Skip to main content

လက်ဆောင်

     တကယ်တော့ ဘာမှမထူးခြားသည့် သတင်းတစ်ပုဒ်ပါ၊၊ ဟုတ်သည်လေ၊၊ တက္ကသိုလ်ဝင်တန်း ဘော်ဒါဆောင်တစ်ခုတွင် ဆရာမတစ်ယောက် ထပ်တိုးလာသည်မှာ ဘာမှမထူးဆန်းပါ၊၊ သို့သော် ထိုတစ်ယောက်သော ဆရာမက ကျနော်ဘဝထဲသို့ နက်ရှိုင်းစွာ အမြစ်တွယ်ဝင်ရောက်သွားခဲ့ခြင်းကို ထူးဆန်းသည်ဟု ကျနော်ဆိုချင်ပါသည်၊၊
     တကယ်တော့ ကျနော် ဘာသိဘာသာ နေခဲ့တာဖြစ်သည်၊၊ ကျနော်သူမကို စာပင်သွားမမေးပါ၊၊ ဆိုရပါလျင် ကျနော်သည် မိမိကိုယ်ကို ယုံကြည်လွန်းသော ခေါင်းမာသော ကျောင်းသားတစ်ယောက်ဖြစ်သည်၊၊ ဒီလိုနင့်ပင် ကျနော်သူမနှင့် ရက်အတန်ကြာ စကားမပြောဖြစ်ပါ၊၊
    တစ်ညနေခင်းတွင်တော့ သူမကျနော်ကို Biology သင်ခန်းစာကို ရုတ်တရက် မေးချလာခဲ့သည်၊၊ မေးခွန်းးတစ်ချို့ကို ကျနော်ဖြေခဲ့ပြီး သူမနှင့် စကားအနည်းငယ်ပြောဖြစ်ခဲ့သည်၊၊ အဲဒီနောက်ပိုင်းတွင် ညတိုင်းလိုလို သူမနှင့်စကားပြောဖြစ်ခဲ့သည်၊၊ ရင်းနှီးမှု့ အချိန်ကြာမြင့်လာသည်နှင့်အမျှ သူမထံတွင်ရှိနေသော တစ်ချို့သော အတွေးများက ကျနော်စိတ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်၊၊
    ကျနော်ငယ်စဉ်ဘဝက ခတ်ကြောင်ကြောင် မေးခွန်းများကို အမြဲမေးလေ့ရှိသောကြောင့် သူငယ်ချင်းများနှင့်သိပ်အဆင်မပြေလှပါ၊၊ သူငယ်ချင်းများကသတ်မှတ်သည်မှာ စာကြမ်းပိုး ငကြောင် ဖြစ်သည်၊၊ ကျနော်က ညဉ်းခုံရသည်က ုိဝါသနာပါလှသည်၊၊ အဲဒီဝါသနာကြောင့်ပင် လူမုန်းများခဲ့တာဖြစ်သည်၊၊ ကျနော် အများဆုံးပြောဖြစ်ခဲ့သည့် အကြောင်းက ဘာသာရေးဆိုင်ရာများဖြစ်သည်၊၊ (ယခုတော့ မပြောတော့ပါ၊၊ စကားချပ်)
ကျနော်က ကိုးကွယ်ယုံကြည်မှု့များကို အမြဲလိုလို မေးခွန်းများထုတ်ခဲ့သည်၊၊     များသောအားဖြင့် ့်ဒီမေးခွန်းများက ကပ်သီးကပ်သတ်မေးခွန်းများဖြစ်သည်၊၊ သူမကို ကျနော်အများဆုံးမေးဖြစ်ခဲ့သည်မှာလဲ ဘာသာရေးဆိုင်ရာများ ဖြစ်သည်၊၊ သူမက သူမရဲ့ ခိုင်မြဲလှသော ယုံကြည်ချက်များဖြင့် ဖြေခဲ့တာဖြစ်သည်၊၊ တကယ်တော့ သူမသည် ကျနော်ထက် ၁ နှစ်ကျော် ခန့်သာကြီးသည်၊၊ မပြိုလဲနိူင်သော ယုံကြည်ချက်မျိုးကို သူမ ဘယ်ကဲ့သို့ ရသည်ကို ကျနော်မသိပါ၊၊
အမြဲလိုလို ခြောက်ကပ်နေသော ကျနော်ဘဝထဲ ရုတ်တရက် မိုးများရွာသွန်းသကဲ့သို့ သူမ ဝင်ရောက်လာခဲ့သည်၊၊ လောကကြီးထဲမှ တာဝန်များနှင့် ဝတ္တရားများ အကြောင်း သူမ ကျနော်ကို သင်ကြားပေးခဲ့သည်၊၊ အထီးကျန်ဘဝထဲမှ ကရုဏာတရားကို ခံစားနိူင်ရန် လမ်းပြပေးသည်၊တကယ်တော့ သူမသည် ကျနော်အတွက် မီးအိမ်ရှင် ဖြစ်သည်၊၊ ပျောက်ဆုံးနေသော အရာပေါင်းမြောက်များစွာ သူမကြောင့်သာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်သည်၊၊ အကြိမ်ကြိမ် ကျနော် လမ်းလွဲခဲ့တိုင်း သူမကတော့ အပြစ်တင်စကား တစ်ခွန်းပင် မပြောခဲ့ပါ၊၊ အမှောင်ထဲတွင် ရောက်တိုင်း သူမရဲ့ လမ်းညွန်ချက်များက အခါပေါင်းများစွာ ကျနော်ရဲ့ ဒဏ်ချက်များကို ပျောက်ကင်းစေခဲ့သည်၊၊၊
    သူမအပေါ် ကျနော်ရဲ့ ယုံကြည်ကိုးစားခြင်းများကို သူငယ်ချင်းများက ရူးသည်ဟုပြောကြသည်၊၊ သူမသည် လူသားတစ်ယောက်သာ ဖြစ်သောကြောင့် သူမ မှားယွင်းသည့်အချိန်များလဲ ရှိကောင်းရှိပါလိမ့်မည်၊၊ သို့သော် ယခုချိန်ထိ သူမနှင့်ထပ်တူညီသော သက်ရှိထင်ရှား ပုဂ္ဂိုလ် ကျနော်ကျင်လည်သော ပတ်ဝန်းကျင်တွင် ရှာမတွေ့မိသေးပါ၊၊

