Skip to main content

I made the right choice

ဘဝမှာ အောင်မြင်မှုတွေရဖို့ဆိုပြီး မိတ်ဆွေသူငယ်ချင်းတွေနဲ့ အိမ်ကိုစွန့်ခွာခဲ့တယ်....
    ဒီအတွက် ကျွန်တော့်ရဲ့ ရွေးချယ်မှု မှန်ကန်ခဲ့တယ်လို့ လူတွေပြောကြတယ်၊၊

အရင်းနှီးဆုံး သူငယ်ချင်းတွေကို ဆုံးရှုံးခဲ့ရပြီး မြို့ကလေးထဲမှာ ကျွန်တော်တစ်ယောက်ထဲ အထီးကျန်နေခဲ့ပေမယ့် အောင်မြင်မှုက ကျွန်တော့်ကို  စောင့်မျှော်နေခဲ့တယ်....
    ဒီအတွက် ကျွန်တော့်ရဲ့ ရွေးချယ်မှု မှန်ကန်ခဲ့တယ်လို့ လူတွေပြောကြတယ်၊၊

ကျွန်တော့် ဘဝမှာ မြတ်နိုးတန်ဖိုးထားရမယ့်  သူမနဲ့ ဆုံတွေ့ခဲ့တယ် ဒါပေမယ့် ငွေရှာဖို့အတွက်
သူမကို တစ်ယောက်တည်း ချန်ထားရစ်ခဲ့တယ်....
      ဒီအတွက် ကျွန်တော့်ရဲ့ ရွေးချယ်မှု မှန်ကန်ခဲ့တယ်လို့ လူတွေပြောကြတယ်၊၊


ကျွန်တော့်ရဲ့ မိသားစုမှာ ကျွန်တော်ဟာ ဧည့်သည်တစ်ယောက်လို ဖြစ်လာခဲ့တယ် အချိန်တိုင်းမှာ အိမ်သားတွေကို သတိရနေခဲ့ပေမယ့် ကျွန်တော့်ရဲ့ ဝင်ငွေတွေကတော့ တိုးတက်လာခဲ့တယ်....
       ဒီအတွက် ကျွန်တော့်ရဲ့ ရွေးချယ်မှု မှန်ကန်ခဲ့တယ်လို့ လူတွေပြောကြတယ်၊၊

သူတို့တွေ ကျွန်တော့်ကို လိုအပ်နေချိန်မှာ ကျွန်တော်ရှိမနေနိူင်ခဲ့ဘူး ကျွန်တော်အိမ်မှာ ရှိနေချင်တဲ့ အချိန်တိုင်းကို သတိရတမ်းတမိတယ် ဒါပေမယ့် တချိန်တည်းလိုလိုမှာပဲ ကျွန်တော့် Bank Account ထဲမှာ ဂဏန်းတွေ တိုးပွားလာခဲ့ပြန်တယ်....
       ဒီအတွက် ကျွန်တော့်ရဲ့ ရွေးချယ်မှု မှန်ကန်ခဲ့တယ်လို့ လူတွေပြောကြတယ်၊၊

ကျွန်တော့် မိသားစုဝင်တွေနဲ့ ပျော်ရွှင်မှုတွေကို ကျွန်တော် မျှဝေမခံစားပေးနိူင်ခဲ့ဘူး သူတို့ရဲ့ ပူဆွေးသောကတွေကို မနှစ်သိမ့်ပေးနိူင်ခဲ့ဘူး ဒါပေမယ့် ကျွန်တော့်ရဲ့ လုပ်အားခတွေကတော့ တိုးပြီးရင်းတိုးလာခဲ့တယ်....
       ဒီအတွက် ကျွန်တော့်ရဲ့ ရွေးချယ်မှု မှန်ကန်ခဲ့တယ်လို့ လူတွေပြောကြတယ်၊၊

