အခုတလော အလုပ်တွေ အရမ်းကို များလွန်းနေပါတယ်၊၊ တစ်ပတ်တစ်ပတ်ကို နာရီ ခြောက်ဆယ်နီးပါး လုပ်နေရတာတောင် မပြီးနိူင်မစီးနိူင်ပါပဲ၊၊ လူက နုံးချိချိနဲ့ စိတ်မကြည်တိုင်း မြန်မာပြည်က အိမ်လေးကို လွမ်းမိတယ်၊၊ မြန်မာပြည်မှာနေခဲ့ပျော်ခဲ့တုန်းကဆို အားလပ်ချိန်ဆိုတာ အတော့ကို ပေါများလွန်းလို့ ဘယ်လိုဖြုန်းပစ်ရမှန်းမသိခဲ့လောက်အောင်ပါပဲ၊၊ အားနေရင် သင်တန်းလေးပြေးတက်လိုက် လူမှုရေးတွေလိုက်လုပ်လိုက်နဲ့ ဒါနဲ့တောင် အချိန်တွေက အေးအေးဆေးဆေးဖြစ်ခဲ့ဖူးပါတယ်၊၊
တစ်ခါတစ်ခါတော့လည်း တွေးမိတွေးရာ အများကြီးတွေးမိတာပေါ့၊၊ ရုန်းကန်လှုပ်ရှားနေခြင်းက ဘဝရဲ့ ရှင်သန်မှုတစ်ခုဆိုတာ မှန်ပေမယ့် သူတပါးရဲ့ လိုအပ်ခြင်းကို တစိတ်တပိုင်းဖြည့်ဆည်းပေးနိူင်ခြင်းကလည်း ဘဝခရီးရဲ့ အားဆေးတစ်ခွက်ဖြစ်လိမ့်မယ်လို့ စဉ်းစားမိခဲ့ဖူးတယ်၊၊
မှတ်မှတ်ရရ အသက် ၁၅ နှစ်လောက်အရွယ်တုန်းက ကျေးလက်ဒေသတစ်ခုကို ရောက်သွားခဲ့ဖူးတယ်၊၊ ရွာလေးထဲကို လျှောက်ကြည့်ကြရင်း အဘွားအိုတစ်ယောက် ဆန်အိပ်ကြီးကို မနိူင်မနင်းနဲ့ ထမ်းလာခဲ့တာ ခါးတောင်ကုန်းလို့ မြေကြီးထိလုလုနီးပါးပါပဲ၊၊ ကျနော်မြင်လိုက်တာနဲ့ တပြိုင်နက် တော်တော်ကို စိတ်မကောင်းဖြစ်ခဲ့မိတယ်၊၊ သားသမီးနောက်ခံမရှိလို့ပဲလား ဒါမှမဟုတ် ဘယ်လိုများဖြစ်တာပါလိမ့်ပေါ့၊၊ ဒါနဲ့ သူငယ်ချင်းတွေကို ဝိုင်းပြောပြီး သွားထမ်းကူခဲ့တာ ကျနော့် ပုခုံးပေါ် ဆန်အိပ်ရောက်လာတာနဲ့ လူက ပြိုဆင်းမတတ် ပါပဲ၊၊ အဘွားအိုကို တော်တော့ကို သနားသွားမိပါတယ်၊၊ အဲဒီနောက် လမ်းသုံးလမ်းလောက် ထမ်းပြီးမှ သူမရဲ့ ဝါးအိမ်ကလေးဆီ ရောက်ပါတော့တယ်၊၊ အဘွားခမျာ ကျေးဇူးတင်ရှာလွန်းလို့ ပုလင်းလေးထဲသေချာသိမ်းထားတဲ့ ထန်းလျက်ခဲကို ချကျွေးပါတယ်၊၊ ကျနော်တို့တွေ မစားရက်ခဲ့ပါဘူး၊၊ တည်းခိုရာ အိမ်အပြန်လမ်းမှာတော့ ကျနော့်ရင်ထဲမှာ အတွေးတွေတပုံကြီးနဲ့ပေါ့၊၊
တခါတခါကျေးလက်ဒေသတွေရောက်ခဲ့တိုင်း အသက်ကြီးကြီးအမယ်အိုတွေ အဘိုးအိုတွေ ရေခပ်ထင်းရှာနေတာမြင်မိတိုင်း ကျနော့်ရင်ထဲက မကောင်းလှပါဘူး၊၊ဘယ်လိုအကြောင်းတရားတွေကြောင့်များ ဇရာသက်တမ်းကို ဒီလိုမျိုးပင်ပန်းဆင်းရဲစွာ ဖြတ်ကျော်နေခဲ့ရလဲ ကျနော်မသိနိူင်ပေမယ့် သူတို့တွေအတွက် ကျနော် ဘာများလုပ်ပေးနိူင်မလဲ ?
အထီးကျန်ခြင်းဟာ အနေရခက်လှတဲ့ဝေဒနာတစ်မျိုးပါ၊၊ အလုပ်တွေများပြီး ခုတလော ဘယ်သူတွေနဲ့မှလဲ စကားမပြောနိူင်ပါဘူး၊၊ အိမ်ကို မိုးချုပ်မှပြန်ရောက် ညစာစားပြီးတန်းအိပ်၊၊ အသက်ကြီးလာတဲ့အခါ မြင်ခဲ့ဖူးတဲ့ အဘွားတို့လို အထီးကျန် တစ်ယောက်ထဲ ရုန်းကန်ရမယ်ဆိုရင် ကျနော် အဆင်ပြေပါ့မလား၊၊

Comments