Skip to main content

I am nothing

တကယ်လို့ မိတ်ဆွေဟာ
မိန်းမကောင်းတစ်ယောက်ဖြစ်ဖို့ သိပ်ပြီးခက်ခဲနေခဲ့မယ်ဆိုရင်
ဒါမှမဟုတ် ယောကျင်္ားကောင်းတစ်ယောက်ဖြစ်ဖို့ သိပ်ပြီးစိတ်ပျော့နေခဲ့မယ်ဆိုရင်
ဒါမှမဟုတ် ခင်ပွန်းကောင်းတစ်ယောက်မဖြစ်နိူင်လောက်အောင် သိပ်ပြီး တကိုယ်ကောင်းဆန်ခဲ့မယ်ဆိုရင် ဒါမှမဟုတ် သူငယ်ချင်းကောင်းတစ်ယောက်မဖြစ်နိူင်လောက်အောင် သိပ်ပြီးရှက်တတ်လွန်းနေခဲ့ရင်
ဒါမှမဟုတ် အရာရာတိုင်းကို စေ့စေ့စပ်စပ်ဝေဖန်ဆုံးဖြတ်နိူင်ဖို့ သိပ်ပြီးဂရုစိုက်လွန်းနေခဲ့ရင်
ဒါမှမဟုတ် မလှနိူင်လောက်အောင် သိပ်ပြီးဝလွန်းနေခဲ့ရင်
ဒါမှမဟုတ် ခေါင်းဆောင်ကောင်းတစ်ယောက်မဖြစ်နိူင်လောက်အောင် ရှက်ကြောက်နေတတ်ခဲ့မယ်ဆိုရင် ဒါမှမဟုတ် အရာရာတိုင်းကို အလေးအနက်ထားဖို့သိပ်ပြီး ငယ်ရွယ်လွန်းနေရင်
ဒါမှမဟုတ် အပြောင်းအလဲကို လုပ်ကိုင်ဖို့ သိပ်ပြီးအသက်ကြီးလွန်းသွားရင်
ဒါမှမဟုတ် အပြေးပြိုင်ပွဲမဝင်နိူင်လောက်အောင် ဟိုးအနောက်ဝေးဝေးမှာ ကျန်ရစ်နေခဲ့မယ်ဆိုရင်
မိတ်ဆွေ သင်ဘာလုပ်မလဲ?

