Skip to main content
ကျနော် ညနေ၈နာရီ လောက်မှာစာဖတ်နေတုန်း သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လာတယ်၊၊ ဘာလဲလို့မေးတော့ မင်းအပြင်မှာ ဘာမှမတွေ့မိဘူးလားတဲ့၊၊ ကျနော်က ဘာတွေ့ရမှာလဲလို့ပြောတော့ ကြည့်လိုက်လို့ပြောတာနဲ့ ကြည့်လိုက်မိတာ အားပါးပါး နှင်းတွေ အဆုပ်လိုက်အခဲလိုက်ကို ကျနေတာလေ၊၊ မြန်မာပြည်မှာ မွေးတဲ့ကျနော် နှင်းကျတယ်ဆိုတာ ကိုးရီးယားကားထဲမှာပဲ မြင်ဖူးတာကိုး၊၊ နှင်းတွေစကျချိန်တော့ ကျနော်ပျော်လိုက်တာ၊၊ အေးရမှန်း ချမ်းရမှန်းလဲမသိ၊၊ နှင်းခဲတွေ ကိုင်ကြည့်လိုက်။ နှင်းခဲပြင်ကြီးမှာ လမ်းလျှောက်လိုက်နဲ့ တော်တော်ပျော်နေတာ၊၊ ပြဿနာက မိုးလင်းမှ စတော့တာပဲ၊၊
    ကျနော့ကျောင်းက ရနာရီခွဲဆို စတယ်လေ၊၊ မနက်တိုင်း မိနစ်၂၀ လောက် ကျောင်းရောက်အောင် လမ်းလျှောက်ရတာ၊၊ နှင်းတွေစကျတဲ့ မနက်ခင်းက တော်တော်ကို အေးတဲ့အပြင် နှင်းထုထဲ နှစ်နှစ်ဝင်သွားတဲ့ ခြေထောက်ကို ဆွဲဆွဲထုတ်ရတာ အသက်ထွက်မတတ်ပါပဲ၊၊ ဒီလိုပင်ပမ်းကြီးစွာနဲ့ ကြိုးစားပြီး ကျောင်းရောက်သွားတော့ ကျောင်းအဝင်ဝက စာကပ်ထားတာက ဒီလို : ယနေ့ နှင်းကျသောကြောင့် ၉နာရီခွဲမှ ကျောင်းစမည်: တဲ့၊၊ သေချင်စော်ကို နံရော်၊၊ ၂နာရီလောက် နှင်းတွေကြားထဲ ရပ်နေရင်တော့ သေသွားနိူင်တယ်လေ၊၊ ဒါနဲ့ အိမ်ကိုပြန်လျှောက်၊၊ ပြီးတော့ ကျောင်းကိုပြန်လာ၊၊ ဟူး ပထမနေ့တော့ တော်တော်ကို အီစလံဝေသွားတယ်၊၊ ရေဒီယိုမှာ ကျောင်းအချိန်ဇယားတွေ ကြေညာတတ်တာကို အသစ်ရောက်တဲ့ကျနော်ကမသိတော့ ခံလိုက်ရတာပေါ့၊၊
    နှင်းတွေကျလာရင် လမ်းပေါ်မှာ ကားမောင်းရတာ အရမ်းကို အန္တရယ်ကြီးပါတယ်၊၊ နှင်းခဲတွေကြောင့် လမ်းကိုကောင်းကောင်းမမြင်ရတဲ့အပြင် လမ်းချော်တတ်ပါတယ်၊၊ ဘရိတ်အုပ်ပေမယ့် နှင်းတွေကြောင့် ချက်ချင်းရပ်လို့မရလို့ ယာဉ်တိုက်မှုတွေမကြာခဏ ဖြစ်လေ့ရှိတယ်၊၊ ကျနော်နေတဲ့ Tri Cities ဧရိယာအတွင်းမှာ နှင်းကျတဲ့ ၂ရက်အတွင်း ယာဉ်မတော်တဆဖြစ်မှုပေါင်း ၂၀၀ကျော် ပါတယ်၊၊ နှင်းကျတဲ့ ဒီလိုရာသီမျိုးမှာ ကားစီးဖို့တောင် ခပ်လန့်လန့်ပါ၊၊
    ကျနော့သူငယ်ချင်းတစ်ယောက် အလုပ်သွားရင်းနဲ့ ကားမှောက်တာ ဘုရားမလို့ မသေခဲ့ဘူး၊၊ သူက တော်တော်ကိုလန့်သွားတာပါ၊၊ အလုပ်ထဲကနေ ခွင့်တစ်ပတ်တောင် ယူလိုက်ရတယ်၊၊ ကျနော်လဲ ကားစီးတိုင်း အမြ-ဲရင်တမမနဲ့ ဆုတောင်းနေရတယ်၊၊
    နှင်းတွေချစ်တယ်ဆိုတဲ့ သူငယ်ချင်းလေးကို မြင်စေချင်ပါတယ်၊၊ နှင်းတွေနဲ့ တစ်ပတ်လောက်များနေခိုင်းလိုက်ရင် ဘာများပြောမလဲလို့ပါ၊၊ ဒီလိုဆောင်းအချိန်မှာ အိမ်ကိုလွမ်းတယ်ဆိုတာတော့ နှိုင်းယှုဉ်ပြောပြစရာ မရှိပါဘူး၊၊ ဝါးရနံ့သင်းနေတဲ့ ကချင်မြေက ပေါင်းသင်းကြည်လဲ စားချင်တယ်၊၊ ခေါ်ပုပ်နဲ့ ဆံပြုတ်လေးလဲ သတိရမိတယ်၊၊ ခေါင်ရည်နဲ့ အမဲသား ကချင်ချက်ကတော့ ပြောစရာမလို နံပါတ်ဝမ်းပေါ့၊၊ ဘယ်တော့များမှ အိမ်ပြန်ရောက်နိူင်မလဲ မသိနိူင်သေးဘူး၊၊

Comments

Popular posts from this blog

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...

