Skip to main content

Thanksgiving ဘယ်ကစ

နိုဝင်ဘာလထဲမှာ  Halloween ခေါ် သရဲပွဲတော် ပြီးတာနဲ့ Thanksgiving ပွဲတော်နွဲဖို့အတွက်  ပြင်ဆင်နေကြပါပြီ၊၊ ကျနော်ဟာ ခရစ်ယာန်ဘာသာဝင် အဖြစ် ကြီးပြင်းလာခဲ့တာမို့ Thanksgiving ပွဲတော်ဆိုတာ ကျနော်ကလေးဘဝကတည်းက ပါဝင်ဆင်နွဲခဲ့ဖူးတဲ့ ရင်းနှီးနေတဲ့ ပွဲတော်တစ်ခုပါ၊၊ မြန်မာပြည်မြောက်ဖျားပိုင်းမှာ နိုဝင်ဘာလဆိုရင် လယ်ယာရိတ်သိမ်းမှုတွေ အပြီးသတ်ကြတာမို့ ကောက်သစ်စားပွဲတော် ကျင်းပကြပါတယ်၊၊ မိမိလယ်ယာ တောင်ယာတွေကနေထွက်တဲ့ အသီးအနှံတွေ ဘုရားရှိခိုးကျောင်းကို ယူဆောင်လာကြပြီး မိတ်ဆွေများနဲ့ တစ်နှစ်တာလုံးအတွက် ဘုရားရဲ့ဂုဏ်ကျေးဇူးတော်ကို အတူတကွ ချီးမွမ်းကြတာပါ၊၊ လွယ်လွယ်ကူကူ Thanksgiving ဆိုပြီး သင်းအုပ်ဆရာတွေက ပြောလေ့ပြောထရှိပါတယ်၊၊

အမေရိကားမှာတော့ Thanksgiving Day ဟာ နိူင်ငံတော်ပိတ်ရက်ဖြစ်ပါတယ်၊၊ ကျောင်းတွေ လေးရက်ဆက်တိုက်ပိတ်ကြပြီး  ကလေးတွေ  နှင်းတောထဲမှာ ပျော်ရွှင်စွာ ဆော့ကစားနိူင်တဲ့ အချိန်လဲဖြစ်ပါတယ်၊၊ နှင်းမုန်တိုင်းမကျဘူး ဆိုရင်ပေါ့လေ၊၊ အမေရိကန်လူမျိုးတွေမှာ Thanksgiving နဲ့ပတ်သက်ပြီး ရှည်လျားခိုင်မာတဲ့ သမိုင်းကြောင်းရှိခဲ့ပါတယ်၊၊

၁၆၂၀ ခုနှစ်မှာ အင်္ဂလန်နိူင်ငံ Plymouth လို့ခေါ်တဲ့ မြို့လေးကနေပြီးတော့ မေဖလားဝါး လို့ အမည်တွင်တဲ့ လှေတစ်စင်းဟာ အမေရိကတိုက်ရဲ့ မန်ဆာချူဆက် ဒေသကို ဆိုက်ကပ်ရောက်ရှိလာခဲ့တယ်၊၊
လှေပေါ်မှာ ပါလာတဲ့ ခရီးသွာ ၁၀၂ ယောက်ဟာ မိမိယုံကြည်ရာကို လွတ်လပ်စွာကိုးကွယ်ခွင့်ရဖို့အတွက်နဲ့ နယ်မြေအသစ်မှာ အခြေချဖို့အတွက် နေရပ်ကိုစွန့်ခွာလာကြသူများဖြစ်ကြတယ်၊၊ အဲဒီပထမဦးဆုံး အခြေချခဲ့တဲ့လူတွေကို ဒီကနေ့အချိန်အခါမှာတော့  " Pilgrims " လို့ ခေါ်ဆိုကြပါတယ်၊၊

Pilgrims တွေဟာ အမေရိကတိုက်ရဲ့အေးခဲလှတဲ့ ပထမဦးဆုံးဆောင်းရာသီကို ဖြတ်သန်းပြီးတဲ့နောက်မှာတော့ နဂိုရှိတဲ့လူဦးရေထဲက တစ်ဝက်နီးပါးဟာ အစာရေစာပြတ်လပ်မှု၊ ရာသီဥတု ကြမ်းတမ်းမှု ပြီးတော့ ရောဂါအသစ်အဆန်းတွေကြောင့် သေဆုံးသွားခဲ့ကြပါတယ်၊၊

