Skip to main content

ဖြစ်သင့်တာလား

ဒီနေ့တော့ အချိန်တော်တော်ကြာအောင ်စဉ်းစားမိတဲ့ အကြောင်းလေးတစ်ခုကိုရေးဖို့ ဆုံးဖြတ်မိတယ်၊၊
"ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုဦးစားပေးပါ" ဆိုတဲ့ စကားလေးကိုလူတိုင်းကြားဖူးကြမှာပါ၊၊ ကျနော်ကိုယ်တိုင်လဲ အဲဒီ စကားလေးကို အရမ်းနှစ်သက်ခဲ့တာပါ၊၊ ဘဝတစ်လျှောက်လုံးမှာ ဖြစ်ချင်တာတွေ လုပ်ခဲ့ဖူးပေမယ့် ဖြစ်သင့်တာကို အများအားဖြင့်လုပ်ခဲ့တယ်၊၊ ပြောချင်တာက "ဖြစ်သင့်တာ"ဆိုတာ ဘယ်အရာကိုပြောတာလဲဆိုတာပါပဲ၊၊

ကျနော်တို့ မြို့ကလေးမှာ ကျနော်ကျင်လည်ခဲ့ရတဲ့ ပတ်ဝန်းကျင်ကလေးထဲမှာ မိဘတွေက သားသမီးတွေကို ဘာသာစုံဂုဏ်ထူးနဲ့ အောင်စေချင်တတ််ကြပြီး ဆရာဝန်ကြီး ဖြစ်စေချင်တတ်ကြတယ်၊၊ ဒါဟာမိဘတွေရဲ့ သားသမီးတွေကို အခြေတင့်စေချင်တဲ့ မေတ္တာပါ၊၊ ဒီအထိ မမှားသေးပါဘူး၊၊ ဘဝအတွက်အာမခံကောင်းကောင်း ရှိတဲ့ အလုပ်မျိုးကိုရွေးချယ်တယ်ဆိုတာ မှန်သင့်သလောက်မှန်ပါတယ်၊၊

ကျနော် ဖတ်ဖူးတာလေးတစ်ခုကိုပြောပါရစေ၊၊ နာမည်ကိုတော့မမှတ်မိပါဘူး၊၊ သူကအမေရိကန်နိူင်ငံကပါ၊၊ သူငယ်စဉ် ဘဝကတည်းကဂီတကိုအရမ်းဝါသနာပါ ပါတယ်၊၊သူရည်ရွယ်ချက်က သံစုံတီးဝိုင်းကြီးမှာ Conductor ဖြစ်ချင်ခဲ့တာပါ၊၊ ဒါပေမယ့် သူ့မိသားစုက အာမခံချက်မရှိတဲ့ ဒီလောကထဲကို မဝင်စေချင်ခဲ့ပါဘူး၊၊ စာကောင်းကောင်းကြိုးစားပြီး ရာထူးကြီးကြီးနေရာမှာ တာဝန်ထမ်းခိုင်းဖို့ ရွေးချယ်စေခဲ့တယ်၊၊ ဒီလိုနဲ့သူ ဘဏ်လုပ်ငန်းထဲမှာ လစာခပ်မြင့်မြင့်နဲ့ သူ့ဘဝကိုဖြတ်သန်းခဲ့တာသူ့အသက် ၅၀ ကျော်အထိပါ၊၊ ဒါပေမဲ့ သူဒီဘဝထဲမှာ မပျော်နိူင်ခဲ့ပါဘူး၊၊သူ့ရဲ့အိပ်မက်တွေထဲမှာ သံစုံတီးဝိုင်းကြီးကို မက်နေတုန်းပါပဲ၊၊ သူ့အတွေးတွေထဲမှာ conductor အဖြစ်ကိုမြင်ယောင်နေတုန်းပါပဲ၊၊ နောက်ဆုံးမှာတော့  သူ့ရဲ့ ရာထူးက ုိ စွန့်လွတ်လိုက်ပြီး  ဂီတလောကထဲကိုဝင်လိုက်ပါတော့တယ်၊၊ Conductor အဖြစ်နဲ့ရတဲ့သူ့ဝင်ငွေက အရင်လုပ်ငန်းကဝင်ငွေနဲ့နှိုင်းယှဉ် လို့မရပါဘူး၊၊

ဒါပေမယ့် တစ်ဘဝလုံး ရှာခဲ့ရတဲ့သူ့ရဲ့ပျော်ရွှင်မှု့ကို တီးဝိုင်းထဲမှာ သူရှာဖွေတွေ့ရှိခဲ့တဲ့ နောက်ပိုင်းမှာတော့ သူ့ရဲ့ဆုံးဖြတ်ချက်အတွက် သူနောင်တမရခဲ့ပါဘူး၊၊ "ရာထူး နဲ့ ငွေ" ထက်အရေးကြီးတာက   ုိ သူရှာ  တွေ့ခဲ့ပါတယ်၊၊
တခါတလေ ဖြစ်သင့်တာအတွက် ပျော်ရွှင်မှုနဲ့ချမ်းမြေ့မှုတွေ တစ်ဘဝလုံးစာပျောက်ဆုံးသွားမယ်ဆိုရင် ဘာမှ အဓိပ္ပါယ်မရှိပါဘူး၊၊
ကျနော်ကတော့ ဖြစ်သင့်တာကိုလုပ်ရင်းနဲ့ပ ဲဖြစ်ချင်တာတွေအတွက် အချိန်ပေးချင်ပါတယ်၊၊

