Skip to main content

Multnomah ရေတံခွန်သို့

               နွေရာသီ ဆိုတာ သူများတွေအတွက်တော့ မသိပါ၊၊ ကျ-နော့်အတွက်တော့ သိပ်ပြီး ပျင်းစရာကောင်းလွန်းလှပါတယ်၊၊ မွဲခြောက်ခြောက် တောင်ကုန်းတွေ၊ လေပြေနဲ့ အတူဝေ့လာတဲ့ သစ်ရွက်ခြောက်တွေကလဲ ကဗျာမဆန်ဘူးလို့ ခံစားမိတယ်၊၊( နွေရာသီကို ကဗျာဖွဲ့တဲ့လူကြားရင် မုန်းအုံးမယ်) လတ်တလော အလုပ်အကိုင်လဲ မရှိ၊ ဒီတော့ အပြင်ထွက်ဖို့နဲ့ လျှောက်လည်ဖို့ပဲ ချောင်းနေခဲ့တာ ခုမှပဲ ဆန္ဒပြည့်ဝသွားတော့တယ်၊၊
               ကျနော်နေတဲ့ နေရာလေးရဲ့ အိမ်နီးချင်းပြည်နယ်ကို သူငယ်ချင်းမိသားစုတွေ တအုပ်ကြီး ခရီးထွက်ဖြစ်ခဲ့ကြပါတယ်၊၊ ပေါင်မုန့်ကားလေး ၁၁ စီးနဲ့ လူစုစုပေါင်း ရ၈ ယောက်ပါ၊၊ အ-တော့်ကို အင်အားတောင့်တယ်လို့ ဆိုရမယ်၊၊ အလုပ်အားတဲ့ရက်ကို လူစုမိဖို့ဆိုတာက သိပ်မလွယ်လှဘူး၊၊ အောက်ကပုံလေးတွေကတော့ လေးနာရီကြာ ကားစီးရတဲ့ လမ်းတစ်လျှောက်က မြင်ကွင်းတွေပါ၊၊



လမ်းတလျှောက် မြင်ရတဲ့ လေဒလက်ကြီးတွေပါ ကားပေါ်က လှမ်းရိုက်ရလို့ နည်းနည်းဝေးသွားပါတယ်
             တစ်လမ်းလုံး အပင်မရှိတဲ့ တောင်ကတုံးတွေမြင်ရတာ စိတ်မပျော်ရွှင်လှပါဘူး၊၊ မြန်မာပြည်မှာဆို ရထားနဲ့ပဲခရီးသွားသွား၊ ကားနဲ့ပဲ ခရီးသွားသွား စိမ်းစိုနေတဲ့တောင်တန်းကြီးတွေနဲ့ တောအုပ်လေးတွေက မျက်စိတဆုံးပါပဲ၊၊ ဒီလိုကွဲပြားမှုတွေ မြင်ရတော့ ကိုယ့်နိူင်ငံကို လွမ်းမိတယ်၊၊

စက္ကူထုတ်လုပ်တဲ့ အပင်စိုက်ခင်းပါ

               ဒီနေရာမှာဝန်ခံစရာရှိပါသေးတယ်၊၊ ကျနော် ဗဟုသုတမရှိတာကိုပါ၊၊ စက္ကူဆိုတာ ဝါးကနေထုတ်တယ်လို့ပဲ မှတ်သားခဲ့ဖူးတာ အဲဒီနေ့မှ သစ်ပင်ကနေ ထုတ်လို့ရတယ်ဆိုတာသိခဲ့ရပါတယ်၊၊

သုံးနာရီကျော်ကားစီးပြီးမှ ရောက်လာတဲ့ ရေတံခွန်လေးပါ သိပ်ပြီးကဗျာဆန်လွန်းလှပါတယ်
              အဲဒီနေ့ကခါတိုင်းနဲ့မတူ လူတွေတိုးမပေါက်လောက်အောင်ကို စည်ကားလို့ ပျော်စရာသိပ်ကောင်းတယ်၊၊ ဒီရေတံခွန်လေးက အနီးဆုံးမြို့နဲ့ မိုင်နှစ်ဆယ်ကျော် အကွာအဝေးမှာတည်ရှိတယ်လို့ သိရပါတယ်၊၊

