Skip to main content

ကြိုးစားမယ်

ဖြစ်ချင်တာတွေ  ဖြစ်မလာတဲ့အခါ၊ကြိုးစားထားသမျှ အရာမထင်လာတဲ့ အခါမျိုးမှာ စိတ်ပျက်အားငယ်လာတတ်သလား?  ဒါမှမဟုတ် လောကကြီးက ဘာပဲလုပ်လုပ် ကိုယ့်ကိုယ်အခွင့်အရေးမပေးဘူးလို့များ စဉ်းစားမိခဲ့လား? တကယ်လို့ ဒီလိုစဉ်းစားမိခဲ့တယ်ဆိုရင် ဒါဟာ ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဉ်တစ်ခုပါပဲ၊၊ ဒါပေမယ့် အမြဲလိုလိုဖြစ်နေခဲ့တယ်ဆိုရင်တော့  ဒါဟာ ကောင်းတဲ့ လက္ခဏာမဟုတ်ပါဘူး၊၊

ကျနော်ဆိုရင် အင်မတန်မှ စိတ်တက်လွယ်၊ ကျလွယ်တဲ့ လူတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်၊၊ ဆယ်ကျော်သက်အရွယ်မှာ  အိပ်မက်တွေ မနိူင်မနင်းထမ်းရင်း မျှော်လင့်ချက်တွေ အများကြီးနဲ့ ကြိုးစားခဲ့ဖူးပါတယ်၊၊ ဒါပေမယ့် သိကြတဲ့အတိုင်း လောကကြီးက ကိုယ်မမွေးလာခင် အဆင်သင့် ပြင်ဆင်ပြီး ကြိုဆိုနေခဲ့တာမှ မဟုတ်တာ၊၊ ဖြစ်ချင်သလိုဖြစ်နေတဲ့ လောကကြီးမှာ ကိုယ်က ဝင်လာခဲ့ရတာဆိုတော့ တချို့အိပ်မက်တွေကို စွန့်လွှတ်ခဲ့ရတယ်၊၊

စွန့်လွှတ်ရမယ့်အချိန်နဲ့  စွန့်လွှတ်ရမယ့် အနေအထားရောက်လာခဲ့ရင်
ကိုယ့်ကိုယ် ကိုသိပ်မနာကျင်စေမိအောင်ထိန်းသိမ်းနိူင်ဖို့ အရမ်းကို အရေးကြီးပါတယ်၊၊ နေရာဒေသပြောင်းရွှေ့ရလို့ အလုပ်အကိုင်တွေ ပရမ်းပတာ ဖြစ်ခဲ့ရတာမျိုး ကြုံဖူးကြမှာပါ၊၊ စိတ်ဓာတ်တွေ ထိုးကျသွားတာမျိုး မဖြစ်ရအောင် ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ အရမ်းအရေးကြီးပါတယ်၊၊ လူတစ်ယောက်ဟာ မျှော်လင့်ချက်နဲ့ဦးတည်ရာ ပျောက်ဆုံးသွားခဲ့ရင်သူ့ရဲ့အသက်ရှင် နေထိုင်မှုဟာ အရမ်းကို အန္တရာယ်ကြီးသွားပါပြီ၊၊  ဖြစ်ချင်ရာဖြစ်ဆိုပြီး  ဘဝကို ရေစုံမျှောပစ်လိုက်ဖို့ အရမ်းလွယ်ကူသွားပါပြီ၊၊

