Skip to main content

တွေးမိတွေးရာ

အခုတလော အလုပ်တွေ အရမ်းကို များလွန်းနေပါတယ်၊၊ တစ်ပတ်တစ်ပတ်ကို နာရီ ခြောက်ဆယ်နီးပါး လုပ်နေရတာတောင် မပြီးနိူင်မစီးနိူင်ပါပဲ၊၊ လူက နုံးချိချိနဲ့ စိတ်မကြည်တိုင်း မြန်မာပြည်က အိမ်လေးကို လွမ်းမိတယ်၊၊ မြန်မာပြည်မှာနေခဲ့ပျော်ခဲ့တုန်းကဆို အားလပ်ချိန်ဆိုတာ အတော့ကို ပေါများလွန်းလို့ ဘယ်လိုဖြုန်းပစ်ရမှန်းမသိခဲ့လောက်အောင်ပါပဲ၊၊ အားနေရင် သင်တန်းလေးပြေးတက်လိုက် လူမှုရေးတွေလိုက်လုပ်လိုက်နဲ့ ဒါနဲ့တောင် အချိန်တွေက အေးအေးဆေးဆေးဖြစ်ခဲ့ဖူးပါတယ်၊၊

တစ်ခါတစ်ခါတော့လည်း တွေးမိတွေးရာ အများကြီးတွေးမိတာပေါ့၊၊ ရုန်းကန်လှုပ်ရှားနေခြင်းက ဘဝရဲ့ ရှင်သန်မှုတစ်ခုဆိုတာ မှန်ပေမယ့် သူတပါးရဲ့ လိုအပ်ခြင်းကို တစိတ်တပိုင်းဖြည့်ဆည်းပေးနိူင်ခြင်းကလည်း ဘဝခရီးရဲ့ အားဆေးတစ်ခွက်ဖြစ်လိမ့်မယ်လို့ စဉ်းစားမိခဲ့ဖူးတယ်၊၊

 မှတ်မှတ်ရရ အသက် ၁၅ နှစ်လောက်အရွယ်တုန်းက ကျေးလက်ဒေသတစ်ခုကို ရောက်သွားခဲ့ဖူးတယ်၊၊ ရွာလေးထဲကို လျှောက်ကြည့်ကြရင်း အဘွားအိုတစ်ယောက် ဆန်အိပ်ကြီးကို မနိူင်မနင်းနဲ့ ထမ်းလာခဲ့တာ ခါးတောင်ကုန်းလို့ မြေကြီးထိလုလုနီးပါးပါပဲ၊၊ ကျနော်မြင်လိုက်တာနဲ့ တပြိုင်နက်  တော်တော်ကို စိတ်မကောင်းဖြစ်ခဲ့မိတယ်၊၊ သားသမီးနောက်ခံမရှိလို့ပဲလား ဒါမှမဟုတ် ဘယ်လိုများဖြစ်တာပါလိမ့်ပေါ့၊၊ ဒါနဲ့ သူငယ်ချင်းတွေကို ဝိုင်းပြောပြီး သွားထမ်းကူခဲ့တာ ကျနော့် ပုခုံးပေါ် ဆန်အိပ်ရောက်လာတာနဲ့ လူက ပြိုဆင်းမတတ် ပါပဲ၊၊ အဘွားအိုကို တော်တော့ကို သနားသွားမိပါတယ်၊၊ အဲဒီနောက် လမ်းသုံးလမ်းလောက် ထမ်းပြီးမှ သူမရဲ့ ဝါးအိမ်ကလေးဆီ ရောက်ပါတော့တယ်၊၊ အဘွားခမျာ ကျေးဇူးတင်ရှာလွန်းလို့ ပုလင်းလေးထဲသေချာသိမ်းထားတဲ့ ထန်းလျက်ခဲကို ချကျွေးပါတယ်၊၊ ကျနော်တို့တွေ မစားရက်ခဲ့ပါဘူး၊၊ တည်းခိုရာ အိမ်အပြန်လမ်းမှာတော့ ကျနော့်ရင်ထဲမှာ အတွေးတွေတပုံကြီးနဲ့ပေါ့၊၊

တခါတခါကျေးလက်ဒေသတွေရောက်ခဲ့တိုင်း အသက်ကြီးကြီးအမယ်အိုတွေ အဘိုးအိုတွေ ရေခပ်ထင်းရှာနေတာမြင်မိတိုင်း ကျနော့်ရင်ထဲက မကောင်းလှပါဘူး၊၊ဘယ်လိုအကြောင်းတရားတွေကြောင့်များ ဇရာသက်တမ်းကို ဒီလိုမျိုးပင်ပန်းဆင်းရဲစွာ ဖြတ်ကျော်နေခဲ့ရလဲ ကျနော်မသိနိူင်ပေမယ့် သူတို့တွေအတွက် ကျနော် ဘာများလုပ်ပေးနိူင်မလဲ ?

