စွတ်စိုပူနွေးနေသည့် လေပူလှိုင်းတချို့ ကျနော့်ပါးပေါ် ရိုက်ခတ်လိုက်သည့် စက္ကန့်ပိုင်းအတွင်း အိမ်ပြန်ရောက်ပြီ ဟူသော အတွေးက ကျနော့်အသိစိတ်ကို နှိုးဆွပေးလိုက်သည်၊၊ အိမ်မပြန်ဖြစ်ခဲ့သည့် ကာလအတွင်း အရာရာသည် ပြောင်းလဲနေခဲ့မလား ကျနော်စိုးရွံ့နေခဲ့မိသည်၊၊ ပွင့်ပွင့်လင်းလင်း ပြောရပါလျှင် ကျနော်သည် မိမိကိုယ်ကို ဧည့်သည်တစ်ယောက်လို ခံစားမိနေသည်၊၊ ဘေးပတ်ဝန်းကျင်မှ ကြားနေရသော မြန်မာ၊ဗမာ စကား အပြန်အလှန် ပြောနေသံများသည် ကျနော့်အတွက် ရုတ်တရက်တော့ ကြောင်အမ်းအမ်းဖြစ်စေသည်၊၊ သို့သော် မိနစ်အနည်းငယ်အတွင်းမှာပင် ကျနော် အသားကျသွားခဲ့ပါသည်၊၊ ဒီမြေသည် ကျနော်မွေးဖွား ကြီးပြင်းခဲ့ရာ ဇာတိမြေ မဟုတ်ပါလား၊၊ ဒီခရီးစဉ် ဖြစ်မြောက်ရေးအတွက် အချိန်တွေ အများကြီး ယူခဲ့ပြီး စီစဉ်ခဲ့ရသည်၊၊ စိုးရိမ်ခဲ့ရသည်၊၊ ခုတော့ ဒီမြေပေါ်မှာ ရပ်နေခြင်းသည် အိပ်မက်တစ်ခု မဟုတ်တော့၊၊ ကျနော် တကယ်ပင် အိမ်ကို ပြန်ရောက်ခဲ့လေပြီ၊၊ ဒေါ်လေးနှင့် ဦးလေးကတော့ ဟိုးအရင်ချိန်တုန်းကအတိုင်း မပြောင်းမလဲ၊၊ ဖေဖေကတော့ တော်တော်လေး အိုစာသွားခဲ့ပြီ၊၊ အဖေ့ကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်၊၊ လောကဓံတိုက်ခတ်မှုက တော်တော်လေးပြင်းထန်သည်၊၊ အဖေသည် စိတ်ပိုင်းဆိုင်ရာ တစ...
စိတ်ကူးတည့်ရာ အတွေးများနဲ့ ဘဝဖြောင့်ကြောင်း တစေ့တစောင်း