Skip to main content

Posts

Showing posts from September, 2012

စာရေးသူရဲ့ ကျောင်း

ဘလောက်ဂါ စန်းထွန်းရေးတဲ့  Purdue သွား တောလား ဖတ်မိပြီးကတည်းက အဲဒီအကြောင်း ခေါင်းထဲကကို မထွက်တော့ဘူး။ မထွက်ဆို ကျွန်တော်က Purdue University ကို သွားဖို့ ရည်ရွယ်ပြီး ကြိုးစားနေတာ အချိန်လည်း မနည်းခဲ့တော့ဘူးလေ။ တိုက်ရိုက်ဝင်ခွင့်ဖြေဖို့ အတွက် အခက်အခဲ မရှိပေမယ့် ကျောင်းစရိတ်က အလွန်ပဲ ထောင်းလွန်းတယ်။ သူငယ်ချင်းတချို့ကတော့ အကြံပေးပါတယ် Loan ချေးပြီး ကျောင်းတက်ဖို့ပေါ့။ ဒါပေမယ့် တကယ်တွက်ကြည့်လိုက်ရင် ကျောင်းလည်းပြီးရော ဒေါ်လာ တစ်သိန်းလောက် အကြွေးတင်နေမယ့် ကိစ္စဆိ်ုတော့ သိပ်ပြီး စိတ်မပါလှဘူး။ ဒီလိုနဲ့ စာရေးသူဟာဖြင့် Ivy Tech Community College မှာ စျေးနှုန်းသက်သာစွာဖြင့် တက်ခွင့်ရသော Transfer Courses for Purdue University ကိုပဲ တက်ရင်း စိတ်ကူးထဲက နန်းတော်ကြီးကို အကောင်အထည်ဖော်နေရပါတော့တယ်၊၊ နောက်ဆုံးနှစ်နှစ်ကိုပဲ Purdue University သွားတက်မှာပါ၊၊ Community College ကနေ တဆင့်သွားခြင်းရဲ့ အားသာချက်ကတော့ ကျောင်းစရိတ် တစ်ဝက်ခန့်သက်သာပြီး အားနည်းချက်တွေကတော့ သက်ဆိုင်ရာ Elective Course တွေ ယူလို့ မရပါဘူး၊၊ General Study အတွက် လိုအပ်တဲ့ Course တွေကို Ivy Tech မှာပဲ  အပြီးယူဖို့ စဉ်းစားထားပါတယ...