ဆယ်တန်း မအောင်လို့ ဒါမှမဟုတ် မျှော်မှန်းထားတဲ့အသက်မွေးဝမ်းကျောင်းတက္ကသိုလ်မတက်ရလို့  ဆိုပြီး ကိုယ့်ကိုယ်ကိုမကျေမနပ်ဖြစ်နေမယ့်  အစား ကိုယ်ရောက်နေတဲ့ ပတ်ဝင်းကျင်မှာ ဘယ်လို အဆင်ပြေအောင် နေသွားရမလဲဆိုတာပဲ အာရုံစိုက်သင့်ပါတယ်၊၊ မနက်နေရောင်ခြည်မှာ လန်းဆန်းနေတဲ့ ပန်းတစ်ပွင့်ရဲ့ နူးညံ့မှုကို ခံစားမြင်နိူင်အောင် အကျင့်လုပ်ယူပါ၊၊  လမ်းနဘေးက လိုအပ်နေသူထံ မိတ်ဆွေမှာ ရှိတဲ့ တစ်စုံတစ်ရာကို ပေးကမ်းလိုက်ပါ၊၊ ကိုယ့်ကြောင့် သူတပါး အဆင်ပြေသွားတာ ကြည့်ပြီး ကြည်နူးပျော်ရွှင်တတ်အောင် ကြိုးစားပါ၊၊ သူတပါးရဲ့ အပြံုးတွေ ကိုယ့်ဆီကူးစက်လာအောင်  ကြိုးစားယူပါ၊၊


လောကကြီးမှာ ကိုယ်ဖြစ်ချင်တာ  လုပ်ချင်တာတွေကို လုပ်ခွင့်ရတဲ့ လူများများစားစားမရှိပါဘူး၊၊   ဒေါ်လာတစ်သန်းလောက်ရရင် စိတ်ချမ်းသာမယ်လို ့မိတ်ဆွေစဉ်းစားမိကောင်း စဉ်းစားဖူးပါလိမ့်မယ်၊၊ ထီသာ ပေါက်ခဲ့ရင် ခုလက်ရှိအလုပ်ကနေထွက်ပစ်လိုက်မယ်  ဆိုတဲ့ လူတွေ ၁၀၀ မှာ ၈၀ လောက်ရှိပါလိမ့်မယ်၊၊ ဒါပေမယ့် စဉ်းစားကြည့်ပါ ၊၊ တကယ်ပဲ ဘာမှမလုပ်ပဲ နေခဲ့ရရင် မိတ်ဆွေ ပျော်နိူင်ပါ့မလား၊၊ မနက် မိုးလင်းအစားကောင်းတွေစား ၊ အပြင်ကို လျှောက်လည်၊ ကမ္ဘာပတ်တယ်ပဲ ထားအုံး ညည်းငွေ့ခြင်းက တဖြည်းဖြည်းနဲ့ ရောက်လာမှာပါပဲ၊၊ ဒီတော့ ကိုယ်လုပ်ခွင့်ရနေတဲ့  အလုပ်လေးကို စေတနာထားပြီး စိတ်ပါဝင်စားစွာနဲ့ လုပ်ရင်း  အောင်မြင်မှုသေးသေးလေးတွေကို  ကိုယ့်ဖာသာကိုယ် ဂုဏ်ယူနိူင်အောင် ကြိုးစားပါ၊၊ ကိုယ်ပြောင်းလဲယူလို့ မရနိူင်တဲ့ အခြေအနေပေါ် အပြစ်တင်နေမယ့် အစား ဘယ်လို ရှင်သန်နိူင်မယ်ဆိုတာကိုပဲ စဉ်းစားပါ၊၊

" ဖြစ်ချင်တာတွေဖြစ်ခွင့်မရသေးခင် လုပ်နေခွင့်ရတာလေးကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပါ"

