Skip to main content

Because she is Asian!

                   လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်လောက်တုန်းက Star သတင်းစာမှာ အာရှသားတွေ အမေရိကန်ပြည်ထောင်စုရဲ့ ပညာရေးအသိုင်းအဝိုင်းမှာ နေရာယူလာတဲ့အကြောင်း သတင်းလေးတစ်ပိုဒ် ဖတ်ခဲ့ရဖူးပါတယ်၊၊ ကျောင်းတိုင်းနီးပါးရဲ့ ထိပ်သီးကျောင်းသားတွေထဲမှာ အာရှသားတွေဟာ အစဉ်အလာတစ်ခုလို နေရာယူလာခဲ့ကြတဲ့ အကြောင်း ရေးသားထားတာပါ၊၊ အဲဒီတုန်းက ကိုယ်ကိုတိုင်လဲ အမေရိကားကို မရောက်သေးတာကြောင့် သို့လော သို့လော ဆိုပြီး သံသယတွေ ပွားမိပါသေးတယ်၊၊ လူဖြူတွေဆို နဂိုကတည်းက သိပ်တော်တဲ့လူတွေလို့ပဲ ယူဆခဲ့မိတာကိုး၊၊ ထင်ရှားတဲ့ပညာရှင်ကြီးတွေကလဲ အနောက်တိုင်းနိူင်ငံတွေကပဲ ထွက်ပေါ်လေ့ရှိတာကြောင့် အဲဒီအယူအဆ အမြစ်တွယ်ခဲ့တာ မဆန်းဘူးလို့ပဲ မြင်မိပါတယ်၊၊


                   ကျနော် ကျောင်းစတက်တဲ့နေ့မှာ အမေရိကားရဲ့ လွတ်လပ်တဲ့စရိုက်ကို မမိတ်ဆက်ရပဲနဲ့ နဖူးတွေ့ ဒူးတွေ့ ကြုံလိုက်ရတယ်၊၊ ကောင်းတာတွေရော ဆိုးတာတွေရော အစုံပါပဲ၊၊ ကိုယ်နှစ်သက်တဲ့ ဘာသာရပ်ကို အထက်တန်းကျောင်းကတည်းက ရွေးချယ်ခွင့်ရတာကိုတော့ အတော်သဘောကျမိသား၊၊ ကျောင်းတက်တဲ့ ပထမလတုန်းကတော့ အတော်ကို ကြောင်စီစီနိူင်ပါတယ်၊၊ စာသင်ချိန်တစ်ချိန်ပြီးတာနဲ့ နောက်တစ်ချိန်အတွက် ပြေးလွှားရတာကိုတော့ စိတ်ပျက်မိတယ်၊၊

                   ကျနော်တို့ကျောင်းကြီးမှာ ကျောင်းသား ငါးရာကျော် ရှိပါတယ်၊၊ အဲဒီထဲမှာမှ အာရှသား ၈ ယောက်ပါပါတယ်၊၊ ရှားရှားပါးပါးပေါ့၊၊ ကျနော်တို့ မြို့လေးက အလယ်အလတ်မြို့ငယ်လေးဖြစ်ပြီး အာရှသားတွေ ဝင်ရောက်နေထိုင်မှု သိပ်မများသေးတဲ့ မြို့ကလေးပါ၊၊

                   ကျနော် အကြိုက်ဆုံး ဘာသာရပ်က Drafting and Design  ပြီးတော့ သချင်္ာ ပါ၊၊ First Semester ကုန်ခါနီးလောက်မှာ ကျောင်းပေါင်းစုံ Engineering Competition ပြိုင်ပွဲကြီး ကျင်းပပါတယ်၊၊ အဲဒီထဲမှာ ကျနော်တို့ ကျောင်းက လူနှစ်ဆယ်ထွက်ရပါတယ်၊၊ အာရှလူမျိုး ၆ ယောက် ပြိုင်ပွဲအတွက် ရွေးချယ်ခံရပါတယ်၊၊ ကျနော် နည်းနည်းတော့ အံ့အားသင့်ခဲ့မိတာ အမှန်ပါပဲ၊၊ ဒီလိုနဲ့ ပြိုင်ပွဲနေ့ရောက်တော့ ပြိုင်ပွဲဝင်လူဦးရေရဲ့ လေးပုံ တစ်ပုံဟာ အာရှသား/သူ တွေဖြစ်လို့နေပါတယ်၊၊

