Skip to main content

Posts

Showing posts from December, 2010

လောဘ သားကောင်

နေရီတိမ်တောက်ချိန် သက်ရှိသက်မဲ့ ရှိသမျှ အလှဆုံးချိန်လို့ တင်စားကြ  ဒါပေမယ့် မြင်နေရတာက အဝေးဆီက မသဲကွဲတဲ့ ပန်းချီကားတစ်ချပ် ရှိုက်ငိုသံများ ကြားလိုက်မိသလားလို့ ဘေးဘီကိုငဲ့ကြည့် အဖြေရှာ ဒီတော့ လူတွေပြောတဲ့ ကရုဏာတရားက ကျနော့်ကို ပြန်ဖြေတယ် မင်း အလုပ်မဟုတ်ဘူးတဲ့ ပိန်လှီနေတဲ့ ကလေးငယ်တွေနဲ့ မွတ်သိပ်ခြင်း မျက်ဝန်းတွေက အတ္တကြီးတဲ့ ကျနော-့ရင်ဘတ်ကို ဒိန်းခနဲ ဝင်ဆောင့် ဒေါ်လာတွေန ဲ့ ကိုယ်ချင်းစာတရားအောက်မှာ ကျနော် လွန်ဆွဲလို့ကောင်းတုန်း၊၊
ကျနော် ညနေ၈နာရီ လောက်မှာစာဖတ်နေတုန်း သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လာတယ်၊၊ ဘာလဲလို့မေးတော့ မင်းအပြင်မှာ ဘာမှမတွေ့မိဘူးလားတဲ့၊၊ ကျနော်က ဘာတွေ့ရမှာလဲလို့ပြောတော့ ကြည့်လိုက်လို့ပြောတာနဲ့ ကြည့်လိုက်မိတာ အားပါးပါး နှင်းတွေ အဆုပ်လိုက်အခဲလိုက်ကို ကျနေတာလေ၊၊ မြန်မာပြည်မှာ မွေးတဲ့ကျနော် နှင်းကျတယ်ဆိုတာ ကိုးရီးယားကားထဲမှာပဲ မြင်ဖူးတာကိုး၊၊ နှင်းတွေစကျချိန်တော့ ကျနော်ပျော်လိုက်တာ၊၊ အေးရမှန်း ချမ်းရမှန်းလဲမသိ၊၊ နှင်းခဲတွေ ကိုင်ကြည့်လိုက်။ နှင်းခဲပြင်ကြီးမှာ လမ်းလျှောက်လိုက်နဲ့ တော်တော်ပျော်နေတာ၊၊ ပြဿနာက မိုးလင်းမှ စတော့တာပဲ၊၊     ကျနော့ကျောင်းက ရနာရီခွဲဆို စတယ်လေ၊၊ မနက်တိုင်း မိနစ်၂၀ လောက် ကျောင်းရောက်အောင် လမ်းလျှောက်ရတာ၊၊ နှင်းတွေစကျတဲ့ မနက်ခင်းက တော်တော်ကို အေးတဲ့အပြင် နှင်းထုထဲ နှစ်နှစ်ဝင်သွားတဲ့ ခြေထောက်ကို ဆွဲဆွဲထုတ်ရတာ အသက်ထွက်မတတ်ပါပဲ၊၊ ဒီလိုပင်ပမ်းကြီးစွာနဲ့ ကြိုးစားပြီး ကျောင်းရောက်သွားတော့ ကျောင်းအဝင်ဝက စာကပ်ထားတာက ဒီလို : ယနေ့ နှင်းကျသောကြောင့် ၉နာရီခွဲမှ ကျောင်းစမည်: တဲ့၊၊ သေချင်စော်ကို နံရော်၊၊ ၂နာရီလောက် နှင်းတွေကြားထဲ ရပ်နေရင်တော့ သေသွားနိူင်တယ်လေ၊၊ ဒါနဲ့ အိမ်ကိုပြန်လျ...