အဝင်ဝမှာ တွေ့ရတဲ့ရေတံခွန်နဲ့ ပတ်သက်တဲ့အချက်အလက်တွေပါ

               တွေ့ရတတ်တဲ့ တိရိစ္ဆာန်မျိုးစိတ်တွေနဲ့ ဆောင်ရန်ဆောင်ရန် အချက်ကို ရှင်းပြထားပါတယ်၊၊ လေးစားစရာကောင်းတာကတော့ တောင်တက်လမ်းတစ်လျှောက်မှာ အမှိုက်တစ်စမှကို မတွေ့မိတာပါပဲ၊၊

ကဲ မလှဘူးလို့ ဘယ်သူပြောချင်လဲ :)


ဒီပုံကတော့ ဘေးဘက် တောင်တက်လမ်းပေါ်က မြင်ရတဲ့ ရှုခင်းပါ
              အသည်းယားမိတာ ရှိပါသေးတယ်၊၊ မတော်လို့ အဲဒီတံတားလေးများ ကျိုးသွားခဲ့ရင် ဆိုပြီးတော့လေ၊၊ လူတွေကလဲ ကြိတ်ကြိတ်တိုးပါပဲ၊၊

ရေတံခွန်ရဲ့ အောက်ခြေပါ

ဒါကတော့ နာမည်ကျော် ကျနော်တို့ အဖွဲ့ကြီးပေါ့ ကလေးတွေက တဝက်မကဘူးနော်
              နေ့လည်စာကိုတော့ အဲဒီရေတံခွန်အောက်က စီတန်းချထားတဲ့ ထိုင်ခုံတွေမှာ ဝင်ထိုင်ပြီး စားခဲ့ပါတယ်၊၊  ရေတံခွန်လေးမှာ ဆက်ပြီးနေချင်သေးပေမယ့် တိရိစ္ဆာန်ရုံကို ဆက်ပြီးသွားရအုံးမှာမို့ ဒီမျှနဲ့ပဲ ထွက်လာခဲ့ရပါတယ်၊၊ တိရိစ္ဆာန်ရုံပိုစ်ကို ဆက်ပြီးတင်ပေးပါမယ်၊၊

Comments

Popular posts from this blog

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...

မင်္ဂလာပါ

ဒီ Blog လေးမှာ ပထမဦးဆုံး ပိုစ့်ကို Published လုပ်ခဲ့တာက 2010 ခုနှစ် သြဂုတ်လဆိုတော့ 12 နှစ် နီးပါး ရှိခဲ့ပြီပေါ့။ နောက်ဆုံးရေးခဲ့တဲ့ ပို့စ်ကျတော့ 2013 ခုနှစ် ဇူလိုင်လဆိုတော့ ဒီ Blog လေးနဲ့ အဆက်ပြတ်သွားခဲ့တာ 9 နှစ်ကျော်ကျော် ရှိခဲ့ပြီ။   စာရေးသူ အသက်က 20 ကျော် စွန်းစွန်းလေးနဲ့ အမေရိကား ရောက်လာခဲ့တဲ့အချိန်မှာ အိမ်လွမ်းတဲ့ ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရတာတွေကို ကုစားတဲ့အနေနဲ့ Blog ကို စရေးဖြစ်ခဲ့တယ်။ အဲ့ဒီအချိန်တုန်းက သာမန်ပြည်သူတွေအနေနဲ့ မြန်မာပြည်မှာ အင်တာနက်ကို တစ်နာရီ ၁၅၀၀ ကျပ်နဲ့ အင်တာနက်ကဖီးတွေမှာ တမေ့တမော သုံးနေရတဲ့ခေတ်ဆိုတော့ ပြည်တွင်းက လူတွေနဲ့ အရမ်းကြီး အဆက်အသွယ်တွေ လွယ်ကူမြန်ဆန်ခဲ့တာတော့ မဟုတ်ခဲ့ဘူး။   အဲ့ဒီကာလတွေတုန်းက များသောအားဖြင့်တော့ ပြည်ပနေ မြန်မာ Blogger တွေ အချင်းချင်းပဲ သူ့ blog ကိုယ့် blog သွားလည်ကြ၊ စာတွေဖတ်၊ Comment တွေ ရေးရင်းနဲ့ အထီးကျန်မှုတွေကို ဖြေဖျောက်ခဲ့ရတာတွေကို အသေအချာ မှတ်မိတယ်။ မနိုင်းနိုင်းစနေ၊ ကိုညီလင်းသစ်၊ မစန်းထွန်းနဲ့ သက်တန့်ချိုတို့ကိုတော့ အခုထိ သေသေချာချာကြီးကို မှတ်မိနေတုန်း။ နောက် အာဖရိကမှာ တာဝန်ကျတဲ့ မြန်မာဆရာဝန် Blogger...

