မြူခိုးနှင်းငွေ့တွေ နဲ့ ကြည်နူးစရာကောင်းတဲ့ တောင်တန်းကြီးနားက ရွာကလေးတစ်ရွာမှာ နင်ရယ် ငါရယ် ပြီးတော့ အချစ်ဆုံးသူငယ်ချင်း တစ်စုရယ် ဒီလောကကြီးထဲ ငါတို့ ဝင်လာခဲ့ကြတယ်.....
အဖြူအစိမ်းဝတ်စုံလေးတွေနဲ့ ကျောင်းတွေတက်ရင်း ငါတို့ရဲ့ မျက်စိကျဉ်းကျဉ်း နားပေါက်သေးသေးတွေ အမြင်တွေကျယ် အကြားတွေ ထက်လာခဲ့တယ်…... ဆင်းရဲပေမယ့် ကိုယ်ကျင့်တရားကို လုံအောင်ထိန်းလို့ ငါတို့ရဲ့ ကမ္ဘာလေးမှာ ငါတို့နာမည်တွေ ပန်းရနံ့လို သင်းခဲ့ဖူးတယ်....
လေနုအေးလေးတွေ တဖြူးဖြူးတိုက်နေခဲ့တဲ့ ဧရာဝတီရဲ့ ကမ်းနံဘေးမှာ ငါတို့အိပ်မက်တွေ သွန်ချခဲ့ကြတာ ခုထိအမှတ်ရမိနေတုန်းပဲ.....ခရီးသွားလုပ်ငန်း စိတ်ဝင်စားတဲ့သူနဲ
့ နိူင်ငံကျော် အဆိုတော်ကြီး ဖြစ်ချင်တဲ့သူနဲ့ ဆယ်ကျော်သက်ငါတို့တွေ ကိုယ့်ယုံကြည်ချက်အတွက် ကိုယ့်ဖာသာ ဂုဏ်ယူခဲ့ကြတယ်......
တစ်နေ့ ငါတို့တွေ မိုင်ထောင်ချီဝေးသွားခဲ့ကြလိမ့်မယ်လို့ ဘယ်သူကများ တွေးမိခဲ့ကြမလဲ.....မရည်ရွယ်ခဲ့ဖူးတဲ့ ဘဝတွေမှာ ရောက်လိုရောက်.....မထင်မှတ်တဲ့ နေရာတွေ ရောက်လိုရောက်နဲ့ ….. သူငယ်ချင်းရေ နင့်ကို တော်တော်သတိရမိတယ်.....
“English is an International language” လို့ ဆိုထားကြတော့ ငါတို့တွေ တံတွေးမစင်ယုံတမယ် ဘလွတ်ရှလွတ်တွေ အပြောကျင့်ခဲ့ကြတာ အမှတ်ရမိတယ် “ Mother-in-law “ ကို လောမြို့မှာ နေတဲ့ အမေလို့ ပြောလိုပြောနဲ့ ငါတို့ရဲ့ အထက်တန်းကျောင်းသားဘဝဟာ တော်တော်ပျော်စရာကောင်းခဲ့တယ်.....
ဘယ်သူမှအရေးမလုပ်ပေးတဲ့ သိုးဆောင်းတိုင်းပြည်တွေရဲ့ ပညာရေးအကြောင်း ဝေဖန်ချက်တွေ ငါတို့အုပ်စုတွေ သည်းကြီးမည်းကြီး ဆွေးနွေးလို့ အိမ်ပြန်နောက်ကျခဲ့တာတွေ.....သမာအာဇီဝဆိုတာ စာအုပ်ထဲမှာပဲ ရှိတော့တာတွေ ငါတို့တွေ အရေးတယူနဲ့ စိုးရိမ်ကြီးခဲ့ကြဖူးတယ်...
ဆယ်စုနှစ် နှစ်ခုစာ ပြည့်ခါနီးလောက်မှာ ငါတို့ရဲ့ ပြောင်းလဲမှုတွေ ငါတို့ကိုယ်တိုင်ပဲ တာဝန်ယူရတော့မယ်...
အခုချိန် မင်းရဲ့ ဘဝလမ်းမှာ ဆန္ဒတွေနဲ့ တထပ်တည်း ကျနေမလား? မင်းယုံကြည်ခဲ့ဖူးတဲ့ အမှန်တရားတွေ အရင်ကလိုပဲ အရောင်လက်နေတုန်းလား? အမြင်မတော်တာတွေ တွေ့ရင် ဝိုင်းကူပေးတတ်ခဲ့တဲ့ မင်းရဲ့စိတ်ဓာတ်တွေ အရင်လိုပဲ တက်ကြွ နေဆဲလား?
သူငယ်ချင်း……ငါမင်းကို သတိရနေတယ်

Comments