Skip to main content

သားချော့တေး


 သားရေ

ငိုသံတွေကို လမ်းခင်းပြီးမှ

မင်းရဲ့နန်းတော်ကြီးဆီ ရောက်မယ်ဆိုရင်

အဲဒီလမ်းကို မလျှောက်လေနဲ့။

မိုးလောက်ကြီးပဲ မြင့်ပါစေ

လူတွေရဲ့ ပခုံးကို တက်နင်းပြီးမှ

မင်းဘဝ အထက်တန်းကျမယ်ဆိုရင်

အဲဒီအမြင့်ကိုလည်း မလှမ်းလေနဲ့။

မင်းရဲ့ ယုံကြည်ချက်ကြောင့်

ဘဝတွေပျက်

အိုးအိမ်တွေပျက်

မိသားစုတွေရဲ့ ပျော်စရာအနာဂတ်တွေလည်း

ကြေကွဲပျက်စီးရမယ်ဆိုရင်

အဲဒီယုံကြည်ချက်ကိုလည်း မင်းအကောင်အထည်မဖော်လေနဲ့။

မသိနားမလည်သူ

လူတွေကို လှည့်စားပြီးမှ

ဇိမ်ခံခွင့်ရမယ်ဆိုရင်

အဲဒီစည်းစိမ်ကိုလည်း မင်း မမက်မောလေနဲ့။

ဒီလောကကြီးမှာ

သစ်သီးကလေးတစ်လုံး သီးဖို့

အချိန်တွေ အများကြီးယူရတယ်

ပန်းကလေးတစ်ပွင့် ပွင့်ဖို့

အဆင့်ဆင့် တည်ဆောက်ခဲ့ရတယ်

မြေနီလမ်း နံဘေးက

တောပန်းကလေးတွေကအစ ကြင်နာပါ

ဒုက္ခရောက်သူကို ဖေးကူပါ

လူ့သိက္ခာကို စောင့်ရှောက်ပါ

အပြစ်ကင်းမှုတိုင်းကို ချစ်ပါ။

ရိုးသားဖြူစင်သူတွေကို

တစ်ဖက်သတ် အနိုင်ယူပြီးမှ

မင်းရဲ့ သရဖူကို ရမယ်ဆိုရင်

အဲဒီသရဖူကိုလည်း မင်းလုံးဝမယူလေနဲ့။ ။

မိုဃ်းဇော်


 ကျနော် ကဗျာတွေကိုချစ်တယ်၊၊ စကားလုံးတွေ  ဖောင်းပွမနေပဲနှလုံးသားထဲထိ စိမ့်ဝင်သွားတဲ့  ကဗျာတွေကို မြတ်နိုးတယ်၊၊ ကဗျာဆရာ မိုဃ်းဇော် ဟာ ကျနော် အားကျလေးစား ခဲ့ရတဲ့  ကဗျာဆရာတစ်ယောက်ဖြစ်တယ်၊၊ ကျစ်လစ်တဲ့ စကားလုံးတွေနဲ့ ရင်ဘတ်ကို ပြင်းပြင်းရှရှ စူးဝင်စေတဲ့ သူ့ကဗျာတွေကို စွဲလန်း မိတယ်၊၊ဒီကဗျာလေးဖတ်ပြီး  တစ်ခုခုသိမြင်သွားမယ်ဆိုရင်ပဲ ဆရာမိုဃ်းဇော်ကို ကျေးဇူးတင်လိုက်ပါ၊၊

Comments

အားပေးခဲ့ပါတယ်နော် လေးစားလျှက်
(လွမ်းပိုင်ရှင်)
ကဗျာရဲ့ခံယူချက် အရမ်းကိုလှပါတယ်
ကဗျာရေးတဲ့သူရဲ့ စိတ်ကိုလဲမြင်မိတယ်
ခင်ခင်မင်မင် jasmine

Popular posts from this blog

ငါဟာ ဘယ်သူလဲ? Who am I?

  လွန်ခဲ့တဲ့ နှစ်အနည်းက စပြီး စာရေးသူ မကြာခဏ တွေးဖြစ်တဲ့ အကြောင်းအရာတွေက ဘာများလဲဆိုတော့  ငါဟာ ဘယ်သူလဲ (Who am I?)   ငါ့ရဲ့  စိတ်ခံစားမှုတွေနဲ့ တုံ့ပြန်မှုတွေက ဘယ်ကနေ လာတာလဲ  (What triggers me?)   ငါ့ရဲ့ စိတ်ဒဏ်ရာတွေက ဘယ်နေရာ ဘယ်အချိန်တုန်းက စလာခဲ့သလဲ ( What are my traumas?)   ဒီ စိတ်ဒဏ်ရာတွေက ခုလက်ရှိ ဘဝကို ဘယ်လို အကျိုး သက်ရောက်နေသလဲ ( How are my traumas affecting my adult life?)   ဒီ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားနေလဲ ( How is my healing journey?)   ငါဟာ ဘယ်သူလဲ? ဒီမေးခွန်းက တိုတို‌လေးနဲ့ အဓိပ္ပါယ်အရမ်းလေးနက်တာမို့ စာတစ်ကြောင်း၊နှစ်ကြောင်းလောက်နဲ့ ပြီးပြည့်စုံအောင် ဖြေဖို့ ခက်ပါတယ်။ စာရေးသူအနေနဲ့ ဒီမေးခွန်းကို ဖြေဖို့ရာ အချိန်တွေ အကြာကြီးယူခဲ့ရသလို ဖတ်ခဲ့ရတဲ့ စာအုပ်တွေလည်း မနည်းပါဘူး။ လမ်းရှာရင် လမ်းတွေ့မယ်ဆိုတဲ့ စကားပုံလိုပါပဲ စာရေးသူဟာ ကံကောင်းထောက်မစွာနဲ့ ဒီမေးခွန်းကို အဖြေရှာနေတဲ့ မိတ်ဆွေတစ်စုနဲ့ ဆုံဆည်းခွင့်ရပါတယ်။ နှစ်ပတ် တစ်ကြိမ် အွန်လိုင်းပေါ်မှာ တွေ့ကြပြီး မိမိရဲ့ အတွေ့အကြုံတွေနဲ့ အတွေးစတွေကို ရင်ဘတ်ချင်းတူတဲ့ မိတ်ဆွေ...

