Skip to main content

Mt. Badger သို့ အလည်တစ်ခေါက်

       ဒီရက်ပိုင်းအတွင်း ဆောင်းဦးလေးလဲ လွန်ခါစဆိုတော့ တောင်တက်၊ စက်ဘီးစီးလေ့ကျင့်ခန်းတွေလုပ်ဖို့ အားလုံးက တပြင်ပြင်ပေါ့၊၊ ဒါနဲ့ ခရီးလည်းသိပ်မဝေး လူလဲ သိပ်မပင်ပန်းမယ့် Mt.Badger ကို လှမ်းတက်မယ်ဆိုပြီး အားလုံးလူစုမိသွားကြတယ်၊၊ နွေရာသီကျောင်းက ပိတ်ခါစဆိုတော့ တစ်နှစ်လုံးစောစောထပြီး ကျောင်းသွားခဲ့ရသမျှ အတိုးချပြီး အိပ်တာ တောင်တက်မယ့်မနက်ခင်း ရောက်တော့ မနည်းကုန်းရုန်းပြီး ထရတယ်၊၊ တောင်တက်ဖိနပ်တွေစီးလို့ ရှိုးတွေအပြည့်နဲ့ မသိရင် ပရိုဖက်ရှင်နယ် တောင်တက်သမားဂိုက်ပေါ့၊၊
      ဒီလိုနဲ့ ရေဘူးတွေ စားစရာတွေ ခါးမှာချိတ်လို့ စတိုင်အပြည့်နဲ့ အိမ်ကထွက်လာရော မိုးက ဟောခနဲပဲ ပြိုဆင်းလာတော့တာပါပဲ၊၊ ဒါနဲ့ အန်တီကြီးတစ်ယောက်ကက ဘယ်သူကများ  မိုးကို ဒီနေ့မှ အော်ဒါမှာထားရတာလဲလို့ ထပြောတာနဲ့ အားလုံးဝိုင်းပြီး ရီကြရသေးတယ်၊၊ အဲဒီနောက်  လေးဆယ့်ငါးမိနစ်လောက် ကားမောင်းသွားတာနဲ့ တောင်ခြေကို ရောက်ပါတယ်၊၊လေတဖြူးဖြူး မိုးတဖွဲဖွဲနဲ့အိပ်ရာထဲသာ  ကွေးနေချင်တော့တယ်၊၊ဒါပေမယ့်လည်းလေ ရောက်ပြီဆိုမှတော့ တက်ရအုံးမှာပေါ့၊၊
 

 
တောင်ဘေးပတ်လည်မှာ တက်ရလွယ်ဖို့ လူသွားလမ်းကလေးတွေ ဖောက်ပေးထားပါတယ်၊၊ တချို့နေရာတွေမှာ နားနေဖို့ ခုံတန်းလေးတွေလဲ ချထားပေးတာပေါ့၊၊ ကျနော်ကတော့ ၁၅မိနစ်တစ်ခါ အနားယူတာပါပဲ၊၊
     တောင်တက်ရင်း  လမ်းတစ်ဝက်မှာ ဆုံတဲ့ မိတ်ဆွေတစ်ယောက်က ဘယ်ကလာလဲလို့ မေးပါတယ်၊၊ ကျနော်လဲ ရင်ကော့ပြီး ဗမာပြည်ကလို့ ပြောတာပေါ့၊၊ စိတ်ထဲမှာတော့ ဒီလူငါ့ကို ဗမာပြည်ဘယ်မှာဆိုတာ ထပ်မေးပြန်အုံးမယ်လို့ တွေးမိလိုက်ပါသေးတယ်၊၊ ဒါပေမယ့် သူက ချက်ချင်းပဲထပ်ပြောပါတယ်၊၊ အော် အစိုးရသစ်တက်လာတဲ့ ပြည်သာယာက မဟုတ်လားတဲ့၊၊ အောင့်သက်သက်နဲ့ ဟုတ်ပါတယ်ဆိုပြီး ဝန်ခံခဲ့ရပါတယ်၊၊
    သူများတွေ တောင်ထိပ်ရောက်တော့ ကျနော်နဲ့အဖွဲ့သားတွေက တောင်တစ်ဝက်တောင် မရောက်ချင်သေးပါဘူး၊၊ အချင်းချင်းအားပေးလိုက် ရီလိုက်နဲ့ ပက်ကျိထက်သာတဲ့ ခြေလှမ်းမျိုးတွေနဲ့ တက်ခဲ့ကြပါတယ်၊၊ တောင်ထိပ်နီးလာတော့ လေကပိုတိုက်လာပါတယ်၊၊ ဝတ်လာတဲ့ မိုးကာလေးကလဲ အချမ်းဒဏ်ကို ကော့နေအောင်  ခံရပါတယ်၊၊


