Skip to main content
လူသွားစင်္ကြန်

တခါက ဘဏ်လုပ်ငန်းသူဌေးကြီးတစ်ဦး သေလွန်ပြီးနောက် ကောင်းကင်နိူင်ငံ တံခါးဝအနီးကို ချွေးတွေတပြိုက်ပြိုက်နဲ့ လေးလံတဲ့ လက်ဆွဲအိပ်ကြီးတစ်လုံးဆွဲလို့  ရောက်လာပါတယ်၊၊ ဒါနဲ့ တံခါးစောင့်တဲ့ တမန်တော် ပီတာက “ အဲဒီအိပ်ကြီးကို ထားခဲ့ပြီး ဝင်လာပါခင််ဗျာ“ လို့ ရိုရိုသေသေ နှုတ်ခွန်းဆက်ပါတယ်၊၊
ဒီမှာ ဘဏ်လုပ်ငန်းရှင်ကြီးက “ဒီအိပ်ကို လုံးဝထားခဲ့လို့ မရဘူး“လို့ အကြောက်အကန် ငြင်းပါတော့တယ်၊၊ ဒီတော့ “ ဘာတွေကများ ဒီလောက်တောင် အရေးကြီးနေတာလ“ဲလို့ တမန်တော်ပီတာက ပြန်မေးပါတယ်၊၊ မခံချင်ဖြစ်သွားတဲ့ သူဌေးကြီးက အိတ်ထဲမှာ ပါလာတဲ့ ရွှေတုံး ငါးဆယ်ကို ဖွင့်ပြပါတယ်၊၊ ရွှေတုံးတွေလဲ မြင်ရော တမန်တော် ပီတာက အံ့အားတကြီးနဲ့ “ ခင်ဗျားက လူသွားစကြင်္န ယူလာခဲ့တာလား“ တဲ့၊၊
(မှတ်ချက်၊၊ ကောင်းကင်နိူင်ငံသည် ရွှေသားအပြည့်ခင်းထားသော လူသွားလမ်းများရှိသည်ဟု ယုံကြည်ကြပါသည်၊၊)

မနေနိူင်ဘူး

စိတ်ရောဂါ အထူးကု ဆရာဝန်သုံးဦး စကားဖောင်ဖွဲ့နေကြသည်၊၊ တစ်ယောက်က “ လူတွေအားလုံးက ကျွန်တော်ဆီကို လာရင်  ပြဿနာတွေနဲ့ လာကြတယ်၊၊ ကျွန်တော် စိတ်ညစ်စရာရှိတော့ နားထောင်ပေးမယ့်သူမရှိဘူး“ ဟု ရင်ဖွင့်ရာ အခြားနှစ်ဦးက သူတို့လည်း ထိုနည်းလည်းကောင်း ခံစားရကြောင်း ထောက်ခံသည်၊၊ ဒါနဲ့ အချင်းချင်း ရင်ဖွင့်ကြရန် ဆုံးဖြတ်လိုက်ကြသည်၊၊


ပထမလူ၊၊    ၊၊ ကျွန်တော်က အသုံးအဖြုန်းသိပ်ကြီးလို့ အမြဲတမ်း အကြွေးလည်ပင်းနှစ်နေတယ်၊၊ အဲဒီအကြွေးတွေ ကာမိအောင် လူနာတွေကို ပိုက်ဆံများများပိုတောင်းတယ်၊၊

ဒုတိယလူ၊၊     ၊၊ ကျွန်တော်ကတော့ ဆေးစွဲတဲ့ ပြဿနာရှိတယ်၊၊ အဲဒါကြောင့် လူနာတွေကို ဆေးဝယ်ပေးဖို့ အမြဲဖိအားပေးလေ့ရှိတယ်၊၊

တတိယလူ၊၊     ၊၊ ကျွန်တော် အဲဒီအကျင့်မကောင်းဘူးဆိုတာ သိတယ်၊၊ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား မဖျောက်နိူင်ဘူး အဲဒီအကျင့်ကို၊၊

ကျန်ဆရာဝန်နှစ်ယောက် စိတ်ဝင်စားစွာဖြင့် “ ဘာကိုလဲ ကိုယ့်လူ“။
“ သူများ လျှို့ဝှက်ချက်တွေ မပြောပဲ မနေနိူင်ဘူးဗျာ“.........


လေးပုံတစ်ပုံ

သချင်္ာပညာရှင်တစ်ယောက် အိမ်အပြန် နောက်ကျသဖြင့် ဇနီးသည်က ဗျစ်တောက်ဗျစ်တောက်လုပ်နေသည်၊၊
“ ရှင်ပြောတော့ ၁၁:၄၅ မိနစ်( a quarter to 12)မှာ ပြန်လာမယ်ဆို...ခု မနက်သုံးနာရီတောင် ထိုးပြီ ဘယ်ကိုသဝေထိုးနေတာတုန်း“
“ မိန်းမရယ် တကယ်တော့ ငါပြောတာက ၁၂ နာရီရဲ့ လေးပုံတစ်ပုံ(a quarter of 12)မှာ ပြန်လာမယ်လို့ ပြောတာပါ“




Reader's Digest.com မှ နားလည်သလို ဘာသာပြန်ပါသည်၊၊

Comments

Popular posts from this blog

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...