Comments

Popular posts from this blog

ကျန်းမာရေးစောင့်ရှောက်မှုစနစ်

အမိမြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြည်သူတွေတော်တော်များများက လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ မြင်ကြပါတယ်၊၊ မြင်တဲ့အတိုင်းလည်း မှန်ကန်တယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်၊၊ အိမ်နီးနားချင်း  ယိုးဒယားပြည်က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နှိုင်းယှဉ်ပြီး အမိနိူင်ငံရဲ့ ကျန်းမာရေးစနစ်ကို မချင့်မရဲ ဖြစ်နေကြတဲ့သူတွေလည်း တပုံတပင်ကြီးပါ၊၊ ကျွန်တော်ဟာ ယိုးဒယားပြည်ကို  မရောက်ခဲ့ဖူးပေမယ့် သူငယ်ချင်းမိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးကြောင့် ယိုးဒယားနိူင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို တစွန်းတစ မြင်တွေ့ခွင့်ရခဲ့ပါတယ်၊၊ အဖြစ်အပျက်က ဒီလိုပါ၊၊ ကျွန်တော့်ရဲ့ မိတ်ဆွေအမျိုးသမီးဟာ ဘန်ကောက်မြို့ရဲ့ လမ်းကြားတစ်နေရာမှာ ကားအတိုက်ခံရပါတယ်၊၊ တိုက်တဲ့လူက တာဝန်မယူပဲ  တစ်ခါတည်းကို ထွက်ပြေးသွားပါတယ်၊၊ သူမဟာ သွေးအိုင်ထဲမှာ မိနစ်တော်တော်ကြာ လဲကျနေခဲ့တယ်၊၊ ကံကောင်းထောက်မစွာပဲ ထိုင်းအမျိုးသမီးတစ်ယောက်ကနေပြီး သူမကို ဆေးရုံပို့ပေးခဲ့တယ်၊၊ ဒီနောက်တော့ သူမဟာ သူမရဲ့ ခြေထောက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရပါတယ်၊၊ တစ်လခွဲနီးပါး ဆေးရုံပေါ်မှာ ကုသခံယူပြီးနောက်မှာတော့ သူမဟာ ဆေးရုံပေါ်က ဆင်းခွင့...

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...

ငါဟာ ဘယ်သူလဲ? Who am I?

  လွန်ခဲ့တဲ့ နှစ်အနည်းက စပြီး စာရေးသူ မကြာခဏ တွေးဖြစ်တဲ့ အကြောင်းအရာတွေက ဘာများလဲဆိုတော့  ငါဟာ ဘယ်သူလဲ (Who am I?)   ငါ့ရဲ့  စိတ်ခံစားမှုတွေနဲ့ တုံ့ပြန်မှုတွေက ဘယ်ကနေ လာတာလဲ  (What triggers me?)   ငါ့ရဲ့ စိတ်ဒဏ်ရာတွေက ဘယ်နေရာ ဘယ်အချိန်တုန်းက စလာခဲ့သလဲ ( What are my traumas?)   ဒီ စိတ်ဒဏ်ရာတွေက ခုလက်ရှိ ဘဝကို ဘယ်လို အကျိုး သက်ရောက်နေသလဲ ( How are my traumas affecting my adult life?)   ဒီ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားနေလဲ ( How is my healing journey?)   ငါဟာ ဘယ်သူလဲ? ဒီမေးခွန်းက တိုတို‌လေးနဲ့ အဓိပ္ပါယ်အရမ်းလေးနက်တာမို့ စာတစ်ကြောင်း၊နှစ်ကြောင်းလောက်နဲ့ ပြီးပြည့်စုံအောင် ဖြေဖို့ ခက်ပါတယ်။ စာရေးသူအနေနဲ့ ဒီမေးခွန်းကို ဖြေဖို့ရာ အချိန်တွေ အကြာကြီးယူခဲ့ရသလို ဖတ်ခဲ့ရတဲ့ စာအုပ်တွေလည်း မနည်းပါဘူး။ လမ်းရှာရင် လမ်းတွေ့မယ်ဆိုတဲ့ စကားပုံလိုပါပဲ စာရေးသူဟာ ကံကောင်းထောက်မစွာနဲ့ ဒီမေးခွန်းကို အဖြေရှာနေတဲ့ မိတ်ဆွေတစ်စုနဲ့ ဆုံဆည်းခွင့်ရပါတယ်။ နှစ်ပတ် တစ်ကြိမ် အွန်လိုင်းပေါ်မှာ တွေ့ကြပြီး မိမိရဲ့ အတွေ့အကြုံတွေနဲ့ အတွေးစတွေကို ရင်ဘတ်ချင်းတူတဲ့ မိတ်ဆွေ...