ကျွန်တော်ချစ်တဲ့လူတွေရဲ့ နောက်ဆုံးခရီးကို ကျွန်တော် လိုက်မပို့နိူင်ခဲ့ဘူး အဲဒီအတွက် ကျွန်တော့်ကိုယ် ကျွန်တော် ခွင့်လွတ်မိမှာ မဟုတ်ဘူး ဒါပေမယ့် လစဉ်လတိုင်း မက်မောလောက်စရာ လုပ်အားခတွေ ကျွန်တော် ရနေခဲ့တယ်….
       ဒီအတွက် ကျွန်တော့်ရဲ့ ရွေးချယ်မှု မှန်ကန်ခဲ့တယ်လို့ လူတွေပြောကြတယ်၊၊


မင်းအတွက် ငါအမြဲရှိနေပါ့မယ်ဆိုတဲ့ စကားလေးတစ်ခွန်း ကျွန်တော် ဘယ်တော့မှ မပြောနိူင်ခဲ့ဘူး ဘယ်နေရာကို ခရီးထွက်ရအုံးမလဲဆိုတာ ဘယ်တော့မှ ကျွန်တော်မသိခဲ့ဘူး ဒါပေမယ့် ကျွန်တော် ငွေကိုပဲ သဲကြီးမဲကြီး ဆက်ပြီးရှာနေခဲ့မိတယ်.....
       ဒီအတွက် ကျွန်တော့်ရဲ့ ရွေးချယ်မှု မှန်ကန်ခဲ့တယ်လို့ လူတွေပြောကြတယ်၊၊

ကျွန်တော့်ရဲ့ နှစ်နှစ်အရွယ်သားငယ်လေးက ကျွန်တော့်ကို မမှတ်မိတော့ဘူး သူ့ကိုထွေးပွေ့ခွင့်ရဖို့အရေး လက်ဆောင်တွေ ဝယ်ပေးနေခဲ့ရတယ် သူလိုချင်သမျှလက်ဆောင်တွေ ဝယ်ပေးဖို့ ကျွန်တော့်မှာ ငွေအလုံအလောက်ရှိခဲ့ပါတယ်....
       ဒီအတွက် ကျွန်တော့်ရဲ့ ရွေးချယ်မှု မှန်ကန်ခဲ့တယ်လို့ လူတွေပြောကြတယ်၊၊

ကျွန်တော့်ကို မိသားစုဝင်တွေက သူတို့ငွေလိုအပ်တဲ့အခါပဲ  သတိရကြတော့တယ် ကျန်တဲ့အချိန်တွေမှာတော့ ကျွန်တော်က သူစိမ်းပြင်သက်သက်ပါပဲ သူတို့လိုအပ်သမျှ ချက်လက်မှတ်တွေ ကျွန်တော် ရေးပေးနိူင်ခဲ့ပြီ....
       ဒီအတွက် ကျွန်တော့်ရဲ့ ရွေးချယ်မှု မှန်ကန်ခဲ့တယ်လို့ လူတွေပြောကြတယ်၊၊

သိပ်မကြာခင် ကျွန်တော် သေရပါတော့မယ် ကျွန်တော့်ကို ဘယ်နေရာ ဘယ်သူကမှ အစိတ်အပိုင်းတစ်ခုအဖြစ် မှတ်မိနေကြမှာ မဟုတ်ပါဘူး ဒါပေမယ့် ကျွန်တော့် ဘဏ်ထဲမှာတော့ ငွေတွေ အပုံလိုက်ကျန်ရစ်နေခဲ့ပါလိမ့်မယ်...    
       ဒီအတွက် ကျွန်တော့်ရဲ့ ရွေးချယ်မှု မှန်ကန်ခဲ့တယ်လို့  လူတွေထပ်ပြီး ပြောနေကြပါလိမ့်မယ်၊၊

