အိမ်ခေါင်မိုး သွတ်ပြားပေါ်က စည်းချက်ညီနေတဲ့ မိုးရေကျသံ တဖျောက်ဖျောက်နဲ့အတူ စောင်လေးခြုံပြီး အိပ်ရာထဲမှာ ဇိမ်ယူနေတဲ့ ကျနော် ကိုယ့်ဘဝကို ဘယ်လောက်ကံကောင်းတယ်ဆိုတာ အဲဒီတုန်းက မသိခဲ့ဘူး၊၊
ပူပင်စရာတွေ သိပ်မရှိခဲ့တဲ့ကျနော် ကျောင်းနဲ့ စာကလွဲလို့ ဘာကိုမှလဲ စိတ်မဝင်စားခဲ့ပါဘူး၊၊ “စာ“ ဆိုတာ ကျနော့်အိပ်မက်မျှော်လင့်ချက်တွေရဲ့ အုတ်မြစ်လဲ ဖြစ်ခဲ့သလို အရမ်းကို ရူးသွပ်ခဲ့ရတဲ့ ဒြပ်ဝတ္ထုတစ်ခုလဲ ဖြစ်ခဲ့တယ်၊၊
လမ်းပေါ်မှာ ကျနေတဲ့ စက္ကူအပိုင်းအစလေးတောင် အလွတ်မပေး ကောက်ဖတ်ခဲ့တဲ့ ကျနော် အဖေ့ရဲ့ အချစ်ဆုံးဖြစ်ခဲ့တာ မထူးဆန်းခဲ့ပါဘူး၊၊ ဖေဖေပြောပြခဲ့ဖူးတဲ့ စာတိုငညို ခေါ် ဝန်ဇင်းမင်းရာဇာ ဟာ သမိုင်းထဲက ပညာရှိတစ်ပါးအဖြစ် ဂုဏ်သတင်းကြီးခဲ့သလို ကျနော့်ရင်ထဲက အားကျခဲ့ရတဲ့ သူရဲကောင်းလဲ ဖြစ်ခဲ့ပါတယ်၊၊ ဘုရင်မေးတဲ့မေးခွန်းတွေကို ရင်ကော့ပြီး ဖြေနေမယ့် ဝန်ဇင်းမင်းရာဇာကို စိတ်ကူးထဲမှာ မြင်ယောင်ပြီး လေးစားခဲ့ဖူးတယ်၊၊
မိသားစုစီးပွားရေးအတွက် နာမည်ကျော် ကျောက်တွင်းမှော်ထဲမှာ ဆေးဆိုင်လေးဖွင့်လို့ ရုန်းကန်ခဲ့ရပေမယ့် သားသမီးတွေကို အကောင်းဆုံးဆိုတဲ့ ကျောင်းမျိုးမှာ ထားခဲ့တဲ့ ဖေဖေရဲ့ အမျှော်အမြင်ကြီးမှုကို လေးစားမိတယ်၊၊ “ ကိုယ်လုပ်သမျှ သူများကို တုပလို့ လုပ်မိတာမျိုး မဖြစ်စေနဲ့“ ဆိုတဲ့ ဖေဖေရဲ့ဆုံးမစကားကို ဒီကနေ့အထိ နားထဲမှာစွဲခဲ့တယ်၊၊ ခုချိန်မှာ သူများမလျှောက်တဲ့လမ်းကို ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ ရွေးလို့ ဂုဏ်ယူဝင့်ကြွားစွာ လျှောက်နေခဲ့တဲ့ အဖေ့ရဲ့ ရင်သွေးကို အဖေဘာတွေများ ပြောချင်နေမလဲ?
