Skip to main content

စာရေးသူရဲ့ ကျောင်း

ဘလောက်ဂါ စန်းထွန်းရေးတဲ့ Purdue သွား တောလား ဖတ်မိပြီးကတည်းက အဲဒီအကြောင်း ခေါင်းထဲကကို မထွက်တော့ဘူး။ မထွက်ဆို ကျွန်တော်က Purdue University ကို သွားဖို့ ရည်ရွယ်ပြီး ကြိုးစားနေတာ အချိန်လည်း မနည်းခဲ့တော့ဘူးလေ။ တိုက်ရိုက်ဝင်ခွင့်ဖြေဖို့ အတွက် အခက်အခဲ မရှိပေမယ့် ကျောင်းစရိတ်က အလွန်ပဲ ထောင်းလွန်းတယ်။ သူငယ်ချင်းတချို့ကတော့ အကြံပေးပါတယ် Loan ချေးပြီး ကျောင်းတက်ဖို့ပေါ့။ ဒါပေမယ့် တကယ်တွက်ကြည့်လိုက်ရင် ကျောင်းလည်းပြီးရော ဒေါ်လာ တစ်သိန်းလောက် အကြွေးတင်နေမယ့် ကိစ္စဆိ်ုတော့ သိပ်ပြီး စိတ်မပါလှဘူး။

ဒီလိုနဲ့ စာရေးသူဟာဖြင့် Ivy Tech Community College မှာ စျေးနှုန်းသက်သာစွာဖြင့် တက်ခွင့်ရသော Transfer Courses for Purdue University ကိုပဲ တက်ရင်း စိတ်ကူးထဲက နန်းတော်ကြီးကို အကောင်အထည်ဖော်နေရပါတော့တယ်၊၊ နောက်ဆုံးနှစ်နှစ်ကိုပဲ Purdue University သွားတက်မှာပါ၊၊ Community College ကနေ တဆင့်သွားခြင်းရဲ့ အားသာချက်ကတော့ ကျောင်းစရိတ် တစ်ဝက်ခန့်သက်သာပြီး အားနည်းချက်တွေကတော့ သက်ဆိုင်ရာ Elective Course တွေ ယူလို့ မရပါဘူး၊၊ General Study အတွက် လိုအပ်တဲ့ Course တွေကို Ivy Tech မှာပဲ  အပြီးယူဖို့ စဉ်းစားထားပါတယ်၊၊

Source: Google

 ဒီနေရာမှာ ကျောင်းစရိတ်အကြောင်းလေး နည်းနည်းပြောပြချင်ပါတယ်၊၊ College တွေ University တွေမှာ တော်တော်များများဟာဖြင့် ကျောင်းစရိတ် သုံးမျိုးခွဲထားပါတယ်၊၊ ကျောင်း ရှိရာ ပြည်နယ်ရဲ့ Resident ဖြစ်ရင်တော့ဖြင့် In State Tution Fees အနည်းဆုံးပေးရတတ်ပြီး တစ်ခြားပြည်နယ်ကဆိုရင်တော့ Out of State Fees ပေးရပါတယ်၊၊ အများအားဖြင့်တော့ Resident တွေထက် နှစ်ဆပိုပေးရလေ့ရှိပါတယ်၊၊ နောက်ဆုံး စျေးအကြီးဆုံးကတော့ International Student လို့ခေါ်တဲ့ ပြည်ပကလာတဲ့ ကျောင်းသားတွေကို ကောက်ခံတဲ့ နှုန်းပါ၊၊ Resident တွေထက် သုံးဆနီးပါးလောက် ပိုများပါတယ်၊၊ ပြည်နယ်ပြောင်းလာတဲ့ ကျွန်တော်ကတော့ Out of state fees ပေးရပါတယ် ခင်ဗျာ၊၊ စသိသိချင်းတော့ အမှန်တိုင်းပြောရရင် စိတ်လေသွားပါတယ်၊၊ ကိုယ့်ဖာသာကိုယ် ကြိုပြီးမလေ့လာထားတဲ့  အပြစ်ပါပဲ၊၊