I made the right choice by unknown ကို နားလည်သလို ဘာသာပြန်ပါတယ်၊၊

Comments

Popular posts from this blog

ကျန်းမာရေးစောင့်ရှောက်မှုစနစ်

အမိမြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြည်သူတွေတော်တော်များများက လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ မြင်ကြပါတယ်၊၊ မြင်တဲ့အတိုင်းလည်း မှန်ကန်တယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်၊၊ အိမ်နီးနားချင်း  ယိုးဒယားပြည်က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နှိုင်းယှဉ်ပြီး အမိနိူင်ငံရဲ့ ကျန်းမာရေးစနစ်ကို မချင့်မရဲ ဖြစ်နေကြတဲ့သူတွေလည်း တပုံတပင်ကြီးပါ၊၊ ကျွန်တော်ဟာ ယိုးဒယားပြည်ကို  မရောက်ခဲ့ဖူးပေမယ့် သူငယ်ချင်းမိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးကြောင့် ယိုးဒယားနိူင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို တစွန်းတစ မြင်တွေ့ခွင့်ရခဲ့ပါတယ်၊၊ အဖြစ်အပျက်က ဒီလိုပါ၊၊ ကျွန်တော့်ရဲ့ မိတ်ဆွေအမျိုးသမီးဟာ ဘန်ကောက်မြို့ရဲ့ လမ်းကြားတစ်နေရာမှာ ကားအတိုက်ခံရပါတယ်၊၊ တိုက်တဲ့လူက တာဝန်မယူပဲ  တစ်ခါတည်းကို ထွက်ပြေးသွားပါတယ်၊၊ သူမဟာ သွေးအိုင်ထဲမှာ မိနစ်တော်တော်ကြာ လဲကျနေခဲ့တယ်၊၊ ကံကောင်းထောက်မစွာပဲ ထိုင်းအမျိုးသမီးတစ်ယောက်ကနေပြီး သူမကို ဆေးရုံပို့ပေးခဲ့တယ်၊၊ ဒီနောက်တော့ သူမဟာ သူမရဲ့ ခြေထောက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရပါတယ်၊၊ တစ်လခွဲနီးပါး ဆေးရုံပေါ်မှာ ကုသခံယူပြီးနောက်မှာတော့ သူမဟာ ဆေးရုံပေါ်က ဆင်းခွင့...

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...

ငါဟာ ဘယ်သူလဲ? Who am I?

  လွန်ခဲ့တဲ့ နှစ်အနည်းက စပြီး စာရေးသူ မကြာခဏ တွေးဖြစ်တဲ့ အကြောင်းအရာတွေက ဘာများလဲဆိုတော့  ငါဟာ ဘယ်သူလဲ (Who am I?)   ငါ့ရဲ့  စိတ်ခံစားမှုတွေနဲ့ တုံ့ပြန်မှုတွေက ဘယ်ကနေ လာတာလဲ  (What triggers me?)   ငါ့ရဲ့ စိတ်ဒဏ်ရာတွေက ဘယ်နေရာ ဘယ်အချိန်တုန်းက စလာခဲ့သလဲ ( What are my traumas?)   ဒီ စိတ်ဒဏ်ရာတွေက ခုလက်ရှိ ဘဝကို ဘယ်လို အကျိုး သက်ရောက်နေသလဲ ( How are my traumas affecting my adult life?)   ဒီ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားနေလဲ ( How is my healing journey?)   ငါဟာ ဘယ်သူလဲ? ဒီမေးခွန်းက တိုတို‌လေးနဲ့ အဓိပ္ပါယ်အရမ်းလေးနက်တာမို့ စာတစ်ကြောင်း၊နှစ်ကြောင်းလောက်နဲ့ ပြီးပြည့်စုံအောင် ဖြေဖို့ ခက်ပါတယ်။ စာရေးသူအနေနဲ့ ဒီမေးခွန်းကို ဖြေဖို့ရာ အချိန်တွေ အကြာကြီးယူခဲ့ရသလို ဖတ်ခဲ့ရတဲ့ စာအုပ်တွေလည်း မနည်းပါဘူး။ လမ်းရှာရင် လမ်းတွေ့မယ်ဆိုတဲ့ စကားပုံလိုပါပဲ စာရေးသူဟာ ကံကောင်းထောက်မစွာနဲ့ ဒီမေးခွန်းကို အဖြေရှာနေတဲ့ မိတ်ဆွေတစ်စုနဲ့ ဆုံဆည်းခွင့်ရပါတယ်။ နှစ်ပတ် တစ်ကြိမ် အွန်လိုင်းပေါ်မှာ တွေ့ကြပြီး မိမိရဲ့ အတွေ့အကြုံတွေနဲ့ အတွေးစတွေကို ရင်ဘတ်ချင်းတူတဲ့ မိတ်ဆွေ...