တစ်နှစ်ကို နှစ်ခေါက်လောက်သာ အိမ်ပြန်နိူင်တဲ့ အဖေ အိမ်တံခါးဝရောက်တာနဲ့ မေးတဲ့မေးခွန်းက “ခုဘာစာအုပ်တွေများ ဖတ်နေလ“ဲ ဆိုတာပါပဲ၊၊ သူဝယ်ပေးတဲ့ စာအုပ်တွေ ဖတ်ပြီးပြီလို့ ပြောမိလို့ကတော့ စီးပွားရေးကိစ္စအသာထားလို့ သားအဖနှစ်ယောက် ချီတက်ဖြစ်တာက စာအုပ်ဆိုင်၊၊ အဖေစာအုပ်ဆိုင်ရောက်တာနဲ့ ဆိုင်ပိုင်ရှင်က ဝမ်းပန်းတသာ ကြိုဆိုတယ်၊၊ ဒီလူကို ရောင်းရမယ့်စာအုပ်မနည်းဘူးဆိုတာ သူကောင်းကောင်းသိထားတယ်လေ၊၊ မူလတန်းအချိန်တုန်းက “ရွှေသွေး“၊ “မိုးသောက်ပန်း“ ဂျာနယ်တို့က ကျနော့်ရဲ့ အသည်းစွဲတွေပေါ့၊၊ ပြီးနောက်တော့ မဂ္ဂဇင်းတွေ ၊၊ အများဆုံးဖတ်ဖြစ်ခဲ့တာက “နက္ခတရောင်ခြည်“ ၊၊ ဘာလို့လဲတော့ မသိပါဘူး၊၊ အမြဲလိုလိုဖတ်ဖြစ်ခဲ့တယ်၊၊
မှတ်မှတ်ရရ ခုနစ်တန်းနှစ်မှာ အဖေဝယ်ပေးခဲ့တဲ့စာအုပ်က “ မိတ္တဗလဋ္ဌီကာ“ မြန်မာပြန်ဆိုထားတဲ့စာအုပ်ပါ၊၊ မူရင်း အင်္ဂလိပ်လိုတော့ အနည်းအကျဉ်းပဲ ဖတ်ဖူးပါတယ်၊၊ စာအုပ်ထဲက အကြောင်းတွေ သိပ်တော့နားမလည်ပေမယ့် လူတွေကို ဘယ်လိုဆက်ဆံရမယ်ဆိုတာတော့ နည်းနည်းသဘောပေါက်ခဲ့တယ်၊၊
ဆယ်ကျော်သက်အရွယ်မှာ အချစ်ဝတ္ထ-ုတွေမကြိုက်တဲ့ ကျနော် စာရေးဆရာကြီး လင်းယုံမောင်မောင် ဘာသာပြန်တဲ့ စာအုပ်တွေကြားထဲမှာ ပျော်မွေ့လို့နေခဲ့တယ်၊၊ စာရေးဆရာ ဦးဖေမြင့်ရဲ့ “ မဖြစ်နိူင်ဘူးဆိုတာ သေချာပြီလား “ စာအုပ်လေးကတော့ ကျနော့်ဘဝရဲ့ လှံစိုက်တဲ့ကာလတွေမှာ အားဆေးတစ်ခွက်ဖြစ်ခဲ့တယ်၊၊
တကယ်တော့ အဖေဟာ သူကိုယ်တိုင်ကပါ အားလပ်ချိန်တွေမှာ စာအုပ်ကို လက်ကမချတမ်း ဖတ်တဲ့လူတစ်ယောက်၊၊ ကျနော်စဉ်းစားဖူးတယ် အဖေဟာ အသက်ရှူနေတဲ့ စာကြည့်တိုက်များလားလို့၊၊ သားအဖတွေ ဧည့်ခန်းထဲမှာ ရှိနေလို့ကတော့ ဘာသံမှ မကြားရပဲ တိတ်ဆိတ်လို့၊၊ စာအုပ်ကိုယ်စီနဲ့ ခေါင်းမဖော်တမ်း၊၊ အမေက ထမင်းစားဖို့ အတင်းပဲ ခေါ်ရတာ၊၊ အဲဒီလောက်တောင် စာဖတ်ဝါသနာ တူခဲ့တယ်၊၊
အဖေ ဆံပင်တွေဖြူလို့ မျက်မှန်တစ်လက်နဲ့ စာဖတ်တုန်း၊၊ အဖေ့မျိုးဆက် ကျနော်လဲ မျက်မှန်တစ်လက်နဲ့ စာတွေဖတ်နေရတုန်း၊၊ အရင်လောက်တော့ အပြင်စာတွေ ဖတ်ဖို့အချိန်မရတော့ဘူးဆိုတာ အဖေသိရင် ပြံုးများနေမလား၊၊
စာအုပ်စာပေ ချစ်မြတ်နိုးအောင် အခြေခံက စပြီး အုတ်မြစ်ချပေးခဲ့တဲ့ အဖေ့ကို ဒီနေရာလေးကနေ ကျေးဇူးတင် ဂါဝရပြုလိုက်ပါတယ်၊၊

Comments