Register ရုံးခန်းရှိတဲ့ ဝင်ပေါက်ပါ Source: Google

Ivy Tech Community College မှာ ကျောင်းသားစုစုပေါင်း 27,000 သင်ကြားနေကြပါတယ်၊၊
 AAS( Associate of Applied Science), AA( Associate of Art ), AS ( Associate of Science ) ဒီဂရီတွေကို ချီးမြင့်ပါတယ်၊၊ အမေရိကန်ကျောင်းသားတချို့တွေဟာ ဒီလို community college တွေမှာ နှစ်နှစ်တက်ပြီး University, Four year College တွေကို transfer လုပ်ကြပါတယ်၊၊ အဓိက အကြောင်းရင်းကတော့ ငွေကုန်ကြေးကျသက်သာလို့ပါ၊၊ ဒီနည်းလမ်းကို ရွေးချယ်ကြတဲ့သူတွေဟာ ကျောင်းပြီးသွားရင် ပြန်ဆပ်ရမယ့် အကြွေးဟာ 4 Year University တက်တဲ့ သူတွေလောက် မများတော့ပါဘူး ၊၊
အမေရိကန်ပြည်ထောင်စုမှာ အထက်တန်းအထိကို အခမဲ့ တက်ခွင့်ပေးထားပါတယ်၊၊ အဲဒါကြောင့်ပဲ University, College တွေ တက်ရင် မတန်တဆ စျေးကြီးလွန်းတာလားလို့ စဉ်းစားမိပါတယ်၊၊ ကမ္ဘာပေါ်မှာ စျေးအကြီးဆုံး  ပညာရေးကို ပိုင်ဆိုင်ထားတဲ့ အမေရိကန်နိူင်ငံဟာ ပြည်ပကနေ ပညာလာသင်တဲ့ ကျောင်းသားတွေဆီက မနည်းလှတဲ့ ဝင်ငွေတစ်ခုကို ရရှိထားပါတယ်၊၊ ဒါပေမယ့် ဒီနောက်ပိုင်းမှာ ပညာရှင်တွေစိုးရိမ်တာ တစ်ခုရှိပါတယ်၊၊ Professional ပညာရှင် လေးဦးမှာ တစ်ဦးဟာ  ပြည်ပမှာမွေးဖွားတဲ့ သူတွေဖြစ်နေတာပါပဲ၊၊ ကျွန်တော့်ရဲ့ အရင်ပိုစ်မှာ ပြောထားသလိုပါပဲ မိဘတွေနဲ့ ယဉ်ကျေးမှုတွေကြောင့်ပဲလို့ ထင်ပါတယ်၊၊ အမေရိကန်မိဘတွေဟာ သူတို့သားသမီးတွေကို စိတ်ကြိုက်လုပ်ပိုင်ခွင့်အပြည့်အဝ ပေးထားတဲ့အတွက်ကြောင့်မို့ ကလေးတွေဟာ သူတို့သန်ရာ ဝါသနာပါရာတွေကို လုပ်နေတာကြောင့်လည်း အကြောင်းတစ်ခုဖြစ်မှာပါ၊၊

ကျွန်တော်ကတော့ဖြင့် ဝါသနာပါတာတွေ အမြောက်အများရှိပေမယ့် ဦးနှောက်က အဲဒီအရာတွေကို ဦးစားမပေးသင့်ဘူးလို့  ထိန်းချုပ်နေတုန်းပါပဲ၊၊ ခက်ခက်ခဲခဲနဲ့ကျောင်းတက်ခွင့်ရပြီးမှတော့ music ၊ Social တို့လိုမေဂျာမျိုးကို ယူဖို့သတ္တိမရှိပါဘူး၊၊ ကျောင်းပြီးရင်အလုပ်မရနိူင်မှာစိုးလို့ပါ :)








Comments

တိမ်ပြာရေ
မရောက်တာကြာခဲ့ပြီနော်
နေကောင်းပါရဲ့လား
ရောက်တာနဲ့ပဲ အမေရိကန် ပညာရေးနဲ့ပတ်သက်တဲ့
ဗဟုသုတလေးတွေဖတ်ခဲ့တယ်
ကျနော်တို့ ဆီမှာလည်း university တက်တာနဲ့ အတော်လေး ဈေးကြီးသွားတယ်ဗျ၊ တစ်နှစ်တစ်နှစ်ကို ကျောင်းစရိတ်က မနည်းဘူး၊ အဝေးက လာတက်ရတဲ့ ကျောင်းသားဖြစ်လို့ အလုပ်ရနိုင်ခွင့် နည်းတဲ့ ဘာသာရပ်တွေကို စိတ်လိုက်မာန်ပါ မယူရဲတာ နားလည်လို့ ရပါတယ်ဗျာ..။ (စကားမစပ် ကျနော့်ရဲ့ ပို့စ်မှာ တိမ်ပြာရဲ့ ကော်မန့်က အရင်ဆုံး ပေးခဲ့ပေမယ့် စပန်းထဲ ရောက်နေခဲ့လို့ ကျနော်ပြန်ရေးတဲ့အခါ ပါမသွားခဲ့ဘူး၊ အခုမှ သိလို့ ထုတ်လိုက်ရတယ်၊ ဒီတစ်ခေါက်တော့ စိတ်မကောင်းပါဘူးဗျာ..)
San San Htun said…
အံမယ်..သူ့ ဘာသာ ရောဂါတက်တာ တူများပို့ စ်နဲ့  ဆိုင်ပါဘူးနော်..စတိတ်က တက္ကသိုလ် ဈေးကြီးချက်က ကိုယ့်တိုလိုနိုင်ငံတကာကျောင်းသားတွေက လျှာထွက်စေတယ်..စင်္ကာပူကတက္ကသိုလ်တွေလည်း ကောင်းတယ်ဗျ..

Popular posts from this blog

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...

