အထည်ချုပ် စက်ရုံကြီးထဲက
ချည်မွေးညှပ် ကောင်မလေးရေ
မင်းရဲ့မြွေရေခွံ အိပ်အဟောင်းထဲမှာ
လုံခြုံမှုတွေ ကြည့်ကောင်းသေးရဲ့လား
ထမီတစ်ပတ်နွမ်းလေးကိုပဲ
အကြိမ်ကြိမ် အထပ်ထပ် ဆင်မြန်းရှာခဲ့ရ
သမ္မာအာဇီဝဆိုတာ
အနှစ်သာရအားဖြင့် လှပါရဲ့
ပရိုတိန်းဓာတ်တော့ကြွယ်ဝလိမ့်မယ် မဟုတ်ဘူး
နတ်ပြည်ခြောက်ထပ်ရဲ့ အဝေး
ရွှေမြို့တော်ကြီးရဲ့ အဝေးဆီက
ပူဆွေးနေတဲ့လယ်ကွင်းတွေကို မင်းထားခဲ့တယ်
တစ်ဘဝလုံး ပပ်ကြားအက်နေတဲ့
တောသူတောင်သား
မိဘမောင်ဘွားတွေကို မင်းထားခဲ့တယ်
ထနောင်းပင်ထန်းမြစ်နဲ့
သဲထဲ ရေသွန်နေ့ရက်တွေကို မင်းထားခဲ့တယ်
မင်းကတော့
အတောင်အလက်မစုံလင်ပဲ
တောင်ဒဂုံစက်မှုဇုန်ထဲမှာ
ဒဏ်ရာရ ငှက်ကလေးတစ်ကောင်လို တုန်ယင်လို့
ကြံုလီဖျော့တော့
မထူးတော့ပါဘူးလေ ဆိုပြီး
ကိုယ့်ဘဝကို အမျောမခံနဲ့
သံမဏိကြိုးတစ်ချောင်းလို အားတင်းထား
ကွန်ကရစ်တုံးကြီးတွေလို ကြံ့ကြံ့ခံ
လက်ဖြောင့်သေနတ်သမားရဲ့ကျည်ဆံလို
ဆုံးဖြတ်ချက်တွေ ဖြောင့်မတ်မှန်ကန်ပါစေ
ကမ္ဘာကြီးဟာ
အနိဌာရုံချည်းပဲ မဟုတ်ပါဘူး
လတ်ဆတ်တဲ့ သစ်သီးဝလံနဲ့
ပျော်စရာ သီချင်းသံတွေလည်းရှိတယ်ကွယ်
အဲဒီခါကျ မင်းဟာ
အိပ်မက်ကို ပုခက်လွဲရင်း
လောကကို နို့ချိုတိုက်ကျွေးခွင့်လည်းရှိ
အစားကောင်းမိခင်လည်း ဖြစ်ခွင့်ရှိ
အစစ်အမှန် ပျော်ရွှင်သာယာ ချမ်းမြေ့ခွင့်လည်းရှိ
အခွင့်အရေးမှန်သမျှ အကုန်ရှိပေရဲ့
အခုလို မိုးပြိုချိန်မှာတော့
ဒုက္ခကို သရုပ်ပြတင်ဆက်ရင်း မင်းရယ်မော
သောကို ကကြိုးဆင်ရင်း မင်းကခုန်
ဆေးရောင်စုံနဲ့ အနာဂတ်ကို မင်းယုံကြည်လိုက်ပါ
" ရှင်နေမင်း " ဟာ
ငါတို့ထင်သလို
အဝေးကြီး မဟုတ်ရပါဘူးကွာ၊၊
မိုဃ်းဇော်
ဒီကဗျာလေးဟာ ကျနော့်ဘဝရဲ့ နိမ့်ပါးချိန်များမှာ အားဆေးတစ်ခွက်ဖြစ်ခဲ့ပါတယ်၊၊ စာဖတ်သူရင်ထဲမှာ တစ်ခုခု ကျန်ရစ်ခဲ့မယ်ဆိုရင် ကဗျာရေးတဲ့ မိုဃ်းဇော် ကိုကျေးဇူးတင်လိုက်ကြပါစို့လား၊၊