Comments

Popular posts from this blog

ကျန်းမာရေးစောင့်ရှောက်မှုစနစ်

အမိမြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြည်သူတွေတော်တော်များများက လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ မြင်ကြပါတယ်၊၊ မြင်တဲ့အတိုင်းလည်း မှန်ကန်တယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်၊၊ အိမ်နီးနားချင်း  ယိုးဒယားပြည်က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နှိုင်းယှဉ်ပြီး အမိနိူင်ငံရဲ့ ကျန်းမာရေးစနစ်ကို မချင့်မရဲ ဖြစ်နေကြတဲ့သူတွေလည်း တပုံတပင်ကြီးပါ၊၊ ကျွန်တော်ဟာ ယိုးဒယားပြည်ကို  မရောက်ခဲ့ဖူးပေမယ့် သူငယ်ချင်းမိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးကြောင့် ယိုးဒယားနိူင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို တစွန်းတစ မြင်တွေ့ခွင့်ရခဲ့ပါတယ်၊၊ အဖြစ်အပျက်က ဒီလိုပါ၊၊ ကျွန်တော့်ရဲ့ မိတ်ဆွေအမျိုးသမီးဟာ ဘန်ကောက်မြို့ရဲ့ လမ်းကြားတစ်နေရာမှာ ကားအတိုက်ခံရပါတယ်၊၊ တိုက်တဲ့လူက တာဝန်မယူပဲ  တစ်ခါတည်းကို ထွက်ပြေးသွားပါတယ်၊၊ သူမဟာ သွေးအိုင်ထဲမှာ မိနစ်တော်တော်ကြာ လဲကျနေခဲ့တယ်၊၊ ကံကောင်းထောက်မစွာပဲ ထိုင်းအမျိုးသမီးတစ်ယောက်ကနေပြီး သူမကို ဆေးရုံပို့ပေးခဲ့တယ်၊၊ ဒီနောက်တော့ သူမဟာ သူမရဲ့ ခြေထောက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရပါတယ်၊၊ တစ်လခွဲနီးပါး ဆေးရုံပေါ်မှာ ကုသခံယူပြီးနောက်မှာတော့ သူမဟာ ဆေးရုံပေါ်က ဆင်းခွင့...

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...

ငါဟာ ဘယ်သူလဲ? Who am I?

  လွန်ခဲ့တဲ့ နှစ်အနည်းက စပြီး စာရေးသူ မကြာခဏ တွေးဖြစ်တဲ့ အကြောင်းအရာတွေက ဘာများလဲဆိုတော့  ငါဟာ ဘယ်သူလဲ (Who am I?)   ငါ့ရဲ့  စိတ်ခံစားမှုတွေနဲ့ တုံ့ပြန်မှုတွေက ဘယ်ကနေ လာတာလဲ  (What triggers me?)   ငါ့ရဲ့ စိတ်ဒဏ်ရာတွေက ဘယ်နေရာ ဘယ်အချိန်တုန်းက စလာခဲ့သလဲ ( What are my traumas?)   ဒီ စိတ်ဒဏ်ရာတွေက ခုလက်ရှိ ဘဝကို ဘယ်လို အကျိုး သက်ရောက်နေသလဲ ( How are my traumas affecting my adult life?)   ဒီ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားနေလဲ ( How is my healing journey?)   ငါဟာ ဘယ်သူလဲ? ဒီမေးခွန်းက တိုတို‌လေးနဲ့ အဓိပ္ပါယ်အရမ်းလေးနက်တာမို့ စာတစ်ကြောင်း၊နှစ်ကြောင်းလောက်နဲ့ ပြီးပြည့်စုံအောင် ဖြေဖို့ ခက်ပါတယ်။ စာရေးသူအနေနဲ့ ဒီမေးခွန်းကို ဖြေဖို့ရာ အချိန်တွေ အကြာကြီးယူခဲ့ရသလို ဖတ်ခဲ့ရတဲ့ စာအုပ်တွေလည်း မနည်းပါဘူး။ လမ်းရှာရင် လမ်းတွေ့မယ်ဆိုတဲ့ စကားပုံလိုပါပဲ စာရေးသူဟာ ကံကောင်းထောက်မစွာနဲ့ ဒီမေးခွန်းကို အဖြေရှာနေတဲ့ မိတ်ဆွေတစ်စုနဲ့ ဆုံဆည်းခွင့်ရပါတယ်။ နှစ်ပတ် တစ်ကြိမ် အွန်လိုင်းပေါ်မှာ တွေ့ကြပြီး မိမိရဲ့ အတွေ့အကြုံတွေနဲ့ အတွေးစတွေကို ရင်ဘတ်ချင်းတူတဲ့ မိတ်ဆွေ...