  တဖြည်းဖြည်းနဲ့တက်ရင်း နောက်ဆုံးမှာတော့ တောင်ထိပ်ကို ရောက်လာခဲ့ပါတယ်၊၊ အပေါ်စီးက မြင်နေရတဲ့ စိုက်ခင်းစိမ်းစိမ်းလေးတွေက လူကို လန်းဆန်းသွားစေပါတယ်၊၊ ညီညာနေတဲ့ သစ်ပင်တန်းတွေက အမြင်ဆန်းဆန်းလေးဖြစ်နေပါတယ်၊၊ မြို့လေးထဲမှာ ပိတ်မိပြီး မွန်းကြပ်နေသမျှ ဘယ်ကို ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားမှန်းကို သတိမထားမိအောင် မြင်ကွင်းတွေက လူကိုဆွဲဆောင်နိူင်လွန်းပါတယ်၊၊ အဝေးက လှမ်းမြင်နေရတဲ့ Cascade တောင်တန်းကြီးကလဲခန့်ခန့်ညားညားနဲ့ မြို့ငယ်လေးကို ဝန်းရံ ကာကွယ်နေသလိုပါပဲ၊၊
   အဲဒီတောင်တက်ခရီးမှာ ဇနီးသည်ကို သိပ်ပြီးဂရုစိုက်တဲ့ ဒန်ကိုလည်း  လေးစားမိပါတယ်၊၊ သူ့အမျိုးသမီးမျက်နှာ တကြည့်ကြည့်နဲ့ ဂရုစိုက်တာ သူ့ကမျာ ကလေးတွေကတဖက်နဲ့ အလုပ်တွေရှုပ်နေတာပါ၊၊ ဒီလိုပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တွေ တွေ့ရပြန်တော့လည်း စိတ်ချမ်းသာရပြန်ပါတယ်၊၊
    တောင်ထိပ်ပေါ်မှာ နာရီဝက်လောက်နားပြီး ကျနော်တို့ ပြန်ဆင်းခဲ့ကြပါတယ်၊၊ အဆင်းကျတော့ သိပ်မပင်ပန်းပဲနဲ့ အချိန်တိုတိုလေးအတွင်းမှာ တောင်အောက်ရောက်သွားခဲ့ပါတယ်၊၊ အဲဒီနေ့ ခရီးစဉ်လေးကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းလိုက်ရပါတယ်၊၊ မောခဲ့သမျှ ပန်းခဲ့သမျှ အိမ်ကိုပြန်ရောက်တော့ ထမင်းနှစ်ပန်းကန်တောင် စားပစ်လိုက်ပါတယ်၊၊

