Skip to main content

ခရစ္စမတ်လက်ဆောင်

" မောင်...ခင့်ကို အဲလိုမျက်လုံးတွေနဲ့ ကျေးဇူးပြုပြီးမကြည့်လိုက်ပါနဲ့...မောင့်ကိုခရစ္စမတ်လက်ဆောင် မပေးပဲနဲ့ ခင်ဘယ်လိုမှမနေနိူင်လို ့ခင့်ဆံပင်တွေ ဖြတ်ပြီး ရောင်းလိုက်ရတာပါ။ ဆံပင်ဆိုတာကပြန်ရှည်လာမှာပဲလေ မောင်ရယ်နော်..မောင်စိတ်မဆိုးပါနဲ့နော် ... စိတ်မဆိုးဘူးမဟုတ်လား မောင်ရယ် " Della တစ်ယောက် စကားပြောလို့ အပြီး
Jim တစ်ယောက် အပေါ်ဝတ် ကုတ်အကျႌအိပ်ကပ်ထဲက အထုပ်တစ်ထုပ်ကို ဆွဲထုတ်လိုက်ပြီး စားပွဲပေါ် ပစ်တင်လိုက်တယ်၊၊

ဖြူရော်နေတဲ့ လက်ချောင်းပိန်ပိန်လေးတွေက စူးစမ်းမှုတွေနဲ့ အလျင်အမြန်ပဲ လက်ဆောင်ထုပ်လေးကို ဆွဲဖောက်ပစ်လိုက်တယ်၊၊ ရုတ်တရက်ပဲ အံ့အားသင့် ဝမ်းသာတဲ့ အော်သံလေးတစ်ခု  ထွက်ပေါ်လာခဲ့တယ်၊၊ ကြည့်စမ်းပါအုံး .... Della ရဲ့ ပါးပြင်ပေါ်မှာ နားလည်ရခက်တဲ့ မျက်ရည်တွေနဲ့ အတူ ငိုကြွေးသံလေး က တိတ်တဆိတ်၊၊



စားပွဲပေါ်မှာ အရောင်တဖိတ်ဖိတ်လက်နေတဲ့ ဘီးလေးတစ်စုံရှိနေတယ်၊၊ ဒီဘီးလေးကို Dellaတစ်ယောက်လိုချင်ခဲ့လွန်းလို့ ဆိုင်ပြုတင်းပေါက်နားမှာ ခဏခဏသွားသွားချောင်းကြည့်ခဲ့ရတာ၊၊ ခုတော့ ဒီဘီးလေးတွေက သူမအပိုင်ဖြစ်လာခဲ့ပြီ၊၊ ဒါပေမယ့် ခုချိန်မှာ သူမ ဒီဘီးလေးတွေနဲ့ အလှပြင်ဆင်ဖို့ သူမ အမြတ်တနိုးထားထားခဲ့တဲ့ ဆံနွယ်ရှည်လေးတွေ မရှိတော့ဘူးလေ၊၊ 

Jim ကတော့ Della သူ့အတွက် ဝယ်ပေးထားတဲ့ လက်ဆောင်က ဘာမှန်းမသိသေးပါဘူး၊၊  Della က စိတ်လှုပ်ရှားစွာနဲ့ တုန်ယင်နေတဲ့ သူမလက်ဖဝါးပေါ်က လက်ဆောင်လေးကို Jim လက်ထဲကို ထည့်ပေးလိုက်ပါတယ်၊၊ တောက်ပနေတဲ့ သံမဏိနာရီကြိုးလေးက Della ရဲ့ ပျော်ရွှင်မှုတွေနဲ့ ခံစားမှုတွေကို ထင်ဟပ်နေသလိုပါပဲ၊၊ 

" ဒီကြိုးလေးက မောင့်နာရီလေးနဲ့ အမျိုးအစားတူတယ်မဟုတ်လားဟင်..ခင့်မှာ တစ်မြို့လုံးပတ်ပြီး ဒီကြိုးလေးကိုလိုက်ရှာခဲ့ရတာ၊၊ နောက်ဆို မောင် သူများတွေရှေ့မှာကြိုးမရှိတဲ့ နာရီလေးကို ရှက်ရှက်နဲ့ထုတ်ကြည့်စရာမလိုတော့ဘူး ၊၊မောင်ဝင့်ဝင့်ကြွားကြွားနဲ ့ ကြိုက်သလောက်မောင့်နာရီလေးကို ကြည့်လို့ရပြီ၊၊  မောင့်နာရီလေး ပေးပါအုံး၊၊ ကြိုးနဲ့ တော်မတော် စမ်းကြည့်ရအောင်"

Della ရဲ့ စကားကို နားထောင်ပြီး နာရီလေးထုတ်ပေးမယ့်အစား Jim တစ်ယောက် ထိုင်ခုံပေါ် ထိုင်ချလိုက်ပြီး လက်ကိုခေါင်းအုံးပြီး ပြုံးလိုက်ပါတယ်၊၊ 

"Della  အချစ်ရယ်... မောင်တို့နှစ်ယောက်ရဲ့ ခရစ္စမတ်လက်ဆောင်တွေကို အသာထားပြီး သိမ်းထားလိုက်စမ်းပါ.. အဲဒီလက်ဆောင်တွေက မောင်တို့နှစ်ယောက်အတွက် သိပ်ပြီး ကောင်းလွန်းပါတယ်၊၊ မောင့် နာရီလေးကို ခင့်အတွက် ဘီးဝယ်ပေးဖို့ မောင် ရောင်းလိုက်တယ်ကွယ့် "