                     နောက်ပြိုင်ပွဲတစ်ခုက သချင်္ာပါ၊၊ တိုတိုပြောရရင် ကျောင်းသား/သူ ၈ ယောက်ထွက်ပါတယ်၊၊ အဲဒီထဲမှာ ၄ ယောက်က အာရှသူပါ၊၊ ပြိုင်ပွဲနေ့မှာတော့ အာရှတိုင်းပြည်တစ်ခုကို ရောက်နေမိသလား အမှတ်မှားလောက်အောင် အာရှသား/သူတွေ  အပြည့်ဖြစ်နေပါတယ်၊၊ ဆရာမတွေတောင် မှတ်ချက်ပေးတဲ့ အထိပါပဲ၊၊ ပြိုင်ပွဲမှာ ပထမရတဲ့သူကတော့ အာရှသူလေးပါ ဆိုတာ  ပြောဖို့မလိုတော့ဘူးထင်ပါတယ်၊၊

                     ခုဆိုရင် ကျောင်းတွေထဲမှာ အာရှသား/သူ တွေကို လူတော်တွေလို့ပဲ သတ်မှတ်လိုက်ကြပါတယ်၊၊ တကယ်လို့  စာဖတ်သူ သူငယ်ချင်းက အတန်းထဲမှာ ပထမရလို့ ဆရာတွေကများ ချီးကျူးခဲ့ရင် အတန်းဖော်တွေ တုန့်ပြန်ကြမှာက " သူက Asian ပဲ ရမှာပေါ့" ဆိုတာပါ၊၊

                      နောက် အနှစ်ငါးဆယ်ကြာရင်  Educational Professional သုံးယောက်မှာ တစ်ယောက်ဟာ အာရှသားဖြစ်နိူင်တဲ့အကြောင်း အမေရိကန်ပညာရေးသုတေသီတွေက သူတို့နိူင်ငံအတွက် ခန့်မှန်းထားကြပါတယ်၊၊ ကျနော်အမြင်ဆိုရင်တော့ အများကြီးဖြစ်နိူင်တယ်ဆိုတာပါပဲ၊၊

Comments

Popular posts from this blog

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...

မင်္ဂလာပါ

ဒီ Blog လေးမှာ ပထမဦးဆုံး ပိုစ့်ကို Published လုပ်ခဲ့တာက 2010 ခုနှစ် သြဂုတ်လဆိုတော့ 12 နှစ် နီးပါး ရှိခဲ့ပြီပေါ့။ နောက်ဆုံးရေးခဲ့တဲ့ ပို့စ်ကျတော့ 2013 ခုနှစ် ဇူလိုင်လဆိုတော့ ဒီ Blog လေးနဲ့ အဆက်ပြတ်သွားခဲ့တာ 9 နှစ်ကျော်ကျော် ရှိခဲ့ပြီ။   စာရေးသူ အသက်က 20 ကျော် စွန်းစွန်းလေးနဲ့ အမေရိကား ရောက်လာခဲ့တဲ့အချိန်မှာ အိမ်လွမ်းတဲ့ ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရတာတွေကို ကုစားတဲ့အနေနဲ့ Blog ကို စရေးဖြစ်ခဲ့တယ်။ အဲ့ဒီအချိန်တုန်းက သာမန်ပြည်သူတွေအနေနဲ့ မြန်မာပြည်မှာ အင်တာနက်ကို တစ်နာရီ ၁၅၀၀ ကျပ်နဲ့ အင်တာနက်ကဖီးတွေမှာ တမေ့တမော သုံးနေရတဲ့ခေတ်ဆိုတော့ ပြည်တွင်းက လူတွေနဲ့ အရမ်းကြီး အဆက်အသွယ်တွေ လွယ်ကူမြန်ဆန်ခဲ့တာတော့ မဟုတ်ခဲ့ဘူး။   အဲ့ဒီကာလတွေတုန်းက များသောအားဖြင့်တော့ ပြည်ပနေ မြန်မာ Blogger တွေ အချင်းချင်းပဲ သူ့ blog ကိုယ့် blog သွားလည်ကြ၊ စာတွေဖတ်၊ Comment တွေ ရေးရင်းနဲ့ အထီးကျန်မှုတွေကို ဖြေဖျောက်ခဲ့ရတာတွေကို အသေအချာ မှတ်မိတယ်။ မနိုင်းနိုင်းစနေ၊ ကိုညီလင်းသစ်၊ မစန်းထွန်းနဲ့ သက်တန့်ချိုတို့ကိုတော့ အခုထိ သေသေချာချာကြီးကို မှတ်မိနေတုန်း။ နောက် အာဖရိကမှာ တာဝန်ကျတဲ့ မြန်မာဆရာဝန် Blogger...

