Skip to main content

နင့်ကို သတိရတယ်

မြူခိုးနှင်းငွေ့တွေ နဲ့ ကြည်နူးစရာကောင်းတဲ့ တောင်တန်းကြီးနားက ရွာကလေးတစ်ရွာမှာ နင်ရယ် ငါရယ် ပြီးတော့  အချစ်ဆုံးသူငယ်ချင်း တစ်စုရယ် ဒီလောကကြီးထဲ ငါတို့ ဝင်လာခဲ့ကြတယ်.....

အဖြူအစိမ်းဝတ်စုံလေးတွေနဲ့ ကျောင်းတွေတက်ရင်း ငါတို့ရဲ့ မျက်စိကျဉ်းကျဉ်း နားပေါက်သေးသေးတွေ အမြင်တွေကျယ် အကြားတွေ ထက်လာခဲ့တယ်…... ဆင်းရဲပေမယ့် ကိုယ်ကျင့်တရားကို လုံအောင်ထိန်းလို့ ငါတို့ရဲ့ ကမ္ဘာလေးမှာ ငါတို့နာမည်တွေ ပန်းရနံ့လို သင်းခဲ့ဖူးတယ်....

လေနုအေးလေးတွေ တဖြူးဖြူးတိုက်နေခဲ့တဲ့ ဧရာဝတီရဲ့ ကမ်းနံဘေးမှာ ငါတို့အိပ်မက်တွေ သွန်ချခဲ့ကြတာ ခုထိအမှတ်ရမိနေတုန်းပဲ.....ခရီးသွားလုပ်ငန်း စိတ်ဝင်စားတဲ့သူနဲ
့ နိူင်ငံကျော် အဆိုတော်ကြီး ဖြစ်ချင်တဲ့သူနဲ့ ဆယ်ကျော်သက်ငါတို့တွေ ကိုယ့်ယုံကြည်ချက်အတွက် ကိုယ့်ဖာသာ ဂုဏ်ယူခဲ့ကြတယ်......

တစ်နေ့ ငါတို့တွေ မိုင်ထောင်ချီဝေးသွားခဲ့ကြလိမ့်မယ်လို့ ဘယ်သူကများ တွေးမိခဲ့ကြမလဲ.....မရည်ရွယ်ခဲ့ဖူးတဲ့ ဘဝတွေမှာ ရောက်လိုရောက်.....မထင်မှတ်တဲ့ နေရာတွေ ရောက်လိုရောက်နဲ့ ….. သူငယ်ချင်းရေ  နင့်ကို တော်တော်သတိရမိတယ်.....

“English is an International language” လို့ ဆိုထားကြတော့ ငါတို့တွေ တံတွေးမစင်ယုံတမယ် ဘလွတ်ရှလွတ်တွေ အပြောကျင့်ခဲ့ကြတာ အမှတ်ရမိတယ် “ Mother-in-law “ ကို လောမြို့မှာ နေတဲ့ အမေလို့ ပြောလိုပြောနဲ့ ငါတို့ရဲ့ အထက်တန်းကျောင်းသားဘဝဟာ  တော်တော်ပျော်စရာကောင်းခဲ့တယ်.....

ဘယ်သူမှအရေးမလုပ်ပေးတဲ့ သိုးဆောင်းတိုင်းပြည်တွေရဲ့ ပညာရေးအကြောင်း ဝေဖန်ချက်တွေ ငါတို့အုပ်စုတွေ သည်းကြီးမည်းကြီး ဆွေးနွေးလို့ အိမ်ပြန်နောက်ကျခဲ့တာတွေ.....သမာအာဇီဝဆိုတာ စာအုပ်ထဲမှာပဲ ရှိတော့တာတွေ ငါတို့တွေ အရေးတယူနဲ့ စိုးရိမ်ကြီးခဲ့ကြဖူးတယ်...

 ဆယ်စုနှစ် နှစ်ခုစာ ပြည့်ခါနီးလောက်မှာ ငါတို့ရဲ့ ပြောင်းလဲမှုတွေ ငါတို့ကိုယ်တိုင်ပဲ တာဝန်ယူရတော့မယ်...

အခုချိန် မင်းရဲ့ ဘဝလမ်းမှာ ဆန္ဒတွေနဲ့ တထပ်တည်း ကျနေမလား? မင်းယုံကြည်ခဲ့ဖူးတဲ့ အမှန်တရားတွေ အရင်ကလိုပဲ အရောင်လက်နေတုန်းလား? အမြင်မတော်တာတွေ တွေ့ရင် ဝိုင်းကူပေးတတ်ခဲ့တဲ့ မင်းရဲ့စိတ်ဓာတ်တွေ အရင်လိုပဲ တက်ကြွ နေဆဲလား?

