Skip to main content

Posts

Showing posts from June, 2011

Because she is Asian!

                   လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်လောက်တုန်းက Star သတင်းစာမှာ အာရှသားတွေ အမေရိကန်ပြည်ထောင်စုရဲ့ ပညာရေးအသိုင်းအဝိုင်းမှာ နေရာယူလာတဲ့အကြောင်း သတင်းလေးတစ်ပိုဒ် ဖတ်ခဲ့ရဖူးပါတယ်၊၊ ကျောင်းတိုင်းနီးပါးရဲ့ ထိပ်သီးကျောင်းသားတွေထဲမှာ အာရှသားတွေဟာ အစဉ်အလာတစ်ခုလို နေရာယူလာခဲ့ကြတဲ့ အကြောင်း ရေးသားထားတာပါ၊၊ အဲဒီတုန်းက ကိုယ်ကိုတိုင်လဲ အမေရိကားကို မရောက်သေးတာကြောင့် သို့လော သို့လော ဆိုပြီး သံသယတွေ ပွားမိပါသေးတယ်၊၊ လူဖြူတွေဆို နဂိုကတည်းက သိပ်တော်တဲ့လူတွေလို့ပဲ ယူဆခဲ့မိတာကိုး၊၊ ထင်ရှားတဲ့ပညာရှင်ကြီးတွေကလဲ အနောက်တိုင်းနိူင်ငံတွေကပဲ ထွက်ပေါ်လေ့ရှိတာကြောင့် အဲဒီအယူအဆ အမြစ်တွယ်ခဲ့တာ မဆန်းဘူးလို့ပဲ မြင်မိပါတယ်၊၊
လူသွားစင်္ကြန် တခါက ဘဏ်လုပ်ငန်းသူဌေးကြီးတစ်ဦး သေလွန်ပြီးနောက် ကောင်းကင်နိူင်ငံ တံခါးဝအနီးကို ချွေးတွေတပြိုက်ပြိုက်နဲ့ လေးလံတဲ့ လက်ဆွဲအိပ်ကြီးတစ်လုံးဆွဲလို့  ရောက်လာပါတယ်၊၊ ဒါနဲ့ တံခါးစောင့်တဲ့ တမန်တော် ပီတာက “ အဲဒီအိပ်ကြီးကို ထားခဲ့ပြီး ဝင်လာပါခင််ဗျာ“ လို့ ရိုရိုသေသေ နှုတ်ခွန်းဆက်ပါတယ်၊၊ ဒီမှာ ဘဏ်လုပ်ငန်းရှင်ကြီးက “ဒီအိပ်ကို လုံးဝထားခဲ့လို့ မရဘူး“လို့ အကြောက်အကန် ငြင်းပါတော့တယ်၊၊ ဒီတော့ “ ဘာတွေကများ ဒီလောက်တောင် အရေးကြီးနေတာလ“ဲလို့ တမန်တော်ပီတာက ပြန်မေးပါတယ်၊၊ မခံချင်ဖြစ်သွားတဲ့ သူဌေးကြီးက အိတ်ထဲမှာ ပါလာတဲ့ ရွှေတုံး ငါးဆယ်ကို ဖွင့်ပြပါတယ်၊၊ ရွှေတုံးတွေလဲ မြင်ရော တမန်တော် ပီတာက အံ့အားတကြီးနဲ့ “ ခင်ဗျားက လူသွားစကြင်္န ယူလာခဲ့တာလား“ တဲ့၊၊ (မှတ်ချက်၊၊ ကောင်းကင်နိူင်ငံသည် ရွှေသားအပြည့်ခင်းထားသော လူသွားလမ်းများရှိသည်ဟု ယုံကြည်ကြပါသည်၊၊) မနေနိူင်ဘူး စိတ်ရောဂါ အထူးကု ဆရာဝန်သုံးဦး စကားဖောင်ဖွဲ့နေကြသည်၊၊ တစ်ယောက်က “ လူတွေအားလုံးက ကျွန်တော်ဆီကို လာရင်  ပြဿနာတွေနဲ့ လာကြတယ်၊၊ ကျွန်တော် စိတ်ညစ်စရာရှိတော့ နားထောင်ပေးမယ့်သူမရှိဘူး“ ဟု ရင်ဖွင့်ရာ အခြားနှစ်ဦးက သူတို့လည်း ထိုနည်းလည်းကော...

Mt. Badger သို့ အလည်တစ်ခေါက်

       ဒီရက်ပိုင်းအတွင်း ဆောင်းဦးလေးလဲ လွန်ခါစဆိုတော့ တောင်တက်၊ စက်ဘီးစီးလေ့ကျင့်ခန်းတွေလုပ်ဖို့ အားလုံးက တပြင်ပြင်ပေါ့၊၊ ဒါနဲ့ ခရီးလည်းသိပ်မဝေး လူလဲ သိပ်မပင်ပန်းမယ့် Mt.Badger ကို လှမ်းတက်မယ်ဆိုပြီး အားလုံးလူစုမိသွားကြတယ်၊၊ နွေရာသီကျောင်းက ပိတ်ခါစဆိုတော့ တစ်နှစ်လုံးစောစောထပြီး ကျောင်းသွားခဲ့ရသမျှ အတိုးချပြီး အိပ်တာ တောင်တက်မယ့်မနက်ခင်း ရောက်တော့ မနည်းကုန်းရုန်းပြီး ထရတယ်၊၊ တောင်တက်ဖိနပ်တွေစီးလို့ ရှိုးတွေအပြည့်နဲ့ မသိရင် ပရိုဖက်ရှင်နယ် တောင်တက်သမားဂိုက်ပေါ့၊၊       ဒီလိုနဲ့ ရေဘူးတွေ စားစရာတွေ ခါးမှာချိတ်လို့ စတိုင်အပြည့်နဲ့ အိမ်ကထွက်လာရော မိုးက ဟောခနဲပဲ ပြိုဆင်းလာတော့တာပါပဲ၊၊ ဒါနဲ့ အန်တီကြီးတစ်ယောက်ကက ဘယ်သူကများ  မိုးကို ဒီနေ့မှ အော်ဒါမှာထားရတာလဲလို့ ထပြောတာနဲ့ အားလုံးဝိုင်းပြီး ရီကြရသေးတယ်၊၊ အဲဒီနောက်  လေးဆယ့်ငါးမိနစ်လောက် ကားမောင်းသွားတာနဲ့ တောင်ခြေကို ရောက်ပါတယ်၊၊လေတဖြူးဖြူး မိုးတဖွဲဖွဲနဲ့အိပ်ရာထဲသာ  ကွေးနေချင်တော့တယ်၊၊ဒါပေမယ့်လည်းလေ ရောက်ပြီဆိုမှတော့ တက်ရအုံးမှာပေါ့၊၊