စာရေးသူရဲ့ ကျောင်း

ဘလောက်ဂါ စန်းထွန်းရေးတဲ့  Purdue သွား တောလား ဖတ်မိပြီးကတည်းက အဲဒီအကြောင်း ခေါင်းထဲကကို မထွက်တော့ဘူး။ မထွက်ဆို ကျွန်တော်က Purdue University ကို သွားဖို့ ရည်ရွယ်ပြီး ကြိုးစားနေတာ အချိန်လည်း မနည်းခဲ့တော့ဘူးလေ။ တိုက်ရိုက်ဝင်ခွင့်ဖြေဖို့ အတွက် အခက်အခဲ မရှိပေမယ့် ကျောင်းစရိတ်က အလွန်ပဲ ထောင်းလွန်းတယ်။ သူငယ်ချင်းတချို့ကတော့ အကြံပေးပါတယ် Loan ချေးပြီး ကျောင်းတက်ဖို့ပေါ့။ ဒါပေမယ့် တကယ်တွက်ကြည့်လိုက်ရင် ကျောင်းလည်းပြီးရော ဒေါ်လာ တစ်သိန်းလောက် အကြွေးတင်နေမယ့် ကိစ္စဆိ်ုတော့ သိပ်ပြီး စိတ်မပါလှဘူး။ ဒီလိုနဲ့ စာရေးသူဟာဖြင့် Ivy Tech Community College မှာ စျေးနှုန်းသက်သာစွာဖြင့် တက်ခွင့်ရသော Transfer Courses for Purdue University ကိုပဲ တက်ရင်း စိတ်ကူးထဲက နန်းတော်ကြီးကို အကောင်အထည်ဖော်နေရပါတော့တယ်၊၊ နောက်ဆုံးနှစ်နှစ်ကိုပဲ Purdue University သွားတက်မှာပါ၊၊ Community College ကနေ တဆင့်သွားခြင်းရဲ့ အားသာချက်ကတော့ ကျောင်းစရိတ် တစ်ဝက်ခန့်သက်သာပြီး အားနည်းချက်တွေကတော့ သက်ဆိုင်ရာ Elective Course တွေ ယူလို့ မရပါဘူး၊၊ General Study အတွက် လိုအပ်တဲ့ Course တွေကို Ivy Tech မှာပဲ  အပြီးယူဖို့ စဉ်းစားထားပါတယ...

ဒီကနေ့ ကျွန်မဆိုတာ ( Salma Hayek )

ကျွန်မဘဝမှာ အားကျရတဲ့  မင်းသမီး ဒါမှမဟုတ် ဖြစ်ချင်ခဲ့တဲ့ စိတ်ကူးထဲက လေးစားအားကျရတဲ့သူရှိလားလို့ ပရိတ်သတ်တွေ မကြာခဏမေးကြတယ်၊၊ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကဆိုရင် ဒီမေးခွန်းကိုဘယ်လိုဖြေရမယ်မှန်း ကျွန်မမသိခဲ့ပါဘူး၊၊ ဒါပေမယ့် ဒီမေးခွန်းကိုပဲ တလောတုန်းက လူတစ်ယောက် ပြန်မေးတဲ့အခါမှာ ကျွန်မကိုယ်ကျွန်မ နားလည်သွားခဲ့တယ်၊၊ ကျွန်မဘဝထဲမှာ ကျွန်မကိုအများဆုံးတွန်းအားပေးတဲ့သူတွေက ကျွန်မရဲ့မိသားစုဝင် အမျိုးသမီးတွေ ဖြစ်တယ်၊၊ အဲဒီအမျိုးသမီးတွေဟာ သူတို့ဘဝမှာ ဖြစ်နိူင်ခွင့်ရှိပေမယ့် စွန့်လွှတ်ခဲ့ရတဲ့သူတွေ၊ တခြားသူများထက် သာလွန်တဲ့အရည်အချင်းရှိပေမယ့် သူတို့ရဲ့ အိပ်မက်တွေ ဘယ်တော့မှ အကောင်အထည် ပေါ်မလာခဲ့တဲ့သူတွေဖြစ်တယ်ဆိုရင် စာဖတ်သူအံ့သြမိမလား၊၊ ကျွန်မရဲ့အဘွားဆိုရင် အင်မတန်မှထက်မြက်သူဖြစ်ပြီး အကြောက်တရားကင်းမဲ့တဲ့ အမျိုးသမီးတစ် ဦးဖြစ်တယ်၊၊ သူမဟာ ကဗျာတွေသီချင်းတွေရေးစပ်နိူင်သူဖြစ်တယ်၊၊  ပြီးတော့ သူမဟာ ဓာတုဗေဒ၊ သမိုင်းဘာသာရပ်နဲ့  ဆေးပညာကို စိတ်ဝင်စားသူတစ်ဦးလဲဖြစ်ပြန်တယ်၊၊ မက်ဆီကို မှာရှိတဲ့ သူမရဲ့လူတွေအတွက် သူမပိုင်ဆိုင်တဲ့ ခြံကြီးထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးတယ်၊၊ ဒါတင်မက ကိုယ်ဝန...