ဒီ Blog လေးမှာ ပထမဦးဆုံး ပိုစ့်ကို Published လုပ်ခဲ့တာက 2010 ခုနှစ် သြဂုတ်လဆိုတော့ 12 နှစ် နီးပါး ရှိခဲ့ပြီပေါ့။ နောက်ဆုံးရေးခဲ့တဲ့ ပို့စ်ကျတော့ 2013 ခုနှစ် ဇူလိုင်လဆိုတော့ ဒီ Blog လေးနဲ့ အဆက်ပြတ်သွားခဲ့တာ 9 နှစ်ကျော်ကျော် ရှိခဲ့ပြီ။ စာရေးသူ အသက်က 20 ကျော် စွန်းစွန်းလေးနဲ့ အမေရိကား ရောက်လာခဲ့တဲ့အချိန်မှာ အိမ်လွမ်းတဲ့ ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရတာတွေကို ကုစားတဲ့အနေနဲ့ Blog ကို စရေးဖြစ်ခဲ့တယ်။ အဲ့ဒီအချိန်တုန်းက သာမန်ပြည်သူတွေအနေနဲ့ မြန်မာပြည်မှာ အင်တာနက်ကို တစ်နာရီ ၁၅၀၀ ကျပ်နဲ့ အင်တာနက်ကဖီးတွေမှာ တမေ့တမော သုံးနေရတဲ့ခေတ်ဆိုတော့ ပြည်တွင်းက လူတွေနဲ့ အရမ်းကြီး အဆက်အသွယ်တွေ လွယ်ကူမြန်ဆန်ခဲ့တာတော့ မဟုတ်ခဲ့ဘူး။ အဲ့ဒီကာလတွေတုန်းက များသောအားဖြင့်တော့ ပြည်ပနေ မြန်မာ Blogger တွေ အချင်းချင်းပဲ သူ့ blog ကိုယ့် blog သွားလည်ကြ၊ စာတွေဖတ်၊ Comment တွေ ရေးရင်းနဲ့ အထီးကျန်မှုတွေကို ဖြေဖျောက်ခဲ့ရတာတွေကို အသေအချာ မှတ်မိတယ်။ မနိုင်းနိုင်းစနေ၊ ကိုညီလင်းသစ်၊ မစန်းထွန်းနဲ့ သက်တန့်ချိုတို့ကိုတော့ အခုထိ သေသေချာချာကြီးကို မှတ်မိနေတုန်း။ နောက် အာဖရိကမှာ တာဝန်ကျတဲ့ မြန်မာဆရာဝန် Blogger...
စိတ်ကူးတည့်ရာ အတွေးများနဲ့ ဘဝဖြောင့်ကြောင်း တစေ့တစောင်း