 သူမသည ်ကျနော်အတွက်တော့ ဘုရားသခင်ပေးသော လက်ဆောင်ပင် ဖြစ်သည်၊၊

Comments

Popular posts from this blog

ကျန်းမာရေးစောင့်ရှောက်မှုစနစ်

အမိမြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြည်သူတွေတော်တော်များများက လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ မြင်ကြပါတယ်၊၊ မြင်တဲ့အတိုင်းလည်း မှန်ကန်တယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်၊၊ အိမ်နီးနားချင်း  ယိုးဒယားပြည်က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နှိုင်းယှဉ်ပြီး အမိနိူင်ငံရဲ့ ကျန်းမာရေးစနစ်ကို မချင့်မရဲ ဖြစ်နေကြတဲ့သူတွေလည်း တပုံတပင်ကြီးပါ၊၊ ကျွန်တော်ဟာ ယိုးဒယားပြည်ကို  မရောက်ခဲ့ဖူးပေမယ့် သူငယ်ချင်းမိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးကြောင့် ယိုးဒယားနိူင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို တစွန်းတစ မြင်တွေ့ခွင့်ရခဲ့ပါတယ်၊၊ အဖြစ်အပျက်က ဒီလိုပါ၊၊ ကျွန်တော့်ရဲ့ မိတ်ဆွေအမျိုးသမီးဟာ ဘန်ကောက်မြို့ရဲ့ လမ်းကြားတစ်နေရာမှာ ကားအတိုက်ခံရပါတယ်၊၊ တိုက်တဲ့လူက တာဝန်မယူပဲ  တစ်ခါတည်းကို ထွက်ပြေးသွားပါတယ်၊၊ သူမဟာ သွေးအိုင်ထဲမှာ မိနစ်တော်တော်ကြာ လဲကျနေခဲ့တယ်၊၊ ကံကောင်းထောက်မစွာပဲ ထိုင်းအမျိုးသမီးတစ်ယောက်ကနေပြီး သူမကို ဆေးရုံပို့ပေးခဲ့တယ်၊၊ ဒီနောက်တော့ သူမဟာ သူမရဲ့ ခြေထောက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရပါတယ်၊၊ တစ်လခွဲနီးပါး ဆေးရုံပေါ်မှာ ကုသခံယူပြီးနောက်မှာတော့ သူမဟာ ဆေးရုံပေါ်က ဆင်းခွင့...

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...

ငါဟာ ဘယ်သူလဲ? Who am I?

  လွန်ခဲ့တဲ့ နှစ်အနည်းက စပြီး စာရေးသူ မကြာခဏ တွေးဖြစ်တဲ့ အကြောင်းအရာတွေက ဘာများလဲဆိုတော့  ငါဟာ ဘယ်သူလဲ (Who am I?)   ငါ့ရဲ့  စိတ်ခံစားမှုတွေနဲ့ တုံ့ပြန်မှုတွေက ဘယ်ကနေ လာတာလဲ  (What triggers me?)   ငါ့ရဲ့ စိတ်ဒဏ်ရာတွေက ဘယ်နေရာ ဘယ်အချိန်တုန်းက စလာခဲ့သလဲ ( What are my traumas?)   ဒီ စိတ်ဒဏ်ရာတွေက ခုလက်ရှိ ဘဝကို ဘယ်လို အကျိုး သက်ရောက်နေသလဲ ( How are my traumas affecting my adult life?)   ဒီ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားနေလဲ ( How is my healing journey?)   ငါဟာ ဘယ်သူလဲ? ဒီမေးခွန်းက တိုတို‌လေးနဲ့ အဓိပ္ပါယ်အရမ်းလေးနက်တာမို့ စာတစ်ကြောင်း၊နှစ်ကြောင်းလောက်နဲ့ ပြီးပြည့်စုံအောင် ဖြေဖို့ ခက်ပါတယ်။ စာရေးသူအနေနဲ့ ဒီမေးခွန်းကို ဖြေဖို့ရာ အချိန်တွေ အကြာကြီးယူခဲ့ရသလို ဖတ်ခဲ့ရတဲ့ စာအုပ်တွေလည်း မနည်းပါဘူး။ လမ်းရှာရင် လမ်းတွေ့မယ်ဆိုတဲ့ စကားပုံလိုပါပဲ စာရေးသူဟာ ကံကောင်းထောက်မစွာနဲ့ ဒီမေးခွန်းကို အဖြေရှာနေတဲ့ မိတ်ဆွေတစ်စုနဲ့ ဆုံဆည်းခွင့်ရပါတယ်။ နှစ်ပတ် တစ်ကြိမ် အွန်လိုင်းပေါ်မှာ တွေ့ကြပြီး မိမိရဲ့ အတွေ့အကြုံတွေနဲ့ အတွေးစတွေကို ရင်ဘတ်ချင်းတူတဲ့ မိတ်ဆွေ...