Skip to main content

မောင်သိန်းစိန်သို့

ရွှေနိူင်ငံကြီးပါတဲ့
ဆန်ရေစပါးပေါကြွယ်ဝလို့
ဆင်းရဲမွဲတေ မှု့ကိုတိုက်ဖျက်နေပါသတဲ့
ကမ္ဘာအလယ်ဒီစကား
မျက်စိမှိတ်ပြီးယုံလိုက်ချင်ပေမဲ့
ဗိုက်ပူနံကား ကလေးငယ်တွေ
အတွေးထဲမှာမြင်နေတုန်းပဲ
ညနက်မဲမှောင် ဖယောင်းတိုင်တွေ
ရောင်းကောင်းတုန်းပဲ၊၊
တဲပုတ်ငယ်တွေသက်ကယ်မိုးတွေ
ွမိုးနေရတုန်းပဲ၊၊
မောင်သိန်းစိန်ရယ်....
အသံသာမြည်တဲ့သင်္ကြန်အမြောက်လို
အဆံမပါပဲ ဟစ်နေလို့လဲ
မောယုံပါပဲ၊၊
အရှက်ကိုသာလုံအောင်ဖုံးပြီး
ကြိုးစင်တက်ဖို့သာ
ပြင်ထားပေတော့၊၊

Comments

Popular posts from this blog

ငါဟာ ဘယ်သူလဲ? Who am I?

  လွန်ခဲ့တဲ့ နှစ်အနည်းက စပြီး စာရေးသူ မကြာခဏ တွေးဖြစ်တဲ့ အကြောင်းအရာတွေက ဘာများလဲဆိုတော့  ငါဟာ ဘယ်သူလဲ (Who am I?)   ငါ့ရဲ့  စိတ်ခံစားမှုတွေနဲ့ တုံ့ပြန်မှုတွေက ဘယ်ကနေ လာတာလဲ  (What triggers me?)   ငါ့ရဲ့ စိတ်ဒဏ်ရာတွေက ဘယ်နေရာ ဘယ်အချိန်တုန်းက စလာခဲ့သလဲ ( What are my traumas?)   ဒီ စိတ်ဒဏ်ရာတွေက ခုလက်ရှိ ဘဝကို ဘယ်လို အကျိုး သက်ရောက်နေသလဲ ( How are my traumas affecting my adult life?)   ဒီ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားနေလဲ ( How is my healing journey?)   ငါဟာ ဘယ်သူလဲ? ဒီမေးခွန်းက တိုတို‌လေးနဲ့ အဓိပ္ပါယ်အရမ်းလေးနက်တာမို့ စာတစ်ကြောင်း၊နှစ်ကြောင်းလောက်နဲ့ ပြီးပြည့်စုံအောင် ဖြေဖို့ ခက်ပါတယ်။ စာရေးသူအနေနဲ့ ဒီမေးခွန်းကို ဖြေဖို့ရာ အချိန်တွေ အကြာကြီးယူခဲ့ရသလို ဖတ်ခဲ့ရတဲ့ စာအုပ်တွေလည်း မနည်းပါဘူး။ လမ်းရှာရင် လမ်းတွေ့မယ်ဆိုတဲ့ စကားပုံလိုပါပဲ စာရေးသူဟာ ကံကောင်းထောက်မစွာနဲ့ ဒီမေးခွန်းကို အဖြေရှာနေတဲ့ မိတ်ဆွေတစ်စုနဲ့ ဆုံဆည်းခွင့်ရပါတယ်။ နှစ်ပတ် တစ်ကြိမ် အွန်လိုင်းပေါ်မှာ တွေ့ကြပြီး မိမိရဲ့ အတွေ့အကြုံတွေနဲ့ အတွေးစတွေကို ရင်ဘတ်ချင်းတူတဲ့ မိတ်ဆွေ...

