၂၀၁၀ ခုနှစ်က သွားဖြစ်ခဲ့တဲ့ ဝါရှင်တန်ပြည်နယ်ထဲက တောင်ပေါ်ရွာလေးတစ်ရွာအကြောင်း ပြောပြချင်ပါတယ်၊၊ Holden Village လို့ အမည်တွင်တဲ့ ဒီရွာကလေးဟာ ခရစ်ယန်အသင်းတော်ကြီးတစ်ခုဖြစ်တဲ့ Lutheran Church ပိုင်ဆိုင်တဲ့ အပန်းဖြေရာ တောင်ကြားလေးတစ်ခု ဖြစ်ပါတယ်၊၊ ဟိုးအရင်တစ်ချိန်တုန်းကတော့ ဒီရွာကလေးဟာ သတ္တုတွေထုတ်ယူခဲ့တဲ့ မိုင်းတွင်းကြီးတစ်ခုဖြစ်ခဲ့ဖူးပါတယ်၊၊ မိုင်းလုပ်သားမိသားစုဝင်တွေ ပထမဦးဆုံး အခြေချနေထိုင်ခဲ့တဲ့ ရွာကလေးတစ်ရွာလို့ ခေါ်ရင်လည်း မမှားပါဘူး၊၊ အဲဒီကို ရောက်ဖြစ်ခဲ့မယ်ဆိုရင်ဖြင့် မိုင်းလုပ်သားတွေရဲ့ ဓါတ်ပုံတွေကို နေရာအနှံ့မှာ တွေ့ရှိနိူင်ပါတယ်၊၊ ဒီပိုစ်မှာတော့ ကျွန်တော်သွားခဲ့တဲ့ ခရီးစဉ်ထဲက အတွေ့အကြုံတွေကို ဝေမျှချင်ပါတယ်နော်၊၊ တချို့ပုံတွေကတော့ ကျွန်တော့်အပိုင်ဖြစ်ပြီး တချို့ပုံတွေကတော့ Google ကနေ ရှာပြီး ယူလာတာပါ :) ကိုယ်ပြောပြချင်တဲ့ အပိုင်းမှာ ကွက်တိဖြစ်မယ့် ပုံတွေ ရိုက်မလာခဲ့မိဘူးလေ၊၊
Holden Village ကိုသွားရတဲ့ခရီးကတော့ ကုန်းကြောင်းရော ရေကြောင်းပါ ပါဝင်ပါတယ်၊၊ ကျွန်တော်နေခဲ့တဲ့ မြို့ကလေးကနေ လေးနာရီနီးပါး ကားမောင်းပြီး ရေဆိပ်ကို သွားရပါတယ်၊၊ အဲဒီကမှ တစ်ခါပြန်ပြီး သင်္ဘော စီးပြီး Lake Chelan လို့ ခေါ်တဲ့ ရင်သပ်ရှုမောစရာကောင်းတဲ့ ရေကန်ကြီးကို ဖြတ်သန်းသွားရပါတယ်၊၊ ရေကန်လို့ ခေါ်ပေမယ့် မြစ်တစ်စင်းနဲ့ပဲ ပိုပြီးတူပါတယ်၊၊ ဘာကြောင့်လည်းဆိုတော့ တောင်ကြားတစ်လျှောက် တည်ရှိပြီး အလျားရှည် အနံတိုတဲ့ သဏ္ဍန်ကို ပိုင်ဆိုင်ထားတဲ့အတွက် ရေကန်နဲ့သိပ်မတူပဲ မြစ်ငယ်တစ်စင်းနဲ့ ပိုတူတယ်လို့ ပြောတာပါ၊၊
သင်္ဘောကတော့ နှစ်ထပ်သင်္ဘောပါ၊၊ စားသောက်ခန်းကတော့ အောက်ထပ်မှာပါ၊၊ အစကတော့ လှိုင်းမူးမယ်လို့ ထင်ပြီး တော်တော်ကြောက်နေခဲ့တာ၊၊ အဲဒီနေ့က လေကလည်း ငြိမ်တော့ သင်္ဘောက သိပ်ပြီး မလူးလို့ ခေါင်းမူးရမယ့်ဒဏ်ကနေ လွတ်သွားပါတယ်၊၊
သင်္ဘောနောက်မြီးကနေ ကြည့်လိုက်ရင် တွေ့ရတဲ့ ဖြူဖွေးနေတဲ့ ရေလှိုင်းငယ်လေးတွေက အရမ်းကို ကြည်နူးဖို့ကောင်းပါတယ်၊၊ ကျွန်တော်သွားခဲ့တာ ဇူလိုင်လ၊ ဒီမှာဆိုရင်တော့ နွေရာသီပေါ့၊၊ ဒါပေမယ့် တောင်ထိပ်တွေမှာ နှင်းတွေဖုံးနေသေးတယ်လေ၊၊