မင်္ဂလာပါ

ဒီ Blog လေးမှာ ပထမဦးဆုံး ပိုစ့်ကို Published လုပ်ခဲ့တာက 2010 ခုနှစ် သြဂုတ်လဆိုတော့ 12 နှစ် နီးပါး ရှိခဲ့ပြီပေါ့။ နောက်ဆုံးရေးခဲ့တဲ့ ပို့စ်ကျတော့ 2013 ခုနှစ် ဇူလိုင်လဆိုတော့ ဒီ Blog လေးနဲ့ အဆက်ပြတ်သွားခဲ့တာ 9 နှစ်ကျော်ကျော် ရှိခဲ့ပြီ။   စာရေးသူ အသက်က 20 ကျော် စွန်းစွန်းလေးနဲ့ အမေရိကား ရောက်လာခဲ့တဲ့အချိန်မှာ အိမ်လွမ်းတဲ့ ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရတာတွေကို ကုစားတဲ့အနေနဲ့ Blog ကို စရေးဖြစ်ခဲ့တယ်။ အဲ့ဒီအချိန်တုန်းက သာမန်ပြည်သူတွေအနေနဲ့ မြန်မာပြည်မှာ အင်တာနက်ကို တစ်နာရီ ၁၅၀၀ ကျပ်နဲ့ အင်တာနက်ကဖီးတွေမှာ တမေ့တမော သုံးနေရတဲ့ခေတ်ဆိုတော့ ပြည်တွင်းက လူတွေနဲ့ အရမ်းကြီး အဆက်အသွယ်တွေ လွယ်ကူမြန်ဆန်ခဲ့တာတော့ မဟုတ်ခဲ့ဘူး။   အဲ့ဒီကာလတွေတုန်းက များသောအားဖြင့်တော့ ပြည်ပနေ မြန်မာ Blogger တွေ အချင်းချင်းပဲ သူ့ blog ကိုယ့် blog သွားလည်ကြ၊ စာတွေဖတ်၊ Comment တွေ ရေးရင်းနဲ့ အထီးကျန်မှုတွေကို ဖြေဖျောက်ခဲ့ရတာတွေကို အသေအချာ မှတ်မိတယ်။ မနိုင်းနိုင်းစနေ၊ ကိုညီလင်းသစ်၊ မစန်းထွန်းနဲ့ သက်တန့်ချိုတို့ကိုတော့ အခုထိ သေသေချာချာကြီးကို မှတ်မိနေတုန်း။ နောက် အာဖရိကမှာ တာဝန်ကျတဲ့ မြန်မာဆရာဝန် Blogger...

ကမ္ဘာသစ်

သူငယ်ချင်းရေ     ငါတို့တွေ ကျောင်းပြီးကတည်းက မတွေ့ကြတော့ဘူးနော်၊၊ ကျောင်းတော်ကြီးတုန်းက ငါတို့တွေ အိပ်မက်တွေကိုယ်စီနဲ့ ဘဝအတွက် အုတ်မြစ်ကိုယ်စီ ချခဲ့ကြတယ်၊၊ တချို့တွေလဲ ကိုယ့်လမ်းကြောင်းပေါ် ကိုယ်စီလျှောက်လို့။ မမျော်လင့်ပဲနဲ့ ဘဝဆိုတဲ့ ပင်လယ်ကြီးက ငါတို့အတွက် ကျယ်ပြန့်လွန်းနေတယ်၊၊     သူငယ်ချင်းရေ မင်းမှတ်မိသေးလား၊၊ ငါတို့တွေ မွေးရပ်မြေ အတွက် အိပ်မက်ကိုယ်စီ မက်ခဲ့ကြတယ်လေ၊၊ မင်းဖြစ်ချင်ခဲ့တဲ့ အိပ်မက်တွေကို ငါအခုထိမှတ်မိနေတုန်းပဲ၊၊ ဆယ်ကျော်သက် စိတ်ကူးတွေနဲ့ ငါတို့တတွေ လောကကြီးကို လှပသွားအောင် ဆေးရောင်စုံ ချယ်ခဲ့ကြတယ်၊၊ လောဘဇောတိုက်တဲ့ လူတွေအကြောင်း ငါတို့တွေ ဝိုင်းပြီးရှုံ့ချခဲ့ကြတယ်လေ၊၊ အတ္တကြီးတဲ့ လူ့ငနဲတွေရဲ့ စိတ်ဓာတ်ကို ငါတို့တတွေ အံ့သြခဲ့ကြသေးတယ်၊၊     လောကကြီးက ငါတို့ထင်ထားတာထက် ပိုပြီးတော့ ရှုပ်ထွေးနေတယ်၊၊ ရံဖန်ရံခါကြတော့ ငါတို့ထင်ထားတဲ့ မှားယွင်းမှုတွေက လုပ်သင့်လုပ်ထိုက်တာတွေတဲ့၊၊ ငါတို့တွေအမြဲ ပြောဖြစ်ခဲ့တဲ့ ကိုယ်ခြင်းစာတရားက ပျော့ညံ့မှုတဲ့၊၊ သူငယ်ချင်းရယ် မိုးခါးရေတွေသောက်နေတဲ့ လူတွေကြားမှာ ငါတို့ရဲ့ သစ္စာတရားက အရောင်မလက်တော့တာ အမ...