အမိမြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြည်သူတွေတော်တော်များများက လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ မြင်ကြပါတယ်၊၊ မြင်တဲ့အတိုင်းလည်း မှန်ကန်တယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်၊၊ အိမ်နီးနားချင်း ယိုးဒယားပြည်က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နှိုင်းယှဉ်ပြီး အမိနိူင်ငံရဲ့ ကျန်းမာရေးစနစ်ကို မချင့်မရဲ ဖြစ်နေကြတဲ့သူတွေလည်း တပုံတပင်ကြီးပါ၊၊ ကျွန်တော်ဟာ ယိုးဒယားပြည်ကို မရောက်ခဲ့ဖူးပေမယ့် သူငယ်ချင်းမိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးကြောင့် ယိုးဒယားနိူင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို တစွန်းတစ မြင်တွေ့ခွင့်ရခဲ့ပါတယ်၊၊
အဖြစ်အပျက်က ဒီလိုပါ၊၊ ကျွန်တော့်ရဲ့ မိတ်ဆွေအမျိုးသမီးဟာ ဘန်ကောက်မြို့ရဲ့ လမ်းကြားတစ်နေရာမှာ ကားအတိုက်ခံရပါတယ်၊၊ တိုက်တဲ့လူက တာဝန်မယူပဲ တစ်ခါတည်းကို ထွက်ပြေးသွားပါတယ်၊၊ သူမဟာ သွေးအိုင်ထဲမှာ မိနစ်တော်တော်ကြာ လဲကျနေခဲ့တယ်၊၊ ကံကောင်းထောက်မစွာပဲ ထိုင်းအမျိုးသမီးတစ်ယောက်ကနေပြီး သူမကို ဆေးရုံပို့ပေးခဲ့တယ်၊၊ ဒီနောက်တော့ သူမဟာ သူမရဲ့ ခြေထောက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရပါတယ်၊၊ တစ်လခွဲနီးပါး ဆေးရုံပေါ်မှာ ကုသခံယူပြီးနောက်မှာတော့ သူမဟာ ဆေးရုံပေါ်က ဆင်းခွင့်ရပါတယ်၊၊ နောက်ဆုံးနေ့မှာ ဆရာဝန်ကနေပြီးတော့ သူမရဲ့ ကုန်ကျစရိတ် စာရင်းကို ပြပါတယ်၊၊ ပမဏဟာ သူမမိသားစုတတ်နိူင်တဲ့ အတိုင်းအတာထက် အဆမတန် များလွန်းနေခဲ့တယ်၊၊ ဆရာဝန်ကို ကြည့်ပြီး သူမ ဒီပမာဏကို ပေးဖို့ မတတ်နိူင်ပါဘူးလို့ တောင်းပန်လိုက်တော့ ဆရာဝန်က ခင်ဗျားတတ်နိူင်သလောက်ပဲ ပေးခဲ့ပါတဲ့၊၊ သူမကနေပြီး ဘတ်ငွေနှစ်ထောင် ပေးခဲ့တယ်လို့ပြောပါတယ်၊၊ ဒီနေရာမှာ စဉ်းစားစရာရှိတာက ဆရာဝန်ကပဲ သဘောကောင်းတာလား စနစ်ကပဲ ကောင်းတာလား ဆိုပြီး နှစ်ခုရှိပါတယ်၊၊ Universal Health Care ဆိုတာကို မကြားဖူးခင်အချိန်က ဆရာဝန် ကောင်းလိုက်တာလို့ ကျွန်တော် ထင်ခဲ့မိပါတယ်၊၊