အထီးကျန်ခြင်းဟာ အနေရခက်လှတဲ့ဝေဒနာတစ်မျိုးပါ၊၊ အလုပ်တွေများပြီး ခုတလော ဘယ်သူတွေနဲ့မှလဲ စကားမပြောနိူင်ပါဘူး၊၊ အိမ်ကို မိုးချုပ်မှပြန်ရောက် ညစာစားပြီးတန်းအိပ်၊၊ အသက်ကြီးလာတဲ့အခါ  မြင်ခဲ့ဖူးတဲ့ အဘွားတို့လို အထီးကျန် တစ်ယောက်ထဲ ရုန်းကန်ရမယ်ဆိုရင် ကျနော် အဆင်ပြေပါ့မလား၊၊

Comments

Anonymous said…
ဖတ်သွားပါတယ်နော်

Popular posts from this blog

ကျန်းမာရေးစောင့်ရှောက်မှုစနစ်

အမိမြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြည်သူတွေတော်တော်များများက လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ မြင်ကြပါတယ်၊၊ မြင်တဲ့အတိုင်းလည်း မှန်ကန်တယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်၊၊ အိမ်နီးနားချင်း  ယိုးဒယားပြည်က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နှိုင်းယှဉ်ပြီး အမိနိူင်ငံရဲ့ ကျန်းမာရေးစနစ်ကို မချင့်မရဲ ဖြစ်နေကြတဲ့သူတွေလည်း တပုံတပင်ကြီးပါ၊၊ ကျွန်တော်ဟာ ယိုးဒယားပြည်ကို  မရောက်ခဲ့ဖူးပေမယ့် သူငယ်ချင်းမိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးကြောင့် ယိုးဒယားနိူင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို တစွန်းတစ မြင်တွေ့ခွင့်ရခဲ့ပါတယ်၊၊ အဖြစ်အပျက်က ဒီလိုပါ၊၊ ကျွန်တော့်ရဲ့ မိတ်ဆွေအမျိုးသမီးဟာ ဘန်ကောက်မြို့ရဲ့ လမ်းကြားတစ်နေရာမှာ ကားအတိုက်ခံရပါတယ်၊၊ တိုက်တဲ့လူက တာဝန်မယူပဲ  တစ်ခါတည်းကို ထွက်ပြေးသွားပါတယ်၊၊ သူမဟာ သွေးအိုင်ထဲမှာ မိနစ်တော်တော်ကြာ လဲကျနေခဲ့တယ်၊၊ ကံကောင်းထောက်မစွာပဲ ထိုင်းအမျိုးသမီးတစ်ယောက်ကနေပြီး သူမကို ဆေးရုံပို့ပေးခဲ့တယ်၊၊ ဒီနောက်တော့ သူမဟာ သူမရဲ့ ခြေထောက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရပါတယ်၊၊ တစ်လခွဲနီးပါး ဆေးရုံပေါ်မှာ ကုသခံယူပြီးနောက်မှာတော့ သူမဟာ ဆေးရုံပေါ်က ဆင်းခွင့...

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...

ငါဟာ ဘယ်သူလဲ? Who am I?

  လွန်ခဲ့တဲ့ နှစ်အနည်းက စပြီး စာရေးသူ မကြာခဏ တွေးဖြစ်တဲ့ အကြောင်းအရာတွေက ဘာများလဲဆိုတော့  ငါဟာ ဘယ်သူလဲ (Who am I?)   ငါ့ရဲ့  စိတ်ခံစားမှုတွေနဲ့ တုံ့ပြန်မှုတွေက ဘယ်ကနေ လာတာလဲ  (What triggers me?)   ငါ့ရဲ့ စိတ်ဒဏ်ရာတွေက ဘယ်နေရာ ဘယ်အချိန်တုန်းက စလာခဲ့သလဲ ( What are my traumas?)   ဒီ စိတ်ဒဏ်ရာတွေက ခုလက်ရှိ ဘဝကို ဘယ်လို အကျိုး သက်ရောက်နေသလဲ ( How are my traumas affecting my adult life?)   ဒီ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားနေလဲ ( How is my healing journey?)   ငါဟာ ဘယ်သူလဲ? ဒီမေးခွန်းက တိုတို‌လေးနဲ့ အဓိပ္ပါယ်အရမ်းလေးနက်တာမို့ စာတစ်ကြောင်း၊နှစ်ကြောင်းလောက်နဲ့ ပြီးပြည့်စုံအောင် ဖြေဖို့ ခက်ပါတယ်။ စာရေးသူအနေနဲ့ ဒီမေးခွန်းကို ဖြေဖို့ရာ အချိန်တွေ အကြာကြီးယူခဲ့ရသလို ဖတ်ခဲ့ရတဲ့ စာအုပ်တွေလည်း မနည်းပါဘူး။ လမ်းရှာရင် လမ်းတွေ့မယ်ဆိုတဲ့ စကားပုံလိုပါပဲ စာရေးသူဟာ ကံကောင်းထောက်မစွာနဲ့ ဒီမေးခွန်းကို အဖြေရှာနေတဲ့ မိတ်ဆွေတစ်စုနဲ့ ဆုံဆည်းခွင့်ရပါတယ်။ နှစ်ပတ် တစ်ကြိမ် အွန်လိုင်းပေါ်မှာ တွေ့ကြပြီး မိမိရဲ့ အတွေ့အကြုံတွေနဲ့ အတွေးစတွေကို ရင်ဘတ်ချင်းတူတဲ့ မိတ်ဆွေ...