Skip to main content

နှစ်သက်မိတဲ့ စာစုများ (၂ )

(၁) ကိုယ်မရှိလဲ အဆင်ပြေနေမယ့် လူတစ်ယောက်အတွက် အချိန်တွေဖြုန်းပြီး စိတ်ပင်ပန်းခံနေမယ့်အစား  ကိုယ့်ကို လိုအပ်နေတဲ့သူဆီကို ခြေလှမ်းလှည့်လိုက်ပါ၊၊

(၂) လိုချင်တာတွေ အားလုံးမရနိူင်တာမှန်ပေမယ့် ကြိုးစားမှုအတွက် ထိုက်သင့်တဲ့ ဆုလာဘ်  ရှိတယ်ဆိုတာ သတိရပါ၊၊

(၃)အဆင်မပြေတာတွေ ညည်းတွားနေမယ့်အစား အခက်အခဲထဲက ဘယ်လိုရုန်းထွက်ရမလဲဆိုတာ စဉ်းစားပါ၊၊ ညည်းတွားနေခြင်းဟာ ဘာမှဖြစ်မလာနိူင်သလို သူငယ်ချင်းမိတ်ဆွေတွေလည်း ကိုယ့်ကို ရှောင်ဖယ်သွားနိူင်တယ်ဆိုတာ သတိရပါ၊၊

(၄) အခက်အခဲပြဿနာကြုံတွေ့ရချိန်မှာ ဖွင့်ဟတိုင်ပင်နိူင်မယ့် မိတ်ဆွေတစ်ယောက် အနည်းဆုံးရှိပါစေ၊၊ ကိုယ်ကချည်း ရင်ဖွင့်နေတဲ့သူ မဖြစ်ဖို့လဲ ဂရုပြုပါ၊၊ လူတိုင်းမှာ ကိုယ့်ပြဿနာနဲ့ကိုယ် ရှိကြပါတယ်၊၊ နားလည်မှုတွေနဲ့  အပြန်အလှန်ဖေးမနိူင်မှသာ တစ်ဦးနဲ့တစ်ဦး နှစ်သိမ့်နိူင်မှာဖြစ်တယ်၊၊

(၅) ကိုယ့်ကိုယ်ကို သတ်မှတ်ချက်တွေ အမြင့်ကြီး မထားပါနဲ့၊၊ ရည်မှန်းချက်ဆိုတာ ဘဝရဲ့ မီးပြတိုက်လို့ ဆိုနိူင်ပေမယ့် မိမိမထမ်းနိူင်လောက်တဲ့ ဝန်ကြီးကိုထမ်းပြီး ဘဝတစ်လျှောက်လုံး စိတ်သောက ရောက်ရမယ်ဆိုရင် အသက်ရှင်နေရတာ ဘာမှ အဓိပ္ပါယ်မရှိတော့ပါဘူး၊၊



(၆) ဘယ်လောက်ပဲ အလုပ်တွေများများ မိသားစုနဲ့ သူငယ်ချင်းတွေကို အချိန်ပေးဖို့မမေ့ပါနဲ့၊၊ နွေးထွေးတဲ့ ဆက်ဆံရေးပိုင်ဆိုင်ထားသူဟာ အလုပ်ခွင်ထဲမှာအောင်မြင်သူတစ်ယောက်ဖြစ်စေနိူင်ပါတယ်၊၊

(၇) ဘာသာတရား ကိုင်းရှိုင်းပါ၊၊ မိမိဟာ အစွန့်ပယ်ခံရတဲ့ လူတစ်ယောက်အဖြစ်ခံစားမိချိန်မျိုးမှာ မိမိရဲ့ကိုးကွယ်ယုံကြည်မှုက ပြဿနာပေါင်းသောင်းခြောက်ထောင်ထဲက လွတ်မြောက်မှုကိုပေးပါလိမ့်မယ်၊၊

(၈) တွေ့ဆုံရမယ့် လူတိုင်းမှာ မတူညီတဲ့ သမိုင်းနောက်ခံတွေရှိခဲ့တယ်ဆိုတာ  မမေ့ပါနဲ့၊၊ ဒီလူတွေကို မိမိကြီးပြင်းရာ ဓလေ့ထုံးတမ်းတွေနဲ့ တိုင်းတာကြည့်မိမယ်ဆိုရင် ကောင်းမွန်တဲ့ဆက်ဆံရေးဆိုတာ ဘယ်တော့မှဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး၊၊ မိမိရဲ့ပေတံဟာ သူတပါးကို တိုင်းတာဖို့အတွက်မဟုတ်ပဲ မိမိအတွက်ပဲဆိုတာကို သတိရပါစေ၊၊

(၉) စွန့်လွှတ်တတ်ဖို့ သင်ယူပါ၊၊ ဒါဟာ သင့်ကိုပြည့်ဝတဲ့လူတစ်ယောက်ဖြစ်လာစေနိူင်ပါတယ်၊၊

(၁၀) ပြံုးပါ၊၊ အပြံုးဟာ  အပျော်တွေကို ကူးစက်စေတတ်ပါတယ်၊၊ မိမိရဲ့နံဘေးနားကလူတွေ  အပါအဝင် မိမိကိုယ်တိုင် ပျော်နိူင်ဖို့ ပြံုးပြပါ၊၊