မတ်လ  ရောက်တဲ့အခါမှာ Pilgrims တွေဟာအံ့သြဝမ်းသာစရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုနဲ့ကြုံဆုံရပါတော့တယ်၊၊အဲဒါကတော့ အင်္ဂလိပ်စကားပြောဆိုတတ်တဲ့ ကနဦး အမေရိကန် လူနီတစ်ဦး Pilgrims တွေ ဆီကို ရောက်လာတာပဲဖြစ်တယ်၊၊  ဒီလူနီလေးဟာ အင်္ဂလိပ်ရေတပ်ဗိုလ်တစ်ဦးရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပြီး ကျွန်အဖြစ် အင်္ဂလန် ကို ရောင်းစားခံခဲ့ရပြီးနောက် ဘုန်းကြီးတစ်ပါးက ကယ်တင်ခြင်းကို ခံခဲ့ရပါတယ်၊၊ အဲဒီနောက်သူဟာ ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်သွားပြီး မိမိရဲ့ နေရပ်ဒေသကို ပြန်လာနိူင်ခဲ့တာ ဖြစ်တယ်၊၊ 

ဒီလူနီလေးရဲ့ အကူအညီနဲ့ Pilgrims တွေဟာ လယ်ယာဘယ်လိုစိုက်ပျိုးရမယ်၊ မြစ်ထဲမှာငါးဘယ်လိုဖမ်းရမယ်ဆိုတာတွေ၊ အဆိပ်ရှိတဲ့ အပင်တွေကို ခွဲခြားသိလာခဲ့ပါတယ်၊၊ ပထမဦးဆုံး လယ်ယာ ရိတ်သိမ်းပြီးတဲ့နောက် လူနီမျိုးနွယ်စုတွေနဲ့အတူ စားသောက်ပွဲကြီး ကျင်းပခဲ့ပါတယ်၊၊ အဲဒီအခါတုန်းက Thanksgiving လို့ တော့  အမည်မခေါ်ခဲ့ပေမယ့် ဒါဟာ Thanksgiving ပွဲတော်များရဲ့ ပထမဦးဆုံး ပွဲတော် ဖြစ်ခဲ့ပါတယ်၊၊

အဲဒီနောက်ပိုင်း နှစ်ပေါင်းနှစ်ရာကျော်တဲ့အထိ လူမျိုးစုတွေနဲ့ ပြည်နယ်အစိုးရတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ Thanksgiving ပွဲတော်ကို ကျင်းပခဲ့ကြပါတယ်၊၊ 1863 ခုနှစ် သမ္မတ အီဘရာဟင်လင်ကွန်းလက်ထက်မှာတော့ Thanksgiving Day ကို နိူင်ငံတော်ရဲ့ ပိတ်ရက်တစ်ရက်အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်၊၊
ဒါလေးကတော့ Thanksgiving ရဲ့ အမှတ်သင်္ကေတ ကြက်ဆင် ဖြစ်ပါတယ်၊၊  အဓိက အစားအစာအဖြစ် နေရာယူပြီး ဘေးမှာတော့ ဘယ်ရီကိတ်တို့ အချိုတည်းစရာတွေနဲ့ ဝန်းရံထားပြီး Thanksgiving Dinner ကို ပြင်ဆင်ကြပါတယ်၊၊

အားလုံးပဲပျော်ရွှင်စရာကောင်းတဲ့ ရုံးပိတ်ရက်လေး ဖြစ်ပါစေ :)

Comments

ဒီမှာတော့ ပိတ်ဘူးဗျ။ ဒါပေမယ့် သူငယ်ချင်း ခရစ်ယာန်တွေနဲ့  အတူ ပွဲတွေမှာ ပါဝင်မယ်လို့  ဆုံးဖြတ်ထားတယ်။ အတူတကွ ပူးပေါင်းဆင်နွှဲခြင်း ဖြင့် ယုံကြည်မှုတွေ တည်ဆောက်နိုင်ကြတယ် မဟုတ်လားဗျာ။

စာလာဖတ်သွားတာ ကျေးကျေး။ တိမ်ပြာ စာရေးကောင်းပါတယ် ဆက်ေ၇းပါဦး။
ဂျက်တို့ဆီလဲ မပိတ်ပါဘူး
ဒီဆိုဒ်လေးကိုဝင်မိရင်ပဲ ခုလောလောဆည်
အသိတစ်ခုတိုးခဲ့ရပါပြီ
ဗဟုသုတတွေလဲရတယ်
ခင်ခင်မင်မင် jasmine

