Skip to main content

Posts

Showing posts from October, 2010

ဖြစ်သင့်တာလား

ဒီနေ့တော့ အချိန်တော်တော်ကြာအောင ်စဉ်းစားမိတဲ့ အကြောင်းလေးတစ်ခုကိုရေးဖို့ ဆုံးဖြတ်မိတယ်၊၊ "ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုဦးစားပေးပါ" ဆိုတဲ့ စကားလေးကိုလူတိုင်းကြားဖူးကြမှာပါ၊၊ ကျနော်ကိုယ်တိုင်လဲ အဲဒီ စကားလေးကို အရမ်းနှစ်သက်ခဲ့တာပါ၊၊ ဘဝတစ်လျှောက်လုံးမှာ ဖြစ်ချင်တာတွေ လုပ်ခဲ့ဖူးပေမယ့် ဖြစ်သင့်တာကို အများအားဖြင့်လုပ်ခဲ့တယ်၊၊ ပြောချင်တာက "ဖြစ်သင့်တာ"ဆိုတာ ဘယ်အရာကိုပြောတာလဲဆိုတာပါပဲ၊၊ ကျနော်တို့ မြို့ကလေးမှာ ကျနော်ကျင်လည်ခဲ့ရတဲ့ ပတ်ဝန်းကျင်ကလေးထဲမှာ မိဘတွေက သားသမီးတွေကို ဘာသာစုံဂုဏ်ထူးနဲ့ အောင်စေချင်တတ််ကြပြီး ဆရာဝန်ကြီး ဖြစ်စေချင်တတ်ကြတယ်၊၊ ဒါဟာမိဘတွေရဲ့ သားသမီးတွေကို အခြေတင့်စေချင်တဲ့ မေတ္တာပါ၊၊ ဒီအထိ မမှားသေးပါဘူး၊၊ ဘဝအတွက်အာမခံကောင်းကောင်း ရှိတဲ့ အလုပ်မျိုးကိုရွေးချယ်တယ်ဆိုတာ မှန်သင့်သလောက်မှန်ပါတယ်၊၊ ကျနော် ဖတ်ဖူးတာလေးတစ်ခုကိုပြောပါရစေ၊၊ နာမည်ကိုတော့မမှတ်မိပါဘူး၊၊ သူကအမေရိကန်နိူင်ငံကပါ၊၊ သူငယ်စဉ် ဘဝကတည်းကဂီတကိုအရမ်းဝါသနာပါ ပါတယ်၊၊သူရည်ရွယ်ချက်က သံစုံတီးဝိုင်းကြီးမှာ Conductor ဖြစ်ချင်ခဲ့တာပါ၊၊ ဒါပေမယ့် သူ့မိသားစုက အာမခံချက်မရှိတဲ့ ဒီလောကထဲကို မဝင်စေချင်ခဲ့ပါဘူး၊၊ စာ...

မောင်သိန်းစိန်သို့

ရွှေနိူင်ငံကြီးပါတဲ့ ဆန်ရေစပါးပေါကြွယ်ဝလို့ ဆင်းရဲမွဲတေ မှု့ကိုတိုက်ဖျက်နေပါသတဲ့ ကမ္ဘာအလယ်ဒီစကား မျက်စိမှိတ်ပြီးယုံလိုက်ချင်ပေမဲ့ ဗိုက်ပူနံကား ကလေးငယ်တွေ အတွေးထဲမှာမြင်နေတုန်းပဲ ညနက်မဲမှောင် ဖယောင်းတိုင်တွေ ရောင်းကောင်းတုန်းပဲ၊၊ တဲပုတ်ငယ်တွေသက်ကယ်မိုးတွေ ွမိုးနေရတုန်းပဲ၊၊ မောင်သိန်းစိန်ရယ်.... အသံသာမြည်တဲ့သင်္ကြန်အမြောက်လို အဆံမပါပဲ ဟစ်နေလို့လဲ မောယုံပါပဲ၊၊ အရှက်ကိုသာလုံအောင်ဖုံးပြီး ကြိုးစင်တက်ဖို့သာ ပြင်ထားပေတော့၊၊