ဖတ်ခဲ့ဖူးတာတွေ တွေးမိတာလေးတွေကို ရေးချမိပါတယ် :)


Comments

ကောင်းဆု(ခရမ်းမြို့) said…
အမြဲပြုံးနေ ရင် ဘေးလူတွေ က ရိုးသွားမှာပေါ့ အပြုံးတွေ ပေးသင့် သူကိုပဲ ပေးရမယ်

Popular posts from this blog

ကျန်းမာရေးစောင့်ရှောက်မှုစနစ်

အမိမြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြည်သူတွေတော်တော်များများက လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ မြင်ကြပါတယ်၊၊ မြင်တဲ့အတိုင်းလည်း မှန်ကန်တယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်၊၊ အိမ်နီးနားချင်း  ယိုးဒယားပြည်က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နှိုင်းယှဉ်ပြီး အမိနိူင်ငံရဲ့ ကျန်းမာရေးစနစ်ကို မချင့်မရဲ ဖြစ်နေကြတဲ့သူတွေလည်း တပုံတပင်ကြီးပါ၊၊ ကျွန်တော်ဟာ ယိုးဒယားပြည်ကို  မရောက်ခဲ့ဖူးပေမယ့် သူငယ်ချင်းမိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးကြောင့် ယိုးဒယားနိူင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို တစွန်းတစ မြင်တွေ့ခွင့်ရခဲ့ပါတယ်၊၊ အဖြစ်အပျက်က ဒီလိုပါ၊၊ ကျွန်တော့်ရဲ့ မိတ်ဆွေအမျိုးသမီးဟာ ဘန်ကောက်မြို့ရဲ့ လမ်းကြားတစ်နေရာမှာ ကားအတိုက်ခံရပါတယ်၊၊ တိုက်တဲ့လူက တာဝန်မယူပဲ  တစ်ခါတည်းကို ထွက်ပြေးသွားပါတယ်၊၊ သူမဟာ သွေးအိုင်ထဲမှာ မိနစ်တော်တော်ကြာ လဲကျနေခဲ့တယ်၊၊ ကံကောင်းထောက်မစွာပဲ ထိုင်းအမျိုးသမီးတစ်ယောက်ကနေပြီး သူမကို ဆေးရုံပို့ပေးခဲ့တယ်၊၊ ဒီနောက်တော့ သူမဟာ သူမရဲ့ ခြေထောက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရပါတယ်၊၊ တစ်လခွဲနီးပါး ဆေးရုံပေါ်မှာ ကုသခံယူပြီးနောက်မှာတော့ သူမဟာ ဆေးရုံပေါ်က ဆင်းခွင့...

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...

ငါဟာ ဘယ်သူလဲ? Who am I?

  လွန်ခဲ့တဲ့ နှစ်အနည်းက စပြီး စာရေးသူ မကြာခဏ တွေးဖြစ်တဲ့ အကြောင်းအရာတွေက ဘာများလဲဆိုတော့  ငါဟာ ဘယ်သူလဲ (Who am I?)   ငါ့ရဲ့  စိတ်ခံစားမှုတွေနဲ့ တုံ့ပြန်မှုတွေက ဘယ်ကနေ လာတာလဲ  (What triggers me?)   ငါ့ရဲ့ စိတ်ဒဏ်ရာတွေက ဘယ်နေရာ ဘယ်အချိန်တုန်းက စလာခဲ့သလဲ ( What are my traumas?)   ဒီ စိတ်ဒဏ်ရာတွေက ခုလက်ရှိ ဘဝကို ဘယ်လို အကျိုး သက်ရောက်နေသလဲ ( How are my traumas affecting my adult life?)   ဒီ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားနေလဲ ( How is my healing journey?)   ငါဟာ ဘယ်သူလဲ? ဒီမေးခွန်းက တိုတို‌လေးနဲ့ အဓိပ္ပါယ်အရမ်းလေးနက်တာမို့ စာတစ်ကြောင်း၊နှစ်ကြောင်းလောက်နဲ့ ပြီးပြည့်စုံအောင် ဖြေဖို့ ခက်ပါတယ်။ စာရေးသူအနေနဲ့ ဒီမေးခွန်းကို ဖြေဖို့ရာ အချိန်တွေ အကြာကြီးယူခဲ့ရသလို ဖတ်ခဲ့ရတဲ့ စာအုပ်တွေလည်း မနည်းပါဘူး။ လမ်းရှာရင် လမ်းတွေ့မယ်ဆိုတဲ့ စကားပုံလိုပါပဲ စာရေးသူဟာ ကံကောင်းထောက်မစွာနဲ့ ဒီမေးခွန်းကို အဖြေရှာနေတဲ့ မိတ်ဆွေတစ်စုနဲ့ ဆုံဆည်းခွင့်ရပါတယ်။ နှစ်ပတ် တစ်ကြိမ် အွန်လိုင်းပေါ်မှာ တွေ့ကြပြီး မိမိရဲ့ အတွေ့အကြုံတွေနဲ့ အတွေးစတွေကို ရင်ဘတ်ချင်းတူတဲ့ မိတ်ဆွေ...