မမေ့နိူင်တဲ့ အမှတ်တရတွေ ကျွန်တော်တို့ ဘဝတွေထဲမှာ ရှိတတ်ကြတယ်၊၊ ပြန်စဉ်းစားသတိရလိုက်တိုင်း ငိုကြွေးရတဲ့ အတိတ်တွေရှိသလို ကြည်နူးရတဲ့ အတိတ်တွေလည်း ရှိခဲ့တယ်၊၊ ဒီထဲမှာမှ ကိုယ်လုပ်ဆောင်ခဲ့ဖူးတဲ့ ကောင်းမှုကုသိုလ်တွေကို ပြန်တွေးပြီး တစိမ့်စိမ့် ပီတိဖြစ်ရတာက ဘာနဲ့မှ နှိုင်းလို့မရတဲ့ ခံစားချက်ဖြစ်တယ်၊၊ အဲဒီတုန်းက ကျွန်တော် ဆယ်တန်းကို ဂုဏ်ထူး နှစ်ဘာသာနဲ့ အောင်မြင်ပြီး တက္ကသိုလ်ဝင်ဖို့အတွက် လျှောက်လွှာတင်နေခဲ့တဲ့ အချိန်ပေါ့၊၊ ဆေးကျောင်းဝင်ခွင့်အတွက် လွဲချော်ခဲ့တဲ့ ကျွန်တော့်အတွက် တစ်ခြား တက်ခွင့်ရတဲ့ကျောင်းတွေကလည်း မက်လောက်စရာမရှိဘူးလို့ ကိုယ့်ကိုယ်ကို ထင်နေမိတဲ့ အချိန်ကာလတစ်ခုလည်း ဖြစ်ခဲ့တယ်၊၊ ခုချိန်မှာတော့ ကိုယ့်ကိုယ်ကို ဆရာဝန်မဖြစ်ချင်ဘူးဆိုတာ သေချာသိနေခဲ့ပါပြီလေ၊၊ ကျောင်းတွေဘာတွေလျှောက်တော့ အိမ်ကလူကြီးတွေက သိပ်နားမလည်ကြတော့ ကိုယ်က လူလည်လုပ်ခဲ့တာပေါ့၊၊ နံပါတ်တစ် ဦးစားပေးမှာ ရူပဗေဒကို ထည့်ထားလိုက်တယ်၊၊ နောက်မှာတော့ GTI တို့ Law တို့ ဘာတို့ အထည့်ပြထားတာပေါ့၊၊ အိမ်က အဖွားကတော့ ဘာမှမသိရှာပါဘူး၊၊ ကျွန်တော်က ကိုယ့်စိတ်ကူးနဲ့ကိုယ် ရိုးရိုးမေဂျာ ရွေးခဲ့တာ အကြောင်းရှိပါတယ်၊၊ စာသင်ပြတဲ့ အလုပ်က...
စိတ်ကူးတည့်ရာ အတွေးများနဲ့ ဘဝဖြောင့်ကြောင်း တစေ့တစောင်း