ကမ္ဘာသစ်

သူငယ်ချင်းရေ     ငါတို့တွေ ကျောင်းပြီးကတည်းက မတွေ့ကြတော့ဘူးနော်၊၊ ကျောင်းတော်ကြီးတုန်းက ငါတို့တွေ အိပ်မက်တွေကိုယ်စီနဲ့ ဘဝအတွက် အုတ်မြစ်ကိုယ်စီ ချခဲ့ကြတယ်၊၊ တချို့တွေလဲ ကိုယ့်လမ်းကြောင်းပေါ် ကိုယ်စီလျှောက်လို့။ မမျော်လင့်ပဲနဲ့ ဘဝဆိုတဲ့ ပင်လယ်ကြီးက ငါတို့အတွက် ကျယ်ပြန့်လွန်းနေတယ်၊၊     သူငယ်ချင်းရေ မင်းမှတ်မိသေးလား၊၊ ငါတို့တွေ မွေးရပ်မြေ အတွက် အိပ်မက်ကိုယ်စီ မက်ခဲ့ကြတယ်လေ၊၊ မင်းဖြစ်ချင်ခဲ့တဲ့ အိပ်မက်တွေကို ငါအခုထိမှတ်မိနေတုန်းပဲ၊၊ ဆယ်ကျော်သက် စိတ်ကူးတွေနဲ့ ငါတို့တတွေ လောကကြီးကို လှပသွားအောင် ဆေးရောင်စုံ ချယ်ခဲ့ကြတယ်၊၊ လောဘဇောတိုက်တဲ့ လူတွေအကြောင်း ငါတို့တွေ ဝိုင်းပြီးရှုံ့ချခဲ့ကြတယ်လေ၊၊ အတ္တကြီးတဲ့ လူ့ငနဲတွေရဲ့ စိတ်ဓာတ်ကို ငါတို့တတွေ အံ့သြခဲ့ကြသေးတယ်၊၊     လောကကြီးက ငါတို့ထင်ထားတာထက် ပိုပြီးတော့ ရှုပ်ထွေးနေတယ်၊၊ ရံဖန်ရံခါကြတော့ ငါတို့ထင်ထားတဲ့ မှားယွင်းမှုတွေက လုပ်သင့်လုပ်ထိုက်တာတွေတဲ့၊၊ ငါတို့တွေအမြဲ ပြောဖြစ်ခဲ့တဲ့ ကိုယ်ခြင်းစာတရားက ပျော့ညံ့မှုတဲ့၊၊ သူငယ်ချင်းရယ် မိုးခါးရေတွေသောက်နေတဲ့ လူတွေကြားမှာ ငါတို့ရဲ့ သစ္စာတရားက အရောင်မလက်တော့တာ အမ...