ငယ်ငယ်တုန်းက ကြောင်နဲ့ကြွက် ကာတွန်းကားလေးကြည့်ပြီး Jerry ကို သိပ်ပြီး သဘောကျခဲ့မိတယ်၊၊ အကောင်သေးသလောက် ဉာဏ်ကြီးလိုက်တာ ဆိုပြီး အားကျ အထင်ကြီးစိတ်တွေ ရှိခဲ့တယ်၊၊ Tom ခံလိုက်ရတာတွေကို ကြည့်ပြီး တဟားဟားနဲ့ သဘောကျခဲ့တယ်၊၊ မှတ်မှတ်ရရ သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်၊၊ " ငါ ကြောင်ကလေးကို သနားလိုက်တာ" တဲ့၊၊ အဲဒီတုန်းကတော့ ငါ့သူငယ်ချင်း အူကြောင်ကြောင်လို့ ထင်ခဲ့တာ ခုတော့မှ သူ့ခံစားချက်ကို ကိုယ်ချင်းစာလာမိတယ်၊၊
အသက်ကလေး နည်းနည်းရလာတဲ့ ကာလတွေမှာ ကိုယ့်ရဲ့ တွေးခေါ်မှုပုံစံတွေဟာ ကိုယ်ကိုကိုယ်တောင် မသိလိုက်ပါပဲနဲ့ ပြောင်းလဲလာခဲ့တယ်၊၊ လုပ်ချင်ရာလုပ် သွားချင်ရာသွား စားချင်တာ ကောက်စားနေတဲ့ ဘဝကနေ တဖြည်းဖြည်း ဒါတော့ မကောင်းဘူးထင်တယ်လို့ ကိုယ့်ဖာသာစဉ်းစားမိလာတာကို သတိထားမိတယ်၊၊ တချိန်တုန်းကဆို လုပ်ချင်တာရှိရင် ဝုန်းဒိုင်း ထလုပ်တတ်တဲ့ ကျနော် အခုချိန်မှာ စဉ်းစားတာများ ဦးခေါင်းတောင် မီးခိုးထွက်မတတ် ပါပဲ၊၊
ဆယ်စုနှစ် နှစ်ခုစာနီးပါး ဘဝကို ဟိုလိုဒီလို ဖြတ်သန်းလာခဲ့ပြီးနောက်မှာတော့ ဖြုန်းပစ်ခဲ့တဲ့ အချိန်ကို နှမျောမိသလို တန်ဖိုးမထားမိခဲ့တဲ့ အရာတွေအတွက် နောင်တရမိသလိုပါပဲ၊၊ ကိုယ့်အနားမှာ မရှိနိူင်တော့တဲ့ လူတွေအတွက် ဘာမှမလုပ်ပေးခဲ့ပဲ အတ္တကြီးခဲ့တာတွေ ဖြစ်နိူင်ရင် ပြန်ပြီး ပေးဆပ်ချင်ပါတယ်၊၊
Comments