နာရီစင်ပေါ်ကနာရီလက်တံတွေရပ်ရပ်သွားသလို
ဘဝအဓိပ္ပါယ်တွေ ရပ်ရပ်သွားတဲ့အခါမှာ
မရေရာမှုတွေအပြည့်အသိပ်ထဲ့ထားတဲ့
အနာဂတ်ခရီးသို့
တရွေ့ရွေ့ဆုတ်ခွာခဲ့၊၊
ယုံကြည်မိတဲ့
မျော်လင့်ချက်အတွက်
ငါ့သိက္ခာ မာနတွေ
ထိုးကျွေးခဲ့ပေမဲ့
မတန်တဆ ဒဏ်ရာတွေပဲ အကြိမ်ကြိမ်ရခဲ့၊၊
အမှန်တရားဟာမှားမနေဘူးဆိုရင်
ငါ့ယုံကြည်ချက်တွေဟာ
တစ်စုံတစ်ရာမမှားခဲ့ဘူးဆိုတာ
သေချာတယ်၊၊
Comments