စာရေးသူရဲ့ ကျောင်း

ဘလောက်ဂါ စန်းထွန်းရေးတဲ့  Purdue သွား တောလား ဖတ်မိပြီးကတည်းက အဲဒီအကြောင်း ခေါင်းထဲကကို မထွက်တော့ဘူး။ မထွက်ဆို ကျွန်တော်က Purdue University ကို သွားဖို့ ရည်ရွယ်ပြီး ကြိုးစားနေတာ အချိန်လည်း မနည်းခဲ့တော့ဘူးလေ။ တိုက်ရိုက်ဝင်ခွင့်ဖြေဖို့ အတွက် အခက်အခဲ မရှိပေမယ့် ကျောင်းစရိတ်က အလွန်ပဲ ထောင်းလွန်းတယ်။ သူငယ်ချင်းတချို့ကတော့ အကြံပေးပါတယ် Loan ချေးပြီး ကျောင်းတက်ဖို့ပေါ့။ ဒါပေမယ့် တကယ်တွက်ကြည့်လိုက်ရင် ကျောင်းလည်းပြီးရော ဒေါ်လာ တစ်သိန်းလောက် အကြွေးတင်နေမယ့် ကိစ္စဆိ်ုတော့ သိပ်ပြီး စိတ်မပါလှဘူး။ ဒီလိုနဲ့ စာရေးသူဟာဖြင့် Ivy Tech Community College မှာ စျေးနှုန်းသက်သာစွာဖြင့် တက်ခွင့်ရသော Transfer Courses for Purdue University ကိုပဲ တက်ရင်း စိတ်ကူးထဲက နန်းတော်ကြီးကို အကောင်အထည်ဖော်နေရပါတော့တယ်၊၊ နောက်ဆုံးနှစ်နှစ်ကိုပဲ Purdue University သွားတက်မှာပါ၊၊ Community College ကနေ တဆင့်သွားခြင်းရဲ့ အားသာချက်ကတော့ ကျောင်းစရိတ် တစ်ဝက်ခန့်သက်သာပြီး အားနည်းချက်တွေကတော့ သက်ဆိုင်ရာ Elective Course တွေ ယူလို့ မရပါဘူး၊၊ General Study အတွက် လိုအပ်တဲ့ Course တွေကို Ivy Tech မှာပဲ  အပြီးယူဖို့ စဉ်းစားထားပါတယ...

ဒီကနေ့ ကျွန်မဆိုတာ ( Salma Hayek )

ကျွန်မဘဝမှာ အားကျရတဲ့  မင်းသမီး ဒါမှမဟုတ် ဖြစ်ချင်ခဲ့တဲ့ စိတ်ကူးထဲက လေးစားအားကျရတဲ့သူရှိလားလို့ ပရိတ်သတ်တွေ မကြာခဏမေးကြတယ်၊၊ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကဆိုရင် ဒီမေးခွန်းကိုဘယ်လိုဖြေရမယ်မှန်း ကျွန်မမသိခဲ့ပါဘူး၊၊ ဒါပေမယ့် ဒီမေးခွန်းကိုပဲ တလောတုန်းက လူတစ်ယောက် ပြန်မေးတဲ့အခါမှာ ကျွန်မကိုယ်ကျွန်မ နားလည်သွားခဲ့တယ်၊၊ ကျွန်မဘဝထဲမှာ ကျွန်မကိုအများဆုံးတွန်းအားပေးတဲ့သူတွေက ကျွန်မရဲ့မိသားစုဝင် အမျိုးသမီးတွေ ဖြစ်တယ်၊၊ အဲဒီအမျိုးသမီးတွေဟာ သူတို့ဘဝမှာ ဖြစ်နိူင်ခွင့်ရှိပေမယ့် စွန့်လွှတ်ခဲ့ရတဲ့သူတွေ၊ တခြားသူများထက် သာလွန်တဲ့အရည်အချင်းရှိပေမယ့် သူတို့ရဲ့ အိပ်မက်တွေ ဘယ်တော့မှ အကောင်အထည် ပေါ်မလာခဲ့တဲ့သူတွေဖြစ်တယ်ဆိုရင် စာဖတ်သူအံ့သြမိမလား၊၊ ကျွန်မရဲ့အဘွားဆိုရင် အင်မတန်မှထက်မြက်သူဖြစ်ပြီး အကြောက်တရားကင်းမဲ့တဲ့ အမျိုးသမီးတစ် ဦးဖြစ်တယ်၊၊ သူမဟာ ကဗျာတွေသီချင်းတွေရေးစပ်နိူင်သူဖြစ်တယ်၊၊  ပြီးတော့ သူမဟာ ဓာတုဗေဒ၊ သမိုင်းဘာသာရပ်နဲ့  ဆေးပညာကို စိတ်ဝင်စားသူတစ်ဦးလဲဖြစ်ပြန်တယ်၊၊ မက်ဆီကို မှာရှိတဲ့ သူမရဲ့လူတွေအတွက် သူမပိုင်ဆိုင်တဲ့ ခြံကြီးထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးတယ်၊၊ ဒါတင်မက ကိုယ်ဝန...