တကယ်တော့ ဒီစံနှုန်းသတ်မှတ်ချက်တွေ အားလုံးဟာ မှားယွင်းနေခဲ့သလို မတူညီကွဲပြားလွန်းတဲ့ နယ်ပယ်တစ်ခုလဲ ဖြစ်နေပါတယ်၊၊ ဒါပေမယ့် ဒီသတ်မှတ်ချက်တွေဟာ လူတွေကြားထဲမှာ နေရာအခိုင်အခန့် ယူထားတဲ့အတွက် တခါတလေမှာ ကျနော်တို့ကိုယ်တိုင်တောင် နားမလည်လိုက်ပါပဲနဲ့ ဒီသတ်မှတ်ချက်တွေကို မသိစိတ်ကရော သိစိတ်ကပါ အလိုလို လက်ခံမိသွားခဲ့ကြတယ်၊၊ ဒီတော့ ဒီလက်ခံမှုတွေဟာ ကျနော်တို့ရဲ့ စိတ်နှလုံးတွေကို မလုံခြုံမှုဆီကို ခေါ်ဆောင်သွားပါတော့တယ်၊၊ ဘာကြောင့်လဲဆိုတော့ ဘယ်သူတစ်ဦးကမှ ဒီသတ်မှတ်ချက်တွေဟာ တကယ်ရော မှန်ကန်သလားဆိုတာ တိုင်းတာခဲ့ခြင်းမရှိခဲ့ပါဘူး(ရှိလဲမရှိသင့်ပါဘူး)၊၊ စဉ်းစားကြည့်မယ်ဆိုရင် ဒီသတ်မှတ်စံနှုန်းတွေကို ကျနော်တို့ မယုံကြည်ခဲ့ရင်တောင်မှ ကျနော်တို့တွေအတွက် တခြားလူတွေရဲ့ အမြင်ဟာ အရေးကြီးနေသေးတယ် မဟုတ်ပါလား၊၊ ကိုယ့်ကိုယ် အိမ်နီးနားချင်းတွေက ကိုယ့်ကို ဘယ်လိုမြင်မလဲ? ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေက ဘယ်လိုမြင်ကြမလဲ ဒါမှမဟုတ်? ဘုရားရှိခိုးကျောင်းက လူတွေက ဘယ်လိုထင်မြင်ကြမလဲ? ဒီလို စိုးရိမ်မှုတွေကြောင့်ပဲ လူတွေဟာ သူတို့ရဲ့ စိတ်ထဲမှာ ခံစားရတဲ့ မလုံခြံုမှုတွေကို ဖုံးကွယ်ဖို့ကြိုးစားလာခဲ့ကြတယ်၊၊ ကိုယ့်ရဲ့အနီးပတ်ဝန်းကျင်ကလူတွေကို ကြည့်ပြီး သူတို့တွေရဲ့ ဘဝက ကျေနပ်စရာကောင်းလိုက်တာဆိုပြီး ကိုယ့်ရဲ့ဘဝကို အားမလိုအားမရဖြစ်ပြီး စိတ်ဓာတ်တွေကျတတ်တယ်၊၊ တကယ်တော့ လူတိုင်းလူတိုင်းဟာ ကိုယ့်ရဲ့မလုံခြံုမှုတွေကို ဖုံးကွယ်ထားကြပြီး မိမိရဲ့ ဘဝ စိတ်နေသဘောထား ဒါတွေကို အမှန်အတိုင်းဖွင့်ပြောလိုက်ရမှာ စိုးရွံ့နေခဲ့ကြတယ်၊၊ ဒီအတွက်ကြောင့် လူတွေရဲ့အမြင်မှာ တင့်တယ်နေဖို့ တတ်စွမ်းသလောက် ကြိုးစားကြပြန်တယ်၊၊ တခါတလေကျရင်တော့ ဆိုးသွမ်းနေတဲ့ သူတွေအဖြစ် ပုန်ကန်တတ်ကြတယ်၊၊ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် သူတို့တွေဟာ မှားယွင်းနေတဲ့ စံနှုန်းအောက်မှာ ကိုယ့်ကိုယ်ကို ပြင်ဆင်ဖို့ကြိုးစားနေကြသူတွေပါပဲ၊၊