ဖတ်မိတဲ့ အပိုင်းလေးတစ်ခုကို နားလည်သလိုဘာသာပြန်ပါတယ်၊၊

Comments

နန်း said…
စာလာဖတ်သွားတယ် မနောမြေစာလေးတွေဖတ်လို့ကောင်းတယ် ခရစ္စမတ်လက်ဆောင်လေး,nick နှင်ပန်သီးခြံကိုလဲလည်လည်သွားခဲ့တယ်

Popular posts from this blog

ကျန်းမာရေးစောင့်ရှောက်မှုစနစ်

အမိမြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြည်သူတွေတော်တော်များများက လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ မြင်ကြပါတယ်၊၊ မြင်တဲ့အတိုင်းလည်း မှန်ကန်တယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်၊၊ အိမ်နီးနားချင်း  ယိုးဒယားပြည်က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နှိုင်းယှဉ်ပြီး အမိနိူင်ငံရဲ့ ကျန်းမာရေးစနစ်ကို မချင့်မရဲ ဖြစ်နေကြတဲ့သူတွေလည်း တပုံတပင်ကြီးပါ၊၊ ကျွန်တော်ဟာ ယိုးဒယားပြည်ကို  မရောက်ခဲ့ဖူးပေမယ့် သူငယ်ချင်းမိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးကြောင့် ယိုးဒယားနိူင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို တစွန်းတစ မြင်တွေ့ခွင့်ရခဲ့ပါတယ်၊၊ အဖြစ်အပျက်က ဒီလိုပါ၊၊ ကျွန်တော့်ရဲ့ မိတ်ဆွေအမျိုးသမီးဟာ ဘန်ကောက်မြို့ရဲ့ လမ်းကြားတစ်နေရာမှာ ကားအတိုက်ခံရပါတယ်၊၊ တိုက်တဲ့လူက တာဝန်မယူပဲ  တစ်ခါတည်းကို ထွက်ပြေးသွားပါတယ်၊၊ သူမဟာ သွေးအိုင်ထဲမှာ မိနစ်တော်တော်ကြာ လဲကျနေခဲ့တယ်၊၊ ကံကောင်းထောက်မစွာပဲ ထိုင်းအမျိုးသမီးတစ်ယောက်ကနေပြီး သူမကို ဆေးရုံပို့ပေးခဲ့တယ်၊၊ ဒီနောက်တော့ သူမဟာ သူမရဲ့ ခြေထောက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရပါတယ်၊၊ တစ်လခွဲနီးပါး ဆေးရုံပေါ်မှာ ကုသခံယူပြီးနောက်မှာတော့ သူမဟာ ဆေးရုံပေါ်က ဆင်းခွင့...

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...

ငါဟာ ဘယ်သူလဲ? Who am I?

  လွန်ခဲ့တဲ့ နှစ်အနည်းက စပြီး စာရေးသူ မကြာခဏ တွေးဖြစ်တဲ့ အကြောင်းအရာတွေက ဘာများလဲဆိုတော့  ငါဟာ ဘယ်သူလဲ (Who am I?)   ငါ့ရဲ့  စိတ်ခံစားမှုတွေနဲ့ တုံ့ပြန်မှုတွေက ဘယ်ကနေ လာတာလဲ  (What triggers me?)   ငါ့ရဲ့ စိတ်ဒဏ်ရာတွေက ဘယ်နေရာ ဘယ်အချိန်တုန်းက စလာခဲ့သလဲ ( What are my traumas?)   ဒီ စိတ်ဒဏ်ရာတွေက ခုလက်ရှိ ဘဝကို ဘယ်လို အကျိုး သက်ရောက်နေသလဲ ( How are my traumas affecting my adult life?)   ဒီ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားနေလဲ ( How is my healing journey?)   ငါဟာ ဘယ်သူလဲ? ဒီမေးခွန်းက တိုတို‌လေးနဲ့ အဓိပ္ပါယ်အရမ်းလေးနက်တာမို့ စာတစ်ကြောင်း၊နှစ်ကြောင်းလောက်နဲ့ ပြီးပြည့်စုံအောင် ဖြေဖို့ ခက်ပါတယ်။ စာရေးသူအနေနဲ့ ဒီမေးခွန်းကို ဖြေဖို့ရာ အချိန်တွေ အကြာကြီးယူခဲ့ရသလို ဖတ်ခဲ့ရတဲ့ စာအုပ်တွေလည်း မနည်းပါဘူး။ လမ်းရှာရင် လမ်းတွေ့မယ်ဆိုတဲ့ စကားပုံလိုပါပဲ စာရေးသူဟာ ကံကောင်းထောက်မစွာနဲ့ ဒီမေးခွန်းကို အဖြေရှာနေတဲ့ မိတ်ဆွေတစ်စုနဲ့ ဆုံဆည်းခွင့်ရပါတယ်။ နှစ်ပတ် တစ်ကြိမ် အွန်လိုင်းပေါ်မှာ တွေ့ကြပြီး မိမိရဲ့ အတွေ့အကြုံတွေနဲ့ အတွေးစတွေကို ရင်ဘတ်ချင်းတူတဲ့ မိတ်ဆွေ...