တစ်နာခွဲလောက် သင်္ဘောစီးပြီးရင်တော့ဖြင့် ရေကန်ကြီးရဲ့ အဆုံးကို ရောက်ပါတယ်၊၊ ရောက်တာနဲ့ ရွာကလေးကို တွေ့ရတော့မယ် ထင်တာ ဘယ်ဟုတ်ပါ့မလဲ၊၊ ကျောင်း ဘတ်စ်ကားနဲ့တူတဲ့ ဘတ်စ်ကားဝါဝါကြီး သုံးစီးက အိန္ဒြေတခွဲသားကြီးနဲ့ စောင့်နေတာကို ဘွားခနဲ မြင်လိုက်ရတော့မှ ဟ မလွယ်ပါလား ဒီခရီး ဆိုပြီး ကိုယ့်ဖာသာကိုယ် ရေရွတ်မိပါတယ်၊၊ ဒီလိုနဲ့ ကားပေါ်တက် နေရာယူပြီး ဇိမ်နဲ့ တရေးမှေးမယ်လို့ ကြံခါရှိသေး လမ်းတွေက ကိုယ့်ဖာသာကိုယ် ဖောက်ထားတဲ့ မြေကြမ်းလမ်းဆိုတော့ ဖုန်တွေက တထောင်းထောင်းနဲ့ နှာခေါင်းတွေပိတ် ပါးစပ်တွေပိတ်လိုက်ရသေးတယ်၊၊ အမေရိကန်တွေကို ကြည့်တော့ ဘာမှမဖြစ်သလို ရယ်ရယ်မောမော စကားတွေ ဖောင်ဖွဲ့လို့၊၊ ကိုယ့်မှာသာ ဖုန်အလိမ်းလိမ်းနဲ့ မနေတတ် မထိုင်တတ်ဖြစ်နေမိတာ၊၊
လမ်းကတော့ တောင်ကိုပတ်ပြီး ဖောက်ထားတာမို့ ကားစီးရင်းနဲ့ ဘုရားတသသ လုပ်လိုက်သေးတယ်၊၊ တရုတ်ပြည်သွားတုန်းက လိုင်ဇာ ယင်းကျန်းလမ်းကို တော်တော်ကြောက်ဖို့ကောင်းတယ်ထင်ခဲ့တာ ဒီမှာကျတော့ ဘတ်စ်ကားအကြီးကြီးနဲ့တောင် ဟောခနဲ ရှောခနဲ မောင်းနိူင်ကြတယ်၊၊ အောက်ကပုံလေးကတော့ ရွာကလေးထဲကိုအဝင် ကားဆိုက်တဲ့နေရာပေါ့၊၊ ကားတစ်စီးဆိုက်ပြီဆိုတာနဲ့ အရင်ရောက်နှင့်နေတဲ့ ဧည့်သည်တွေက လက်ခုပ်လက်ဝါးတွေတီးပြီး ဝမ်းသာအားရနဲ့ ကြိုဆိုကြပါတယ်၊၊ Holden Village ရဲ့ ထူးခြားချက်ကတော့ ဝန်ထမ်းတွေအားလုံးဟာ စေတနာ့ ဝန်ထမ်းတွေပါ၊၊ အကျိုးအမြတ်အတွက် လာကြတာမဟုတ်ပဲ မိမိနိူင်ရာ တာဝန်တွေကို ကူညီပေးဖို့ တစ်လတန်သည်၊ တစ်ပတ်တန်သည် ဆိုပြီး လာရောက်လုပ်အားပေးကြတာပါ၊၊ ကျွန်တော်ကိုယ်တိုင်ကလည်း ကျောင်းကသူငယ်ချင်းတွေနဲ့အတူတူ တောင်တက်လမ်းလေးတွေကို ခြံုရှင်းပေးဖို့ ရောက်လာခဲ့တာပါ၊၊
ဒီပုံတွေကတော့ ကျွန်တော်တို့အဖွဲ့ ခြံုရှင်းဖို့သွားတဲ့ လမ်းတစ်လျှောက်ရိုက်ထားဖြစ်တဲ့ပုံတွေပါ၊၊
ဘေးပတ်လည်က လူသွားလမ်းနဲ့ မလွတ်တဲ့ သစ်ကိုင်းငယ်တွေကို ကပ်ကျေးကြီးနဲ့ လိုက်ညှပ်ပေးရပါတယ်၊၊ အဲဒီနေ့က နေကတော်တော်ပူပါတယ်၊၊ အဲဒါကြောင့်မို့ အားလုံးလိုလို နေလောင်ခံရပါတယ်၊၊ အာဖရိကန် သူငယ်ချင်းတွေတော့ နေလောင်ဒဏ်ရာ သိပ်ပြီး မသိသာပါဘူး :)