ဒီအရာတွေ အားလုံးဟာ သိပ်ပြီးတော့ စိတ်မော စိတ်ရှုပ်စရာကောင်းလွန်းပါတယ်၊၊

ကျနော်ဟာ ဘာမှမဟုတ်ပါဘူး၊၊ ဒါဟာ ရိုးစင်းလွန်းပါတယ်၊၊ တကယ်လို့သာ ကျနော်ဟာ သိပ်ပြီးထက်မြက်နေတဲ့သူဖြစ်ခဲ့ရင် ကျနော့်ကို လူတွေက “တုံးအ“တယ်လို့ ထင်ကြမှာကို ကြောက်ရွံ့မိမှာပဲ၊၊ တကယ်လို့ အောင်မြင်နေတဲ့ သူတစ်ယောက်ဆိုရင် ရှုံးနိမ့်မှုကို ကြောက်နေမိမှာ သေချာတယ်၊၊ တကယ်လို့သာ ယောကျင်္ားတစ်ယောက်ဆိုရင် အားနည်းမှာကို စိုးရွံ့မိမယ်၊၊ ခရစ်ယန်တစ်ယောက်ဆိုရင် ယုံကြည်မှုတွေ ပျက်ပြားသွားမှာကို  စိုးရိမ်မိမယ်၊၊ ဘယ်ဘာသာကိုမှ မကိုးကွယ်တဲ့လူတစ်ယောက်ဆိုရင် ယုံကြည်မှုတွေ ပေါက်ဖွားလာမှာကို် ကြောက်ရွံ့မိလိမ့်မယ်၊၊ သိပ်ပြီးတော့ ခွဲခြားစိတ်ဖြာနိူင်လွန်းသူဖြစ်ခဲ့မယ်ဆိုရင် ကိုယ့်ရဲ့ ခံစားမှုတွေကို အသိအမှတ်ပြုလိုက်ဖို့ ထိတ်လန့်နေမိမယ်၊၊ သိပ်ပြီးတော့ ရှက်တတ်လွန်းသူဖြစ်ခဲ့ရင် မိတ်ဆွေအသစ်တွေနဲ့ တွေ့ဆုံရမှာကို စိုးရွံ့နေလိမ့်မယ်၊၊ တကယ်လို့ လူအများလေးစားခံရတဲ့သူဆိုရင် လူတွေက ကျနော့်ကို အရူးတစ်ယောက်လို မြင်ကြမှာကို သေမတတ် စိုးရိမ်နေလိမ့်မယ်၊၊ သိပ်ပြီးတော့ ကျွမ်းကျင်တဲ့သူဆိုရင် အမှားတွေလုပ်မိမှာ စိတ်ပူလိမ့်မယ်၊၊

ဒါပေမယ့် ကျနော်ဟာဘာမှမဟုတ်ခဲ့ဘူးဆိုရင် ကျနော်ဟာ ကျနော်ပဲဆိုတဲ့ လွတ်လပ်တဲ့ သူတစ်ယောက် ဖြစ်သွားပါလိမ့်မယ်၊၊

ဒါပေမယ့် ဒီအချက်ဟာ ပြောင်းလဲမှုတွေ လုပ်စရာမလိုဘူးလို့ ပြောတာ မဟုတ်ပါဘူး၊၊ ပြောင်းလဲမှုဆိုတာ ကျနော်တို့တွေရဲ့ ဘဝမှာ လွဲရှောင်လို့မရတဲ့အရာဖြစ်တယ်၊၊ ပြောင်းလဲမှုဆိုတာ ကျနော်တို့ ဘယ်သူဘယ်ဝါပါဆိုတာရဲ့ အစိတ်အပိုင်းတစ်ခုလဲ ဖြစ်တယ်၊၊ ကောင်းမွန်တဲ့ ပြောင်းလဲမှုကို မလုပ်ဘူးဆိုရင်တော့ ကျနော်တို့တွေဟာ တဖြည်းဖြည်းနဲ့ ဆွေးမြည့်သွားမှာ ဖြစ်တယ်၊၊