Popular posts from this blog

ကျန်းမာရေးစောင့်ရှောက်မှုစနစ်

အမိမြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြည်သူတွေတော်တော်များများက လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ မြင်ကြပါတယ်၊၊ မြင်တဲ့အတိုင်းလည်း မှန်ကန်တယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်၊၊ အိမ်နီးနားချင်း  ယိုးဒယားပြည်က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နှိုင်းယှဉ်ပြီး အမိနိူင်ငံရဲ့ ကျန်းမာရေးစနစ်ကို မချင့်မရဲ ဖြစ်နေကြတဲ့သူတွေလည်း တပုံတပင်ကြီးပါ၊၊ ကျွန်တော်ဟာ ယိုးဒယားပြည်ကို  မရောက်ခဲ့ဖူးပေမယ့် သူငယ်ချင်းမိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးကြောင့် ယိုးဒယားနိူင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို တစွန်းတစ မြင်တွေ့ခွင့်ရခဲ့ပါတယ်၊၊ အဖြစ်အပျက်က ဒီလိုပါ၊၊ ကျွန်တော့်ရဲ့ မိတ်ဆွေအမျိုးသမီးဟာ ဘန်ကောက်မြို့ရဲ့ လမ်းကြားတစ်နေရာမှာ ကားအတိုက်ခံရပါတယ်၊၊ တိုက်တဲ့လူက တာဝန်မယူပဲ  တစ်ခါတည်းကို ထွက်ပြေးသွားပါတယ်၊၊ သူမဟာ သွေးအိုင်ထဲမှာ မိနစ်တော်တော်ကြာ လဲကျနေခဲ့တယ်၊၊ ကံကောင်းထောက်မစွာပဲ ထိုင်းအမျိုးသမီးတစ်ယောက်ကနေပြီး သူမကို ဆေးရုံပို့ပေးခဲ့တယ်၊၊ ဒီနောက်တော့ သူမဟာ သူမရဲ့ ခြေထောက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရပါတယ်၊၊ တစ်လခွဲနီးပါး ဆေးရုံပေါ်မှာ ကုသခံယူပြီးနောက်မှာတော့ သူမဟာ ဆေးရုံပေါ်က ဆင်းခွင့...

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...

ငါဟာ ဘယ်သူလဲ? Who am I?

  လွန်ခဲ့တဲ့ နှစ်အနည်းက စပြီး စာရေးသူ မကြာခဏ တွေးဖြစ်တဲ့ အကြောင်းအရာတွေက ဘာများလဲဆိုတော့  ငါဟာ ဘယ်သူလဲ (Who am I?)   ငါ့ရဲ့  စိတ်ခံစားမှုတွေနဲ့ တုံ့ပြန်မှုတွေက ဘယ်ကနေ လာတာလဲ  (What triggers me?)   ငါ့ရဲ့ စိတ်ဒဏ်ရာတွေက ဘယ်နေရာ ဘယ်အချိန်တုန်းက စလာခဲ့သလဲ ( What are my traumas?)   ဒီ စိတ်ဒဏ်ရာတွေက ခုလက်ရှိ ဘဝကို ဘယ်လို အကျိုး သက်ရောက်နေသလဲ ( How are my traumas affecting my adult life?)   ဒီ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားနေလဲ ( How is my healing journey?)   ငါဟာ ဘယ်သူလဲ? ဒီမေးခွန်းက တိုတို‌လေးနဲ့ အဓိပ္ပါယ်အရမ်းလေးနက်တာမို့ စာတစ်ကြောင်း၊နှစ်ကြောင်းလောက်နဲ့ ပြီးပြည့်စုံအောင် ဖြေဖို့ ခက်ပါတယ်။ စာရေးသူအနေနဲ့ ဒီမေးခွန်းကို ဖြေဖို့ရာ အချိန်တွေ အကြာကြီးယူခဲ့ရသလို ဖတ်ခဲ့ရတဲ့ စာအုပ်တွေလည်း မနည်းပါဘူး။ လမ်းရှာရင် လမ်းတွေ့မယ်ဆိုတဲ့ စကားပုံလိုပါပဲ စာရေးသူဟာ ကံကောင်းထောက်မစွာနဲ့ ဒီမေးခွန်းကို အဖြေရှာနေတဲ့ မိတ်ဆွေတစ်စုနဲ့ ဆုံဆည်းခွင့်ရပါတယ်။ နှစ်ပတ် တစ်ကြိမ် အွန်လိုင်းပေါ်မှာ တွေ့ကြပြီး မိမိရဲ့ အတွေ့အကြုံတွေနဲ့ အတွေးစတွေကို ရင်ဘတ်ချင်းတူတဲ့ မိတ်ဆွေ...