မင်္ဂလာပါ

ဒီ Blog လေးမှာ ပထမဦးဆုံး ပိုစ့်ကို Published လုပ်ခဲ့တာက 2010 ခုနှစ် သြဂုတ်လဆိုတော့ 12 နှစ် နီးပါး ရှိခဲ့ပြီပေါ့။ နောက်ဆုံးရေးခဲ့တဲ့ ပို့စ်ကျတော့ 2013 ခုနှစ် ဇူလိုင်လဆိုတော့ ဒီ Blog လေးနဲ့ အဆက်ပြတ်သွားခဲ့တာ 9 နှစ်ကျော်ကျော် ရှိခဲ့ပြီ။   စာရေးသူ အသက်က 20 ကျော် စွန်းစွန်းလေးနဲ့ အမေရိကား ရောက်လာခဲ့တဲ့အချိန်မှာ အိမ်လွမ်းတဲ့ ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရတာတွေကို ကုစားတဲ့အနေနဲ့ Blog ကို စရေးဖြစ်ခဲ့တယ်။ အဲ့ဒီအချိန်တုန်းက သာမန်ပြည်သူတွေအနေနဲ့ မြန်မာပြည်မှာ အင်တာနက်ကို တစ်နာရီ ၁၅၀၀ ကျပ်နဲ့ အင်တာနက်ကဖီးတွေမှာ တမေ့တမော သုံးနေရတဲ့ခေတ်ဆိုတော့ ပြည်တွင်းက လူတွေနဲ့ အရမ်းကြီး အဆက်အသွယ်တွေ လွယ်ကူမြန်ဆန်ခဲ့တာတော့ မဟုတ်ခဲ့ဘူး။   အဲ့ဒီကာလတွေတုန်းက များသောအားဖြင့်တော့ ပြည်ပနေ မြန်မာ Blogger တွေ အချင်းချင်းပဲ သူ့ blog ကိုယ့် blog သွားလည်ကြ၊ စာတွေဖတ်၊ Comment တွေ ရေးရင်းနဲ့ အထီးကျန်မှုတွေကို ဖြေဖျောက်ခဲ့ရတာတွေကို အသေအချာ မှတ်မိတယ်။ မနိုင်းနိုင်းစနေ၊ ကိုညီလင်းသစ်၊ မစန်းထွန်းနဲ့ သက်တန့်ချိုတို့ကိုတော့ အခုထိ သေသေချာချာကြီးကို မှတ်မိနေတုန်း။ နောက် အာဖရိကမှာ တာဝန်ကျတဲ့ မြန်မာဆရာဝန် Blogger...

ကမ္ဘာသစ်

သူငယ်ချင်းရေ     ငါတို့တွေ ကျောင်းပြီးကတည်းက မတွေ့ကြတော့ဘူးနော်၊၊ ကျောင်းတော်ကြီးတုန်းက ငါတို့တွေ အိပ်မက်တွေကိုယ်စီနဲ့ ဘဝအတွက် အုတ်မြစ်ကိုယ်စီ ချခဲ့ကြတယ်၊၊ တချို့တွေလဲ ကိုယ့်လမ်းကြောင်းပေါ် ကိုယ်စီလျှောက်လို့။ မမျော်လင့်ပဲနဲ့ ဘဝဆိုတဲ့ ပင်လယ်ကြီးက ငါတို့အတွက် ကျယ်ပြန့်လွန်းနေတယ်၊၊     သူငယ်ချင်းရေ မင်းမှတ်မိသေးလား၊၊ ငါတို့တွေ မွေးရပ်မြေ အတွက် အိပ်မက်ကိုယ်စီ မက်ခဲ့ကြတယ်လေ၊၊ မင်းဖြစ်ချင်ခဲ့တဲ့ အိပ်မက်တွေကို ငါအခုထိမှတ်မိနေတုန်းပဲ၊၊ ဆယ်ကျော်သက် စိတ်ကူးတွေနဲ့ ငါတို့တတွေ လောကကြီးကို လှပသွားအောင် ဆေးရောင်စုံ ချယ်ခဲ့ကြတယ်၊၊ လောဘဇောတိုက်တဲ့ လူတွေအကြောင်း ငါတို့တွေ ဝိုင်းပြီးရှုံ့ချခဲ့ကြတယ်လေ၊၊ အတ္တကြီးတဲ့ လူ့ငနဲတွေရဲ့ စိတ်ဓာတ်ကို ငါတို့တတွေ အံ့သြခဲ့ကြသေးတယ်၊၊     လောကကြီးက ငါတို့ထင်ထားတာထက် ပိုပြီးတော့ ရှုပ်ထွေးနေတယ်၊၊ ရံဖန်ရံခါကြတော့ ငါတို့ထင်ထားတဲ့ မှားယွင်းမှုတွေက လုပ်သင့်လုပ်ထိုက်တာတွေတဲ့၊၊ ငါတို့တွေအမြဲ ပြောဖြစ်ခဲ့တဲ့ ကိုယ်ခြင်းစာတရားက ပျော့ညံ့မှုတဲ့၊၊ သူငယ်ချင်းရယ် မိုးခါးရေတွေသောက်နေတဲ့ လူတွေကြားမှာ ငါတို့ရဲ့ သစ္စာတရားက အရောင်မလက်တော့တာ အမ...