လူတွေရဲ့ အထင်အမြင်တွေပေါ် မျှော်လင့်ချက်မထားပဲ ပြီးတော့ ကိုယ်ဟာ ဘာမှမဟုတ်ဘူးဆိုတာကို လက်ခံနိူင်ခဲ့ရင် အမှန်တရားကို မြင်ဖို့ လွယ်ကူပါတယ်၊၊ ကြောက်ရွံ့မှုတွေ၊ မနာလိုမှုတွေ၊ မလုံခြံုမှုတွေ၊ မတရားမှုတွေ၊ ရှက်ကြောက်မှုတွေဟာ ကျနော်တို့တွေ အမှန်တရားကို ဘာဆိုတာ မြင်နိူင်ဖို့ ကာဆီးထားတဲ့ အတားအဆီးတွေပါပဲ၊၊ အမှန်တရားဟာ မကြာခဏ ခြိမ်းခြောက်နေတတ်တဲ့အတွက် ကျနော်တို့တွေ ကာကွယ်ဖို့ တစ်စုံတစ်ရာကြိုးစားမိလိုက်တာနဲ့ လူတွေနဲ့ ရိုးရိုးသားသား ဆက်ဆံဖို့ခက်ခဲသွားသလို မိမိကိုယ်ကိုလဲ ရိုးသားဖို့ ခက်ခဲသွားတတ်ပါတယ်၊၊ ဒါပေမယ့် ကိုယ်ဟာ ဘာမှမဟုတ်ဘူးဆိုတာ လက်ခံထားလိုက်ရင်တော့ ဖြစ်ပျက်သမျှတွေကို အရှိအတိုင်း လက်ခံလိုက်ဖို့ လွယ်ကူသွားပါပြီ၊၊ ဒါဟာ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုရဲ့ အစဖြစ်တယ်၊၊ ဘာကြောင့်လဲဆိုတော့ မိမိလက်မခံတဲ့ နားမလည်တဲ့ အရာတစ်ခုကို မိမိကသွားပြီး ပြောင်းလဲလို့ မရတဲ့အတွက် ဖြစ်တယ်၊၊ ဒါပေမယ့် ဇစ်မြစ်ကို သေချာနားလည်သွားမယ်ဆိုရင်တော့ ပြဿနာကို ဖြေရှင်းခြင်းနဲ့ ဖုံးကွယ်ခြင်းရဲ့ မတူညီမှုကို တွေ့မြင်လာရမှာဖြစ်တယ်၊၊ ဒါတင်မက မိမိမှာရှိနေတဲ့ အရှိအတိုင်းဖြစ်ထွန်းခြင်း နဲ့ မှေးမှိန်အောင်လုပ်နေမိခြင်းရဲ့ မတူညီမှုတွေကို နားလည်လာနိူင်မှာဖြစ်တယ်၊၊

ကျနော်တို့ရဲ့ ကြီးကျယ်တဲ့ မွေးရာပါ ဆုလာဘ်တွေဟာ ကျနော်တို့စိတ်ရဲ့  မလုံခြံုမှုအောက်မှာ မြှပ်နှံခံရလေ့ရှိတတ်ပါတယ်၊၊ တကယ်တော့ ကျနော်တို့ရဲ့ အားနည်းချက်တွေဟာ ကျနော်တို့ ဘယ်လိုအသုံးချနိူင်မလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး ကျနော်တို့အတွက် ခွန်အားတွေဖြစ်စေပါတယ်၊၊

Paul Buchheit ရဲ့ I am nothing ကို နားလည်သလိုပဲ ဝေမျှလိုက်ပါတယ်၊၊

Comments

Popular posts from this blog

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...

မင်္ဂလာပါ

ဒီ Blog လေးမှာ ပထမဦးဆုံး ပိုစ့်ကို Published လုပ်ခဲ့တာက 2010 ခုနှစ် သြဂုတ်လဆိုတော့ 12 နှစ် နီးပါး ရှိခဲ့ပြီပေါ့။ နောက်ဆုံးရေးခဲ့တဲ့ ပို့စ်ကျတော့ 2013 ခုနှစ် ဇူလိုင်လဆိုတော့ ဒီ Blog လေးနဲ့ အဆက်ပြတ်သွားခဲ့တာ 9 နှစ်ကျော်ကျော် ရှိခဲ့ပြီ။   စာရေးသူ အသက်က 20 ကျော် စွန်းစွန်းလေးနဲ့ အမေရိကား ရောက်လာခဲ့တဲ့အချိန်မှာ အိမ်လွမ်းတဲ့ ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရတာတွေကို ကုစားတဲ့အနေနဲ့ Blog ကို စရေးဖြစ်ခဲ့တယ်။ အဲ့ဒီအချိန်တုန်းက သာမန်ပြည်သူတွေအနေနဲ့ မြန်မာပြည်မှာ အင်တာနက်ကို တစ်နာရီ ၁၅၀၀ ကျပ်နဲ့ အင်တာနက်ကဖီးတွေမှာ တမေ့တမော သုံးနေရတဲ့ခေတ်ဆိုတော့ ပြည်တွင်းက လူတွေနဲ့ အရမ်းကြီး အဆက်အသွယ်တွေ လွယ်ကူမြန်ဆန်ခဲ့တာတော့ မဟုတ်ခဲ့ဘူး။   အဲ့ဒီကာလတွေတုန်းက များသောအားဖြင့်တော့ ပြည်ပနေ မြန်မာ Blogger တွေ အချင်းချင်းပဲ သူ့ blog ကိုယ့် blog သွားလည်ကြ၊ စာတွေဖတ်၊ Comment တွေ ရေးရင်းနဲ့ အထီးကျန်မှုတွေကို ဖြေဖျောက်ခဲ့ရတာတွေကို အသေအချာ မှတ်မိတယ်။ မနိုင်းနိုင်းစနေ၊ ကိုညီလင်းသစ်၊ မစန်းထွန်းနဲ့ သက်တန့်ချိုတို့ကိုတော့ အခုထိ သေသေချာချာကြီးကို မှတ်မိနေတုန်း။ နောက် အာဖရိကမှာ တာဝန်ကျတဲ့ မြန်မာဆရာဝန် Blogger...

