စာရေးသူတစ်ယောက်တော့ မြန်မာပြည်က ပြန်လာတာနဲ့ အလုပ်တွေ ကမောက်ကမကို ဖြစ်တော့တာပါပဲ၊၊ အရင်လုပ်ခဲ့တဲ့ Company မှာ မြန်မာပြည်ပြန်ဖို့ ခွင့်တစ်လ တောင်းပါတယ်၊၊ ဒါပေမယ့် ကျနော်က လုပ်သက် တစ်နှစ်မပြည့်သေးလို့ company policy အရ ခွင့်ပေးလို့ မရပါဘူးတဲ့၊၊ အမျိုးမျိုး လိုက်ပြီး ညှိကြည့်ပါသေးတယ်၊၊ ဘယ်လိုမှ မတတ်နိူင်တဲ့အဆုံး နှုတ်ထွက်စာ တင်ပြီး ထွက်ခဲ့ရတာပါ၊၊ မှတ်မှတ်ရရ နောက်ဆုံးအလုပ်ဆင်းတဲ့ရက်မှာ Department မန်နေဂျာနဲ့ Factory မန်နေဂျာချုပ်ကြီးက လာပြီးနှုတ်ဆက်ပါတယ်၊၊ ကျနော့်ကို ခွင့်မပေးနိူင်တဲ့အတွက် ဝမ်းနည်းပါကြောင်း၊ မြန်မာပြည်က ပြန်လာတာနဲ့ ချက်ချင်း ပြန်လာပြီး အကြောင်းကြားပါဆိုတဲ့အကြောင်း လာပြီးပြောတော့ ကျနော်လည်း တော်တော် စိတ်ချမ်းသာသွားပါတယ်၊၊ မြန်မာပြည်ခရီးကလည်း လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက ကြိုတင် ပြင်ဆင်ထားတာဆိုတော့ ဖျက်လိုက်ဖို့ကလည်း မဖြစ်နိူင်ဘူးလေ၊၊ ဒီလိုနဲ့ စိတ်အေးလက်အေး မြန်မာပြည်ကို ပြန်တာပေါ့၊၊ တစ်လကြာပြီးနောက်တော့ ကျနော် ပြန်ရောက်လာပါပြီ၊၊ ရောက်တာက ဗုဒ္ဓဟူးနေ့ဆိုတော့ ကျန်တဲ့တစ်ပတ်လုံး အနားယူလိုက်သေးတယ်၊၊ နေ့နဲ့ညက မှားနေတုန်းဆိုတော့၊၊ နောက်အပတ် အင်္ဂါနေ့ရောက်တော့ ရုံးကိုသွားပြီး...
စိတ်ကူးတည့်ရာ အတွေးများနဲ့ ဘဝဖြောင့်ကြောင်း တစေ့တစောင်း