ချည်မွေးညှပ် ကောင်မလေးရေ
မင်းရဲ့မြွေရေခွံ အိပ်အဟောင်းထဲမှာ
လုံခြုံမှုတွေ ကြည့်ကောင်းသေးရဲ့လား
ထမီတစ်ပတ်နွမ်းလေးကိုပဲ
အကြိမ်ကြိမ် အထပ်ထပ် ဆင်မြန်းရှာခဲ့ရ
သမ္မာအာဇီဝဆိုတာ
အနှစ်သာရအားဖြင့် လှပါရဲ့
ပရိုတိန်းဓာတ်တော့ကြွယ်ဝလိမ့်မယ် မဟုတ်ဘူး
နတ်ပြည်ခြောက်ထပ်ရဲ့ အဝေး
ရွှေမြို့တော်ကြီးရဲ့ အဝေးဆီက
ပူဆွေးနေတဲ့လယ်ကွင်းတွေကို မင်းထားခဲ့တယ်
တစ်ဘဝလုံး ပပ်ကြားအက်နေတဲ့
တောသူတောင်သား
မိဘမောင်ဘွားတွေကို မင်းထားခဲ့တယ်
ထနောင်းပင်ထန်းမြစ်နဲ့
သဲထဲ ရေသွန်နေ့ရက်တွေကို မင်းထားခဲ့တယ်
မင်းကတော့
အတောင်အလက်မစုံလင်ပဲ
တောင်ဒဂုံစက်မှုဇုန်ထဲမှာ
ဒဏ်ရာရ ငှက်ကလေးတစ်ကောင်လို တုန်ယင်လို့
ကြံုလီဖျော့တော့
မထူးတော့ပါဘူးလေ ဆိုပြီး
ကိုယ့်ဘဝကို အမျောမခံနဲ့
သံမဏိကြိုးတစ်ချောင်းလို အားတင်းထား
ကွန်ကရစ်တုံးကြီးတွေလို ကြံ့ကြံ့ခံ
လက်ဖြောင့်သေနတ်သမားရဲ့ကျည်ဆံလို
ဆုံးဖြတ်ချက်တွေ ဖြောင့်မတ်မှန်ကန်ပါစေ
ကမ္ဘာကြီးဟာ
အနိဌာရုံချည်းပဲ မဟုတ်ပါဘူး
လတ်ဆတ်တဲ့ သစ်သီးဝလံနဲ့
ပျော်စရာ သီချင်းသံတွေလည်းရှိတယ်ကွယ်
အဲဒီခါကျ မင်းဟာ
အိပ်မက်ကို ပုခက်လွဲရင်း
လောကကို နို့ချိုတိုက်ကျွေးခွင့်လည်းရှိ
အစားကောင်းမိခင်လည်း ဖြစ်ခွင့်ရှိ
အစစ်အမှန် ပျော်ရွှင်သာယာ ချမ်းမြေ့ခွင့်လည်းရှိ
အခွင့်အရေးမှန်သမျှ အကုန်ရှိပေရဲ့
အခုလို မိုးပြိုချိန်မှာတော့
ဒုက္ခကို သရုပ်ပြတင်ဆက်ရင်း မင်းရယ်မော
သောကို ကကြိုးဆင်ရင်း မင်းကခုန်
ဆေးရောင်စုံနဲ့ အနာဂတ်ကို မင်းယုံကြည်လိုက်ပါ
" ရှင်နေမင်း " ဟာ
ငါတို့ထင်သလို
အဝေးကြီး မဟုတ်ရပါဘူးကွာ၊၊
မိုဃ်းဇော်
ဒီကဗျာလေးဟာ ကျနော့်ဘဝရဲ့ နိမ့်ပါးချိန်များမှာ အားဆေးတစ်ခွက်ဖြစ်ခဲ့ပါတယ်၊၊ စာဖတ်သူရင်ထဲမှာ တစ်ခုခု ကျန်ရစ်ခဲ့မယ်ဆိုရင် ကဗျာရေးတဲ့ မိုဃ်းဇော် ကိုကျေးဇူးတင်လိုက်ကြပါစို့လား၊၊
Comments