ဖွံ့ဖြိုးပြီးနိူင်ငံတွေ တော်တော်များများဟာ Universal Health Care System ကို အသုံးပြုကြတယ်လို့ သိရပါတယ်၊၊ ဒါပေမယ့် ဒီစနစ်ကို အသုံးပြုတဲ့ နိူင်ငံတွေ များပေမယ့် တစ်နိူင်ငံနဲ့တစ်နိူင်ငံ အသုံးပြုတဲ့ နည်းလမ်းတွေ မတူညီကြပါဘူး၊၊
ယိုးဒယားနိူင်ငံဟာ ဒီစနစ်ကို အသုံးပြုတဲ့ နိူင်ငံတွေထဲမှာ ပါဝင်ပါတယ်၊၊ ဒီစနစ်ရဲ့ အကြမ်းဖျင်းပုံစံဟာ လူတစ်ဦးချင်းစီနဲ့ မိသားစုဝင်ငွေကို မူတည်ပြီး ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပေးဆောင်ရမယ့် ပမာဏကို သတ်မှတ်ပေးတာဖြစ်ပါတယ်၊၊ ဥပမာဆိုရမယ်ဆိုရင် ဝင်ငွေနည်းပါးတဲ့ မိသားစုနဲ့ ချမ်းသာတဲ့ မိသားစုဟာ ကျန်းမာရေးစောင့်ရှောက်မှုကို တစ်တန်းတည်း ခံစားရမှာ ဖြစ်ပေမယ့် ပေးဆောင်ရမယ့် ပမာဏကတော့ ကွဲပြားမှာ ဖြစ်ပါတယ်၊၊ အမိနိူင်ငံမှာလို ခွဲခြားဆက်ဆံခံရမှုမျိုး မရှိအောင် ဒီစနစ်က ကာကွယ်ပေးထားတာဖြစ်တယ်၊၊ ကျွန်တော်တို့ မြန်မာနိူင်ငံမှာ ဒီလိုမျိုးစနစ်ကို အသုံးပြုနိူင်ဖို့ ကာလတစ်ခုတော့ စောင့်ရအုံးမယ်လို့ ထင်ပါတယ်၊၊ ငွေမရှိလို့ အသက်ဆုံးရှုံးလိုက်ရတဲ့ ညီအစ်ကို မောင်နှမတွေထပ်မရှိလာနိူင်အောင်လို့ ဒီစနစ်က အကာအကွယ်ပေးနိူင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်၊၊
ဖွံ့ဖြိုးပြီးနိူင်ငံတွေထဲမှာ Universal Health Care System ကို အသုံးမပြုတဲ့ နာမည်ကြီး နိူင်ငံတစ်ခု ရှိပါတယ်၊၊ အဲဒီ ချန်ပီယံနိူင်ငံကြီးကတော့ အမေရိကန် ပြည်ထောင်စုဖြစ်ပါတယ်၊၊ အမေရိကားဟာ ကမ္ဘာပေါ်မှာ လူအခွင့်အရေး အပြည့်ဝဆုံး၊ တန်းတူညီတူ အရှိဆုံးနိူင်ငံဆိုပြီး နာမည်ကောင်းရထားတဲ့နိူင်ငံဖြစ်ပါတယ်၊၊ ဒါပေမယ့် ဒီနိူင်ငံကြီးထဲမှာ ပြည်သူတချို့တွေဟာ ကျန်းမာရေးစောင့်ရှောက်မှုအခွင့်အရေးကို အပြည့်အဝမရရှိလို့ အသက်ဆုံးရှုံးမှုရှိတယ်ဆိုတဲ့ အကြောင်းကို ပြောပြချင်ပါတယ်၊၊ အမေရိကားဟာ ကမ္ဘာပေါ်မှာ စျေးအကြီးဆုံး ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်၊၊ အသုံးပြုတဲ့စနစ်က ကျန်းမာရေး အာမခံစနစ်ဖြစ်ပါတယ်၊၊ Medical Insurance လို့ ခေါ်တဲ့ ကျန်းမာရေးအာမခံ မထားရှိရင် ဒီမှာနေထိုင်တဲ့ လူတွေအတွက် မလွယ်ပါဘူး၊၊ အာမခံမရှိတဲ့ လူတစ်ယောက်ဟာ တစ်ညလောက် အရေးပေါ်ဋ္ဌာနမှာ အိပ်လိုက်ရပြီး သုံးနှစ်လောက် အဲဒီအကြွေးကို ဆပ်လိုက်ရတဲ့ အဖြစ်အပျက်တွေ အများကြီးရှိပါတယ်၊၊