Comments

Popular posts from this blog

ကျန်းမာရေးစောင့်ရှောက်မှုစနစ်

အမိမြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြည်သူတွေတော်တော်များများက လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ မြင်ကြပါတယ်၊၊ မြင်တဲ့အတိုင်းလည်း မှန်ကန်တယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်၊၊ အိမ်နီးနားချင်း  ယိုးဒယားပြည်က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နှိုင်းယှဉ်ပြီး အမိနိူင်ငံရဲ့ ကျန်းမာရေးစနစ်ကို မချင့်မရဲ ဖြစ်နေကြတဲ့သူတွေလည်း တပုံတပင်ကြီးပါ၊၊ ကျွန်တော်ဟာ ယိုးဒယားပြည်ကို  မရောက်ခဲ့ဖူးပေမယ့် သူငယ်ချင်းမိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးကြောင့် ယိုးဒယားနိူင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို တစွန်းတစ မြင်တွေ့ခွင့်ရခဲ့ပါတယ်၊၊ အဖြစ်အပျက်က ဒီလိုပါ၊၊ ကျွန်တော့်ရဲ့ မိတ်ဆွေအမျိုးသမီးဟာ ဘန်ကောက်မြို့ရဲ့ လမ်းကြားတစ်နေရာမှာ ကားအတိုက်ခံရပါတယ်၊၊ တိုက်တဲ့လူက တာဝန်မယူပဲ  တစ်ခါတည်းကို ထွက်ပြေးသွားပါတယ်၊၊ သူမဟာ သွေးအိုင်ထဲမှာ မိနစ်တော်တော်ကြာ လဲကျနေခဲ့တယ်၊၊ ကံကောင်းထောက်မစွာပဲ ထိုင်းအမျိုးသမီးတစ်ယောက်ကနေပြီး သူမကို ဆေးရုံပို့ပေးခဲ့တယ်၊၊ ဒီနောက်တော့ သူမဟာ သူမရဲ့ ခြေထောက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရပါတယ်၊၊ တစ်လခွဲနီးပါး ဆေးရုံပေါ်မှာ ကုသခံယူပြီးနောက်မှာတော့ သူမဟာ ဆေးရုံပေါ်က ဆင်းခွင့...

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...

ငါဟာ ဘယ်သူလဲ? Who am I?

  လွန်ခဲ့တဲ့ နှစ်အနည်းက စပြီး စာရေးသူ မကြာခဏ တွေးဖြစ်တဲ့ အကြောင်းအရာတွေက ဘာများလဲဆိုတော့  ငါဟာ ဘယ်သူလဲ (Who am I?)   ငါ့ရဲ့  စိတ်ခံစားမှုတွေနဲ့ တုံ့ပြန်မှုတွေက ဘယ်ကနေ လာတာလဲ  (What triggers me?)   ငါ့ရဲ့ စိတ်ဒဏ်ရာတွေက ဘယ်နေရာ ဘယ်အချိန်တုန်းက စလာခဲ့သလဲ ( What are my traumas?)   ဒီ စိတ်ဒဏ်ရာတွေက ခုလက်ရှိ ဘဝကို ဘယ်လို အကျိုး သက်ရောက်နေသလဲ ( How are my traumas affecting my adult life?)   ဒီ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားနေလဲ ( How is my healing journey?)   ငါဟာ ဘယ်သူလဲ? ဒီမေးခွန်းက တိုတို‌လေးနဲ့ အဓိပ္ပါယ်အရမ်းလေးနက်တာမို့ စာတစ်ကြောင်း၊နှစ်ကြောင်းလောက်နဲ့ ပြီးပြည့်စုံအောင် ဖြေဖို့ ခက်ပါတယ်။ စာရေးသူအနေနဲ့ ဒီမေးခွန်းကို ဖြေဖို့ရာ အချိန်တွေ အကြာကြီးယူခဲ့ရသလို ဖတ်ခဲ့ရတဲ့ စာအုပ်တွေလည်း မနည်းပါဘူး။ လမ်းရှာရင် လမ်းတွေ့မယ်ဆိုတဲ့ စကားပုံလိုပါပဲ စာရေးသူဟာ ကံကောင်းထောက်မစွာနဲ့ ဒီမေးခွန်းကို အဖြေရှာနေတဲ့ မိတ်ဆွေတစ်စုနဲ့ ဆုံဆည်းခွင့်ရပါတယ်။ နှစ်ပတ် တစ်ကြိမ် အွန်လိုင်းပေါ်မှာ တွေ့ကြပြီး မိမိရဲ့ အတွေ့အကြုံတွေနဲ့ အတွေးစတွေကို ရင်ဘတ်ချင်းတူတဲ့ မိတ်ဆွေ...