တောင်တက်လမ်းတစ်လျှောက် မြေညှိနေကြတာ၊၊
လမ်းခုလတ်အရောက် လမ်းပြဆိုင်းဘုတ်လေးကို စိတ်ဝင်တစား ဖတ်မိပါတယ်၊၊ သစ်သားပြားပေါ်မှာ စာလုံးတွေကို မီးနဲ့ထွင်းထားတာမို့ မမြင်ဖူးတဲ့ ကျွန်တော့်အတွက် အထူးအဆန်း ဖြစ်လို့နေပါတယ်၊၊
တစ်နေ့တာ အပြီး အိပ်စက်နားခိုရာ မြေစိုက်တဲလေးဆီ ပြန်ကြပြီ၊၊ ကျွန်တော်တို့ တည်းတဲ့ မြေစိုက်တဲလေးကို ဓါတ်ပုံရိုက်မထားမိလိုက်ဘူး၊၊ အဲဒီတဲလေးက ထမင်းစားဆောင်၊ ပင်မဆောင်တွေရှိတဲ့နေရာကနေ ဆယ်မိနစ်သာသာ လမ်းလျှောက်ရပါတယ်၊၊ လျှပ်စစ်မီးမရှိ၊ တယ်လီဖုန်းလိုင်းမရှိ၊ အင်တာနက်မရှိတဲ့ ဒီရွာကလေးဟာ မြို့ ပြကြီးရဲ့ ဖိစီးမှုတွေအောက်ကနေ ရုန်းထွက်ဖို့ အကောင်းဆုံးနေရာတစ်ခုပါပဲ၊၊ အရေးပေါ် ကျန်းမာရေးအခြေအနေဖြစ်ခဲ့လို့ရှိရင် ရဟတ်ယာဉ်နဲ့ လာခေါ်ပေးပါတယ်၊၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ အရေးကြီးတဲ့ နေရာလေးတစ်ခုပါပဲ၊၊ တစ်ချိန်တုန်းက ကြေးနီမိုင်းတွင်းကြောင့် ပျက်စီးသွားတဲ့ ဒီနေရာတဝိုက်ကို ပြန်ပြီးတော့ ပြုစုပျိုးထောင်ပေးရာမှာ Holden Village လေးက တစ်တပ်တစ်အား ပါဝင်နေခဲ့တာပါ၊၊

ထမင်းစားဆောင်ပါ၊၊
ဒါကတော့ ထမင်းစားဆောင်ရဲ့အနောက်ဘက်က လူနေဆောင်ပါ၊၊ ပိုက်အစိမ်းရောင်ရှိတဲ့ အဆောက်အဦးက ထမင်းစားဆောင်ပါ၊၊ အဲဒီမြက်ခင်းတွေပေါ်မှာ ဒီတိုင်းထိုင်ချပြီး ညစာစားခဲ့တဲ့ ညနေခင်းတွေလည်း ရှိခဲ့တယ်၊၊ ကျွန်တော်တို့နေတဲ့ မြေစိုက်တဲက အဲဒီအဆောင်ရဲ့ အနောက်ဘက်မှာ ရှိတယ်၊၊
သမင်လား ဒရယ်လား သေချာမသိဘူး၊၊ အဲဒီအကောင်တွေက လူတွေနဲ့ တော်တော်ယဉ်ပါးနေပြီ၊၊ ရွာထဲကို ဝင်ဝင်လာတတ်တယ်၊၊
ဒါကတော့ နောက်ဆုံးရောက်ခဲ့တဲ့ Lake Helen ပါ၊၊ ကန်နံဘေးမှာ တစ်ရေးတောင် အိပ်ခဲ့ပါသေးတယ်၊၊ တောင်အတက်မှာ သုံးနာရီလောက် ကြာပေမယ့် အဆင်းမှာတော့ မိနစ်လေးဆယ်လောက်ပဲ ကြာပါတယ်၊၊
ကျွန်တော့်အတွက်တော့ မမေ့နိူင်တဲ့ ခရီးစဉ်တစ်ခုပါပဲ၊၊ အဲဒီခရီးစဉ်ကြောင့်ပဲ အချစ်ဆုံးသူငယ်ချင်းတစ်ယောက် ရခဲ့သလို ယဉ်ကျေးမှုပေါင်းစုံနဲ့လည်း မြည်းစမ်းခွင့်ရခဲ့တယ်၊၊ တစ်နေ့တော့ နောက်တစ်ခေါက် ပြန်ပြီး ရောက်ဖြစ်မယ် ထင်ပါတယ်၊၊
အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ၊၊
Comments