သူငယ်ချင်း……ငါမင်းကို  သတိရနေတယ်



Comments

Popular posts from this blog

ကျန်းမာရေးစောင့်ရှောက်မှုစနစ်

အမိမြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြည်သူတွေတော်တော်များများက လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ မြင်ကြပါတယ်၊၊ မြင်တဲ့အတိုင်းလည်း မှန်ကန်တယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်၊၊ အိမ်နီးနားချင်း  ယိုးဒယားပြည်က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နှိုင်းယှဉ်ပြီး အမိနိူင်ငံရဲ့ ကျန်းမာရေးစနစ်ကို မချင့်မရဲ ဖြစ်နေကြတဲ့သူတွေလည်း တပုံတပင်ကြီးပါ၊၊ ကျွန်တော်ဟာ ယိုးဒယားပြည်ကို  မရောက်ခဲ့ဖူးပေမယ့် သူငယ်ချင်းမိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးကြောင့် ယိုးဒယားနိူင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို တစွန်းတစ မြင်တွေ့ခွင့်ရခဲ့ပါတယ်၊၊ အဖြစ်အပျက်က ဒီလိုပါ၊၊ ကျွန်တော့်ရဲ့ မိတ်ဆွေအမျိုးသမီးဟာ ဘန်ကောက်မြို့ရဲ့ လမ်းကြားတစ်နေရာမှာ ကားအတိုက်ခံရပါတယ်၊၊ တိုက်တဲ့လူက တာဝန်မယူပဲ  တစ်ခါတည်းကို ထွက်ပြေးသွားပါတယ်၊၊ သူမဟာ သွေးအိုင်ထဲမှာ မိနစ်တော်တော်ကြာ လဲကျနေခဲ့တယ်၊၊ ကံကောင်းထောက်မစွာပဲ ထိုင်းအမျိုးသမီးတစ်ယောက်ကနေပြီး သူမကို ဆေးရုံပို့ပေးခဲ့တယ်၊၊ ဒီနောက်တော့ သူမဟာ သူမရဲ့ ခြေထောက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရပါတယ်၊၊ တစ်လခွဲနီးပါး ဆေးရုံပေါ်မှာ ကုသခံယူပြီးနောက်မှာတော့ သူမဟာ ဆေးရုံပေါ်က ဆင်းခွင့...

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...

ငါဟာ ဘယ်သူလဲ? Who am I?

  လွန်ခဲ့တဲ့ နှစ်အနည်းက စပြီး စာရေးသူ မကြာခဏ တွေးဖြစ်တဲ့ အကြောင်းအရာတွေက ဘာများလဲဆိုတော့  ငါဟာ ဘယ်သူလဲ (Who am I?)   ငါ့ရဲ့  စိတ်ခံစားမှုတွေနဲ့ တုံ့ပြန်မှုတွေက ဘယ်ကနေ လာတာလဲ  (What triggers me?)   ငါ့ရဲ့ စိတ်ဒဏ်ရာတွေက ဘယ်နေရာ ဘယ်အချိန်တုန်းက စလာခဲ့သလဲ ( What are my traumas?)   ဒီ စိတ်ဒဏ်ရာတွေက ခုလက်ရှိ ဘဝကို ဘယ်လို အကျိုး သက်ရောက်နေသလဲ ( How are my traumas affecting my adult life?)   ဒီ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားနေလဲ ( How is my healing journey?)   ငါဟာ ဘယ်သူလဲ? ဒီမေးခွန်းက တိုတို‌လေးနဲ့ အဓိပ္ပါယ်အရမ်းလေးနက်တာမို့ စာတစ်ကြောင်း၊နှစ်ကြောင်းလောက်နဲ့ ပြီးပြည့်စုံအောင် ဖြေဖို့ ခက်ပါတယ်။ စာရေးသူအနေနဲ့ ဒီမေးခွန်းကို ဖြေဖို့ရာ အချိန်တွေ အကြာကြီးယူခဲ့ရသလို ဖတ်ခဲ့ရတဲ့ စာအုပ်တွေလည်း မနည်းပါဘူး။ လမ်းရှာရင် လမ်းတွေ့မယ်ဆိုတဲ့ စကားပုံလိုပါပဲ စာရေးသူဟာ ကံကောင်းထောက်မစွာနဲ့ ဒီမေးခွန်းကို အဖြေရှာနေတဲ့ မိတ်ဆွေတစ်စုနဲ့ ဆုံဆည်းခွင့်ရပါတယ်။ နှစ်ပတ် တစ်ကြိမ် အွန်လိုင်းပေါ်မှာ တွေ့ကြပြီး မိမိရဲ့ အတွေ့အကြုံတွေနဲ့ အတွေးစတွေကို ရင်ဘတ်ချင်းတူတဲ့ မိတ်ဆွေ...