ဒီခရီးတစ်ခုကို ခေါင်းမော့ ရင်ကော့ပြီး လျှောက်ခဲ့ဖူးသလို လူတွေနဲ့ ဟိုးဝေးဝေးကနေ မျက်နှာငယ်စွာ လျှောက်ခဲ့ရဖူးတဲ့ အချိန်တွေလဲ ရှိခဲ့ပါတယ်၊၊ ငါးပျံတစ်လှည့် ဗုံလုံတစ်လှည့် ဆိုတဲ့ စကားပုံလေးအတိုင်းပဲပေါ့၊၊ ဘဝက ရေစီးထဲက သစ်ရွက်ငယ်ကလေးလို အလိုက်သင့် မျှောလို့ ဘယ်ကမ်းကပ်မယ်ဆိုတာ မသိခဲ့တဲ့ အချိန်တွေလဲ ရှိခဲ့တာပေါ့၊၊ ရံဖန်ရံခါတော့ အမှောင်ထဲက ပျပျလေး မြင်ရတဲ့ မီးရောင်လေးကို အားတင်းပြီး ကူးခပ်မိတာမျိုးလဲ ရှိခဲ့တယ်၊၊ လမ်းသင့်လို့ ဖေးမသွားသူတွေနဲ့ ဆုံခွင့်ရခဲ့သလို အတ္တကြီးစွာ မိမိကိုယ်ကျိုးအတွက် တပါးသူရဲ့ ဘဝကို ခုတုံးလုပ်ပြီး အမြင့်တက်သွားသူတွေလဲ ရှိလေရဲ့၊၊ ဖေးမသူတွေထဲမှာ အမှတ်တရအဖြစ်ဆုံးကတော့ တက္ကသိုလ်ဝင်တန်း တက်ခဲ့တုန်းက ဆရာ့ရဲ့ ဆုံးမစကားတစ်ခွန်းပါပဲ၊၊ ကံကောင်းခြင်းဆိုတာ စောင့်မျှော်နေတုန်း ရောက်ရှိလာတဲ့ လက်ဆောင်တစ်ခု မဟုတ်ပါဘူးတဲ့၊၊ မိမိလုပ်ဆောင်ထားတဲ့ အလုပ်နဲ့ အခွင့်အရေးတိုက်ဆိုင်သွားတာကိုမှ ကံကောင်းခြင်းလို့ ခေါ်ပါတယ်တဲ့၊၊ ဒီလို တန်ဖိုးရှိတဲ့ ဆုံးမစကားတွေနဲ့ ကိုယ့်ဘဝကို ပြင်ဆင်တည့်မတ်ခဲ့တာလဲ အခါပေါင်းမနည်းခဲ့ပါဘူး၊၊ ခုဆိုရင် ငါတစ်နေ့ ကံကောင်းမှာပါဆိုတဲ့ မျှော်လင့်ချက်မျိ...
စိတ်ကူးတည့်ရာ အတွေးများနဲ့ ဘဝဖြောင့်ကြောင်း တစေ့တစောင်း