ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့အခါ၊ကြိုးစားထားသမျှ အရာမထင်လာတဲ့ အခါမျိုးမှာ စိတ်ပျက်အားငယ်လာတတ်သလား? ဒါမှမဟုတ် လောကကြီးက ဘာပဲလုပ်လုပ် ကိုယ့်ကိုယ်အခွင့်အရေးမပေးဘူးလို့များ စဉ်းစားမိခဲ့လား? တကယ်လို့ ဒီလိုစဉ်းစားမိခဲ့တယ်ဆိုရင် ဒါဟာ ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဉ်တစ်ခုပါပဲ၊၊ ဒါပေမယ့် အမြဲလိုလိုဖြစ်နေခဲ့တယ်ဆိုရင်တော့ ဒါဟာ ကောင်းတဲ့ လက္ခဏာမဟုတ်ပါဘူး၊၊ ကျနော်ဆိုရင် အင်မတန်မှ စိတ်တက်လွယ်၊ ကျလွယ်တဲ့ လူတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်၊၊ ဆယ်ကျော်သက်အရွယ်မှာ အိပ်မက်တွေ မနိူင်မနင်းထမ်းရင်း မျှော်လင့်ချက်တွေ အများကြီးနဲ့ ကြိုးစားခဲ့ဖူးပါတယ်၊၊ ဒါပေမယ့် သိကြတဲ့အတိုင်း လောကကြီးက ကိုယ်မမွေးလာခင် အဆင်သင့် ပြင်ဆင်ပြီး ကြိုဆိုနေခဲ့တာမှ မဟုတ်တာ၊၊ ဖြစ်ချင်သလိုဖြစ်နေတဲ့ လောကကြီးမှာ ကိုယ်က ဝင်လာခဲ့ရတာဆိုတော့ တချို့အိပ်မက်တွေကို စွန့်လွှတ်ခဲ့ရတယ်၊၊ စွန့်လွှတ်ရမယ့်အချိန်နဲ့ စွန့်လွှတ်ရမယ့် အနေအထားရောက်လာခဲ့ရင်
စိတ်ကူးတည့်ရာ အတွေးများနဲ့ ဘဝဖြောင့်ကြောင်း တစေ့တစောင်း