ဒီရက်ပိုင်းအတွင်း ဆောင်းဦးလေးလဲ လွန်ခါစဆိုတော့ တောင်တက်၊ စက်ဘီးစီးလေ့ကျင့်ခန်းတွေလုပ်ဖို့ အားလုံးက တပြင်ပြင်ပေါ့၊၊ ဒါနဲ့ ခရီးလည်းသိပ်မဝေး လူလဲ သိပ်မပင်ပန်းမယ့် Mt.Badger ကို လှမ်းတက်မယ်ဆိုပြီး အားလုံးလူစုမိသွားကြတယ်၊၊ နွေရာသီကျောင်းက ပိတ်ခါစဆိုတော့ တစ်နှစ်လုံးစောစောထပြီး ကျောင်းသွားခဲ့ရသမျှ အတိုးချပြီး အိပ်တာ တောင်တက်မယ့်မနက်ခင်း ရောက်တော့ မနည်းကုန်းရုန်းပြီး ထရတယ်၊၊ တောင်တက်ဖိနပ်တွေစီးလို့ ရှိုးတွေအပြည့်နဲ့ မသိရင် ပရိုဖက်ရှင်နယ် တောင်တက်သမားဂိုက်ပေါ့၊၊
ဒီလိုနဲ့ ရေဘူးတွေ စားစရာတွေ ခါးမှာချိတ်လို့ စတိုင်အပြည့်နဲ့ အိမ်ကထွက်လာရော မိုးက ဟောခနဲပဲ ပြိုဆင်းလာတော့တာပါပဲ၊၊ ဒါနဲ့ အန်တီကြီးတစ်ယောက်ကက ဘယ်သူကများ မိုးကို ဒီနေ့မှ အော်ဒါမှာထားရတာလဲလို့ ထပြောတာနဲ့ အားလုံးဝိုင်းပြီး ရီကြရသေးတယ်၊၊ အဲဒီနောက် လေးဆယ့်ငါးမိနစ်လောက် ကားမောင်းသွားတာနဲ့ တောင်ခြေကို ရောက်ပါတယ်၊၊လေတဖြူးဖြူး မိုးတဖွဲဖွဲနဲ့အိပ်ရာထဲသာ ကွေးနေချင်တော့တယ်၊၊ဒါပေမယ့်လည်းလေ ရောက်ပြီဆိုမှတော့ တက်ရအုံးမှာပေါ့၊၊
တောင်ဘေးပတ်လည်မှာ တက်ရလွယ်ဖို့ လူသွားလမ်းကလေးတွေ ဖောက်ပေးထားပါတယ်၊၊ တချို့နေရာတွေမှာ နားနေဖို့ ခုံတန်းလေးတွေလဲ ချထားပေးတာပေါ့၊၊ ကျနော်ကတော့ ၁၅မိနစ်တစ်ခါ အနားယူတာပါပဲ၊၊
တောင်တက်ရင်း လမ်းတစ်ဝက်မှာ ဆုံတဲ့ မိတ်ဆွေတစ်ယောက်က ဘယ်ကလာလဲလို့ မေးပါတယ်၊၊ ကျနော်လဲ ရင်ကော့ပြီး ဗမာပြည်ကလို့ ပြောတာပေါ့၊၊ စိတ်ထဲမှာတော့ ဒီလူငါ့ကို ဗမာပြည်ဘယ်မှာဆိုတာ ထပ်မေးပြန်အုံးမယ်လို့ တွေးမိလိုက်ပါသေးတယ်၊၊ ဒါပေမယ့် သူက ချက်ချင်းပဲထပ်ပြောပါတယ်၊၊ အော် အစိုးရသစ်တက်လာတဲ့ ပြည်သာယာက မဟုတ်လားတဲ့၊၊ အောင့်သက်သက်နဲ့ ဟုတ်ပါတယ်ဆိုပြီး ဝန်ခံခဲ့ရပါတယ်၊၊
သူများတွေ တောင်ထိပ်ရောက်တော့ ကျနော်နဲ့အဖွဲ့သားတွေက တောင်တစ်ဝက်တောင် မရောက်ချင်သေးပါဘူး၊၊ အချင်းချင်းအားပေးလိုက် ရီလိုက်နဲ့ ပက်ကျိထက်သာတဲ့ ခြေလှမ်းမျိုးတွေနဲ့ တက်ခဲ့ကြပါတယ်၊၊ တောင်ထိပ်နီးလာတော့ လေကပိုတိုက်လာပါတယ်၊၊ ဝတ်လာတဲ့ မိုးကာလေးကလဲ အချမ်းဒဏ်ကို ကော့နေအောင် ခံရပါတယ်၊၊
တဖြည်းဖြည်းနဲ့တက်ရင်း နောက်ဆုံးမှာတော့ တောင်ထိပ်ကို ရောက်လာခဲ့ပါတယ်၊၊ အပေါ်စီးက မြင်နေရတဲ့ စိုက်ခင်းစိမ်းစိမ်းလေးတွေက လူကို လန်းဆန်းသွားစေပါတယ်၊၊ ညီညာနေတဲ့ သစ်ပင်တန်းတွေက အမြင်ဆန်းဆန်းလေးဖြစ်နေပါတယ်၊၊ မြို့လေးထဲမှာ ပိတ်မိပြီး မွန်းကြပ်နေသမျှ ဘယ်ကို ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားမှန်းကို သတိမထားမိအောင် မြင်ကွင်းတွေက လူကိုဆွဲဆောင်နိူင်လွန်းပါတယ်၊၊ အဝေးက လှမ်းမြင်နေရတဲ့ Cascade တောင်တန်းကြီးကလဲခန့်ခန့်ညားညားနဲ့ မြို့ငယ်လေးကို ဝန်းရံ ကာကွယ်နေသလိုပါပဲ၊၊
အဲဒီတောင်တက်ခရီးမှာ ဇနီးသည်ကို သိပ်ပြီးဂရုစိုက်တဲ့ ဒန်ကိုလည်း လေးစားမိပါတယ်၊၊ သူ့အမျိုးသမီးမျက်နှာ တကြည့်ကြည့်နဲ့ ဂရုစိုက်တာ သူ့ကမျာ ကလေးတွေကတဖက်နဲ့ အလုပ်တွေရှုပ်နေတာပါ၊၊ ဒီလိုပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တွေ တွေ့ရပြန်တော့လည်း စိတ်ချမ်းသာရပြန်ပါတယ်၊၊
တောင်ထိပ်ပေါ်မှာ နာရီဝက်လောက်နားပြီး ကျနော်တို့ ပြန်ဆင်းခဲ့ကြပါတယ်၊၊ အဆင်းကျတော့ သိပ်မပင်ပန်းပဲနဲ့ အချိန်တိုတိုလေးအတွင်းမှာ တောင်အောက်ရောက်သွားခဲ့ပါတယ်၊၊ အဲဒီနေ့ ခရီးစဉ်လေးကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းလိုက်ရပါတယ်၊၊ မောခဲ့သမျှ ပန်းခဲ့သမျှ အိမ်ကိုပြန်ရောက်တော့ ထမင်းနှစ်ပန်းကန်တောင် စားပစ်လိုက်ပါတယ်၊၊

Comments