မင်္ဂလာပါ

ဒီ Blog လေးမှာ ပထမဦးဆုံး ပိုစ့်ကို Published လုပ်ခဲ့တာက 2010 ခုနှစ် သြဂုတ်လဆိုတော့ 12 နှစ် နီးပါး ရှိခဲ့ပြီပေါ့။ နောက်ဆုံးရေးခဲ့တဲ့ ပို့စ်ကျတော့ 2013 ခုနှစ် ဇူလိုင်လဆိုတော့ ဒီ Blog လေးနဲ့ အဆက်ပြတ်သွားခဲ့တာ 9 နှစ်ကျော်ကျော် ရှိခဲ့ပြီ။   စာရေးသူ အသက်က 20 ကျော် စွန်းစွန်းလေးနဲ့ အမေရိကား ရောက်လာခဲ့တဲ့အချိန်မှာ အိမ်လွမ်းတဲ့ ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရတာတွေကို ကုစားတဲ့အနေနဲ့ Blog ကို စရေးဖြစ်ခဲ့တယ်။ အဲ့ဒီအချိန်တုန်းက သာမန်ပြည်သူတွေအနေနဲ့ မြန်မာပြည်မှာ အင်တာနက်ကို တစ်နာရီ ၁၅၀၀ ကျပ်နဲ့ အင်တာနက်ကဖီးတွေမှာ တမေ့တမော သုံးနေရတဲ့ခေတ်ဆိုတော့ ပြည်တွင်းက လူတွေနဲ့ အရမ်းကြီး အဆက်အသွယ်တွေ လွယ်ကူမြန်ဆန်ခဲ့တာတော့ မဟုတ်ခဲ့ဘူး။   အဲ့ဒီကာလတွေတုန်းက များသောအားဖြင့်တော့ ပြည်ပနေ မြန်မာ Blogger တွေ အချင်းချင်းပဲ သူ့ blog ကိုယ့် blog သွားလည်ကြ၊ စာတွေဖတ်၊ Comment တွေ ရေးရင်းနဲ့ အထီးကျန်မှုတွေကို ဖြေဖျောက်ခဲ့ရတာတွေကို အသေအချာ မှတ်မိတယ်။ မနိုင်းနိုင်းစနေ၊ ကိုညီလင်းသစ်၊ မစန်းထွန်းနဲ့ သက်တန့်ချိုတို့ကိုတော့ အခုထိ သေသေချာချာကြီးကို မှတ်မိနေတုန်း။ နောက် အာဖရိကမှာ တာဝန်ကျတဲ့ မြန်မာဆရာဝန် Blogger...

ကမ္ဘာသစ်

သူငယ်ချင်းရေ     ငါတို့တွေ ကျောင်းပြီးကတည်းက မတွေ့ကြတော့ဘူးနော်၊၊ ကျောင်းတော်ကြီးတုန်းက ငါတို့တွေ အိပ်မက်တွေကိုယ်စီနဲ့ ဘဝအတွက် အုတ်မြစ်ကိုယ်စီ ချခဲ့ကြတယ်၊၊ တချို့တွေလဲ ကိုယ့်လမ်းကြောင်းပေါ် ကိုယ်စီလျှောက်လို့။ မမျော်လင့်ပဲနဲ့ ဘဝဆိုတဲ့ ပင်လယ်ကြီးက ငါတို့အတွက် ကျယ်ပြန့်လွန်းနေတယ်၊၊     သူငယ်ချင်းရေ မင်းမှတ်မိသေးလား၊၊ ငါတို့တွေ မွေးရပ်မြေ အတွက် အိပ်မက်ကိုယ်စီ မက်ခဲ့ကြတယ်လေ၊၊ မင်းဖြစ်ချင်ခဲ့တဲ့ အိပ်မက်တွေကို ငါအခုထိမှတ်မိနေတုန်းပဲ၊၊ ဆယ်ကျော်သက် စိတ်ကူးတွေနဲ့ ငါတို့တတွေ လောကကြီးကို လှပသွားအောင် ဆေးရောင်စုံ ချယ်ခဲ့ကြတယ်၊၊ လောဘဇောတိုက်တဲ့ လူတွေအကြောင်း ငါတို့တွေ ဝိုင်းပြီးရှုံ့ချခဲ့ကြတယ်လေ၊၊ အတ္တကြီးတဲ့ လူ့ငနဲတွေရဲ့ စိတ်ဓာတ်ကို ငါတို့တတွေ အံ့သြခဲ့ကြသေးတယ်၊၊     လောကကြီးက ငါတို့ထင်ထားတာထက် ပိုပြီးတော့ ရှုပ်ထွေးနေတယ်၊၊ ရံဖန်ရံခါကြတော့ ငါတို့ထင်ထားတဲ့ မှားယွင်းမှုတွေက လုပ်သင့်လုပ်ထိုက်တာတွေတဲ့၊၊ ငါတို့တွေအမြဲ ပြောဖြစ်ခဲ့တဲ့ ကိုယ်ခြင်းစာတရားက ပျော့ညံ့မှုတဲ့၊၊ သူငယ်ချင်းရယ် မိုးခါးရေတွေသောက်နေတဲ့ လူတွေကြားမှာ ငါတို့ရဲ့ သစ္စာတရားက အရောင်မလက်တော့တာ အမ...