ဒါဆိုရင် အာမခံ ထားဖို့ပဲရှိပါတယ်၊၊ အာမခံကုမ္ပဏီတွေဟာ အမျိုးအစားမတူတဲ့ အာမခံစာချုပ်တွေကို ရောင်းပါတယ်၊၊ ဒီနေရာမှာတော့ ကျန်းမာရေးအာမခံအကြောင်းကိုပဲ ပြောသွားပါမယ်၊၊ များသောအားဖြင့်တော့ ကျန်းမာရေးအာမခံ နှစ်မျိုးနှစ်စားရှိပါတယ်၊၊ ပထမတစ်မျိုးကတော့ ကုန်ကျငွေစုစုပေါင်းရဲ့ ရာခိုင်နှုန်းဘယ်လောက်ကို အာမခံကုမ္ပဏီ ကနေပြီးတော့ ပေးပေးတာမျိုးပါ၊၊ ၅၀% ၊ ရ၀% ၊ ၈၀% စသဖြင့် အမျိုးမျိုးရှိပါတယ်၊၊ လူနာဘက်ကနေပြီးတော့ ၁၀%၊ ၂၀% ပေးဆောင်ရတာ ဖြစ်တယ်၊၊ နောက်တစ်မျိုးကတော့ ကုန်ကျငွေ ဘယ်လောက်ပဲများပြားနေပါစေ လူနာဘက်ကနေပြီး တစ်နှစ်လုံးမှာ ပေးဆောင်ရမယ့် ပမာဏကို သတ်မှတ်ထားပါတယ်၊၊ တစ်နှစ်ကို သုံးထောင် အနည်းဆုံးရှိပါတယ်၊၊ ဒီအမျိုးအစားက နည်းနည်းပိုပြီး စျေးကြီးပါတယ်၊၊ အာမခံတွေအားလုံးဟာ လစဉ်လတိုင်း ဒါမှမဟုတ် အပတ်စဉ်တိုင်း ပေးသွင်းရမယ့် ပမဏကို သတ်မှတ်ပေးပါတယ်၊၊ ဥပမာ သင်ဟာ ဆေးရုံ၊ ဆေးခန်း သွားသည်ဖြစ်စေ မသွားသည်ဖြစ်စေ ပေးဆောင်ရမယ့် လစဉ်ကြေးကိုတော့ ပုံမှန်ပေးဆောင်ရမှာ ဖြစ်ပါတယ်၊၊ ဆေးရုံသွားတက်ရတယ်ဆိုရင်တော့ဖြင့် ပုံမှန်ပေးသွင်းရမယ့် လစဉ်ကြေးအပြင် ကုန်ကျငွေရဲ့ ရာခိုင်နှုန်းအချို့ကိုလည်း အရစ်ကျပြန်လည်ပေးဆပ် ရမှာဖြစ်တယ်၊၊
လွယ်တော့မလွယ်ပါဘူး၊၊ ဒါပေမယ့် အာမခံ မထားလို့လဲ မရတဲ့အတွက် ကျွန်တော်ကတော့ တစ်လကို ဒေါ်လာကိုးဆယ် ခန့် ပေးသွင်းရတဲ့ အာမခံကို ဝယ်ထားပါတယ်၊၊ အာမခံရှိပြီဆိုပြီး စိတ်ချပြီး နေလို့မရပါဘူး၊၊ ဘာလို့လဲဆိုရင် အာမခံကုမ္ပဏီတွေဟာ အတတ်နိူင်ဆုံး သူတို့ဘက်ကနေ ငွေမထွက်ရလေအောင် ကာကွယ်ထားတတ်ကြပါတယ်၊၊ မိသားစုဝင်တွေထဲမှာ ကင်ဆာတို့ ဆီးချိုသွေးချိုတို့ နှလုံးရောဂါရာဇဝင်ရှိတဲ့သူတွေကို အာမခံ မရောင်းပေးတတ်ကြပါဘူး၊၊ ရောင်းပေးခဲ့ရင်လည်း သူများတကာထက် ပိုပြီးတော့ ပေးရလေ့ရှိတယ်၊၊ အာမခံရှိပြီးသားလူတွေဟာ ရောဂါပေါင်းစုံကို ကုသခွင့်ရတာမျိုးလည်း မဟုတ်ပါဘူး၊၊ တချို့အာမခံရှိပြီးသားလူတွေဟာလည်း ရံဖန်ရံခါ သူတို့ရဲ့ ဆေးကုသမှုကုန်ကျစရိတ်ကို အာမခံကုမ္ပဏီကနေပြီးတော့ မပေးပေးတာမျိုးလည်း ရှိပါတယ်၊၊ အကြောင်းအမျိုးမျိုးပြီပြီး ငြင်းပယ်လေ့ရှိကြတယ်၊၊ ဥပမာဆိုလို့ရှိရင် သင့်ရဲ့ဒီရောဂါကို ကျွန်တော်တို့ကုပေးပါ့မယ်လို့ စာချုပ်ထဲမှာ မရေးထားပါဘူး ဒါမှမဟုတ် သင့်ရဲ့ဆေးကုသမှုဟာ ဆရာဝန်များရဲ့ စမ်းသပ်မှုသာ (Experimental) ဖြစ်တဲ့အတွက် ကုန်ကျစရိတ်ကို သင့်ဖာသာသင် ပေးဆောင်ရတာမျိုးပေါ့၊၊ ဒီလိုမျိုးအဖြစ်အပျက်တွေကြောင့် အာမခံကုမ္ပဏီ ကို တရားစွဲကြတာမျိုးတွေ အမေရိကားမှာ ခဏခဏ ဖြစ်ပါတယ်၊၊
ကျန်းမာရေးစောင့်ရှောက်မှု စျေးကြီးတယ်ဆိုတာ ဘယ်လောက်တောင်များလို့လဲလို့ သိချင်သူများအတွက် ပြောပြပါ့မယ်၊၊ မိတ်ဆွေတစ်ယောက် အလုပ်ခွင်ထဲမှာ မတော်တဆဖြစ်လို့ လက်ခလယ်နဲ့ လက်သူကြွယ် လက်တစ်ဆစ်စာ ပြတ်ထွက်သွားပါတယ်၊၊ ဒီလက်နှစ်ဆစ်စလုံးကို ပြန်ဆက်မယ်ဆိုရင် လက်ခလယ်အတွက် ဒေါ်လာ ခြောက်သောင်းနဲ့ လက်သူကြွယ်အတွက် ဒေါ်လာ တစ်သောင်းနှစ်ထောင်ကုန်ကျမှာပါ၊၊ သူ့ခမျာ လက်ခလယ်ကို အဆုံးခံပြီး လက်သူကြွယ်ကိုပဲ ဆက်လိုက်ရပါတယ်၊၊ သာမာန် စက်ရုံအလုပ်သမားရဲ့ တစ်နှစ်တာလုံး ဝင်ငွေဟာ ဒေါ်လာ နှစ်သောင်းမပြည့်တပြည့်ပဲ ရှိပါတယ်၊၊ ဒီတော့ လက်နှစ်ချောင်းလုံးကိုသာ ဆက်မယ်ဆိုရင် နောက်ဆယ်နှစ်နီးပါး အကြွေးဆပ်ရတော့မှာပါ၊၊
အိုဘားမား ဦးဆောင်တဲ့ ဒီမိုကရက်တစ်ပါတီကနေ ဒီအာမခံစနစ်ကို ပြောင်းလဲဖို့ ကြိုးစားနေပေမယ့် ရီပတ်ဗလင်ကန်တွေကတော့ အပြင်းအထန် ကန့်ကွက်နေကြတာဖြစ်ပါတယ်၊၊ ချမ်းသာတဲ့ ဘီလျံနာ အများစုဟာ ရီပတ်ဗလင်ကန်တွေ ဖြစ်ကြတဲ့အတွက် သူတို့ရဲ့ အကျိုးစီးပွားကို အသေအလဲ ကာကွယ်နေကြတာဖြစ်ပါတယ်၊၊ ကျန်းမာရေးစရိတ်ကြောင့် အသက် ရ၀ကျော်နေပေမယ့် အလုပ်လုပ်နေရသေးတဲ့ သက်ကြီးရွယ်အိုတွေ အများကြီး အမေရိကားမှာ ရှိနေပါသေးတယ်၊၊
ခု မြန်မာပြည်မှာ နိူင်ငံရပ်ခြားက အာမခံကုမ္ပဏီတွေ ဝင်လာပြီလို့ သတင်းတွေ ဖတ်နေရပါတယ်၊၊ အစိုးရိမ်ဆုံးက အမေရိကားလို ကျန်းမာရေးအာမခံစနစ် ပေါ်ပေါက်လာမှာကိုပါ၊၊ ဒါကြောင့် အမေရိကားလို မဖြစ်ရလေအောင် ကျွန်တော်ချစ်တဲ့ မြန်မာနိူင်ငံကြီးမှာ Universal Health Care စနစ်ကို ပီပီပြင်ပြင် ပေါ်ထွန်းလာစေချင်ပါတယ်၊၊ ကုတင်မရှိလို့ လူသွားလမ်းနံဘေးမှာ လဲနေရတဲ့ လူနာတွေကို မြင်တွေ့နေရတာတွေ အမြန်အဆုံးသတ်စချင်ပါတယ်၊၊ ဆရာဝန်နဲ့ သူနာပြုတွေ လူနာရဲ့ ပိုင်ဆိုင်မှုတွေ မကြည့်ပဲ တန်းတူဆေးကုသပေးနိူင်ဖို့ ကျွန်တော် တောင်းဆုပြုလိုက်ပါတယ်၊၊

Comments