ခဏတာ တွေဝေခြင်းဟာ
အချိန်ပိုင်း သေဆုံးခြင်းပါပဲ၊၊
တခါတလေ
အထီးကျန်ညရဲ့ မှောင်မိုက်ခြင်းဟာ
ကိုယ့်သည်းခံမှုတွေကို
ခိုးယူသွားတတ်တယ်၊၊
အပျံသင်ရင်း အတောင်ကျိုးရသလို
သန္ဓေတည်ခဲ့တဲ့ အိပ်မက်တွေ
လွင့်ပြယ်ရခြင်းက
မတော်တဆရခဲ့တဲ့ ဒဏ်ရာမဟုတ်ဘူး၊၊
အချစ်ဆိုတာ
လူမိုက်တွေအတွက် ပညာရှိခြင်းနဲ့
ပညာရှိတွေအတွက်
မိုက်မဲခြင်းတဲ့၊၊
ကဲ သူငယ်ချင်း
အာရုံအပြောင်းအလဲမှာ
အမှတ်တမဲ့မျိုချမိတဲ့ မိုက်မဲမှုကို
ဘယ်လိုပြန်ပြီး ထွေးထုတ်မလဲ၊၊
ဖတ်ဖူးခဲ့တဲ့ ကဗျာလေးတစ်ပိုဒ်ရဲ့ ခံစားချက်ကို ယူပါတယ်၊၊
ဖတ်ဖူးခဲ့တဲ့ ကဗျာလေးတစ်ပိုဒ်ရဲ့ ခံစားချက်ကို ယူပါတယ်၊၊
Comments