဲ့လား? " ...