ကမ္ဘာသစ်

သူငယ်ချင်းရေ     ငါတို့တွေ ကျောင်းပြီးကတည်းက မတွေ့ကြတော့ဘူးနော်၊၊ ကျောင်းတော်ကြီးတုန်းက ငါတို့တွေ အိပ်မက်တွေကိုယ်စီနဲ့ ဘဝအတွက် အုတ်မြစ်ကိုယ်စီ ချခဲ့ကြတယ်၊၊ တချို့တွေလဲ ကိုယ့်လမ်းကြောင်းပေါ် ကိုယ်စီလျှောက်လို့။ မမျော်လင့်ပဲနဲ့ ဘဝဆိုတဲ့ ပင်လယ်ကြီးက ငါတို့အတွက် ကျယ်ပြန့်လွန်းနေတယ်၊၊     သူငယ်ချင်းရေ မင်းမှတ်မိသေးလား၊၊ ငါတို့တွေ မွေးရပ်မြေ အတွက် အိပ်မက်ကိုယ်စီ မက်ခဲ့ကြတယ်လေ၊၊ မင်းဖြစ်ချင်ခဲ့တဲ့ အိပ်မက်တွေကို ငါအခုထိမှတ်မိနေတုန်းပဲ၊၊ ဆယ်ကျော်သက် စိတ်ကူးတွေနဲ့ ငါတို့တတွေ လောကကြီးကို လှပသွားအောင် ဆေးရောင်စုံ ချယ်ခဲ့ကြတယ်၊၊ လောဘဇောတိုက်တဲ့ လူတွေအကြောင်း ငါတို့တွေ ဝိုင်းပြီးရှုံ့ချခဲ့ကြတယ်လေ၊၊ အတ္တကြီးတဲ့ လူ့ငနဲတွေရဲ့ စိတ်ဓာတ်ကို ငါတို့တတွေ အံ့သြခဲ့ကြသေးတယ်၊၊     လောကကြီးက ငါတို့ထင်ထားတာထက် ပိုပြီးတော့ ရှုပ်ထွေးနေတယ်၊၊ ရံဖန်ရံခါကြတော့ ငါတို့ထင်ထားတဲ့ မှားယွင်းမှုတွေက လုပ်သင့်လုပ်ထိုက်တာတွေတဲ့၊၊ ငါတို့တွေအမြဲ ပြောဖြစ်ခဲ့တဲ့ ကိုယ်ခြင်းစာတရားက ပျော့ညံ့မှုတဲ့၊၊ သူငယ်ချင်းရယ် မိုးခါးရေတွေသောက်နေတဲ့ လူတွေကြားမှာ ငါတို့ရဲ့ သစ္စာတရားက အရောင်မလက်တော့တာ အမ...