ကမ္ဘာသစ်

သူငယ်ချင်းရေ     ငါတို့တွေ ကျောင်းပြီးကတည်းက မတွေ့ကြတော့ဘူးနော်၊၊ ကျောင်းတော်ကြီးတုန်းက ငါတို့တွေ အိပ်မက်တွေကိုယ်စီနဲ့ ဘဝအတွက် အုတ်မြစ်ကိုယ်စီ ချခဲ့ကြတယ်၊၊ တချို့တွေလဲ ကိုယ့်လမ်းကြောင်းပေါ် ကိုယ်စီလျှောက်လို့။ မမျော်လင့်ပဲနဲ့ ဘဝဆိုတဲ့ ပင်လယ်ကြီးက ငါတို့အတွက် ကျယ်ပြန့်လွန်းနေတယ်၊၊     သူငယ်ချင်းရေ မင်းမှတ်မိသေးလား၊၊ ငါတို့တွေ မွေးရပ်မြေ အတွက် အိပ်မက်ကိုယ်စီ မက်ခဲ့ကြတယ်လေ၊၊ မင်းဖြစ်ချင်ခဲ့တဲ့ အိပ်မက်တွေကို ငါအခုထိမှတ်မိနေတုန်းပဲ၊၊ ဆယ်ကျော်သက် စိတ်ကူးတွေနဲ့ ငါတို့တတွေ လောကကြီးကို လှပသွားအောင် ဆေးရောင်စုံ ချယ်ခဲ့ကြတယ်၊၊ လောဘဇောတိုက်တဲ့ လူတွေအကြောင်း ငါတို့တွေ ဝိုင်းပြီးရှုံ့ချခဲ့ကြတယ်လေ၊၊ အတ္တကြီးတဲ့ လူ့ငနဲတွေရဲ့ စိတ်ဓာတ်ကို ငါတို့တတွေ အံ့သြခဲ့ကြသေးတယ်၊၊     လောကကြီးက ငါတို့ထင်ထားတာထက် ပိုပြီးတော့ ရှုပ်ထွေးနေတယ်၊၊ ရံဖန်ရံခါကြတော့ ငါတို့ထင်ထားတဲ့ မှားယွင်းမှုတွေက လုပ်သင့်လုပ်ထိုက်တာတွေတဲ့၊၊ ငါတို့တွေအမြဲ ပြောဖြစ်ခဲ့တဲ့ ကိုယ်ခြင်းစာတရားက ပျော့ညံ့မှုတဲ့၊၊ သူငယ်ချင်းရယ် မိုးခါးရေတွေသောက်နေတဲ့ လူတွေကြားမှာ ငါတို့ရဲ့ သစ္စာတရားက အရောင်မလက်တော့တာ အမ...