ဒီခရီးတစ်ခုကို ခေါင်းမော့ ရင်ကော့ပြီး လျှောက်ခဲ့ဖူးသလို လူတွေနဲ့ ဟိုးဝေးဝေးကနေ မျက်နှာငယ်စွာ လျှောက်ခဲ့ရဖူးတဲ့ အချိန်တွေလဲ ရှိခဲ့ပါတယ်၊၊ ငါးပျံတစ်လှည့် ဗုံလုံတစ်လှည့် ဆိုတဲ့ စကားပုံလေးအတိုင်းပဲပေါ့၊၊ ဘဝက ရေစီးထဲက သစ်ရွက်ငယ်ကလေးလို အလိုက်သင့် မျှောလို့ ဘယ်ကမ်းကပ်မယ်ဆိုတာ မသိခဲ့တဲ့ အချိန်တွေလဲ ရှိခဲ့တာပေါ့၊၊ ရံဖန်ရံခါတော့ အမှောင်ထဲက ပျပျလေး မြင်ရတဲ့ မီးရောင်လေးကို အားတင်းပြီး ကူးခပ်မိတာမျိုးလဲ ရှိခဲ့တယ်၊၊ လမ်းသင့်လို့ ဖေးမသွားသူတွေနဲ့ ဆုံခွင့်ရခဲ့သလို အတ္တကြီးစွာ မိမိကိုယ်ကျိုးအတွက် တပါးသူရဲ့ ဘဝကို ခုတုံးလုပ်ပြီး အမြင့်တက်သွားသူတွေလဲ ရှိလေရဲ့၊၊
ဖေးမသူတွေထဲမှာ အမှတ်တရအဖြစ်ဆုံးကတော့ တက္ကသိုလ်ဝင်တန်း တက်ခဲ့တုန်းက ဆရာ့ရဲ့ ဆုံးမစကားတစ်ခွန်းပါပဲ၊၊ ကံကောင်းခြင်းဆိုတာ စောင့်မျှော်နေတုန်း ရောက်ရှိလာတဲ့ လက်ဆောင်တစ်ခု မဟုတ်ပါဘူးတဲ့၊၊ မိမိလုပ်ဆောင်ထားတဲ့ အလုပ်နဲ့ အခွင့်အရေးတိုက်ဆိုင်သွားတာကိုမှ ကံကောင်းခြင်းလို့ ခေါ်ပါတယ်တဲ့၊၊ ဒီလို တန်ဖိုးရှိတဲ့ ဆုံးမစကားတွေနဲ့ ကိုယ့်ဘဝကို ပြင်ဆင်တည့်မတ်ခဲ့တာလဲ အခါပေါင်းမနည်းခဲ့ပါဘူး၊၊ ခုဆိုရင် ငါတစ်နေ့ ကံကောင်းမှာပါဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့ ကြိုတင်ပြင်ဆင်နေတတ်ခဲ့ပါတယ်၊၊
တခါတုန်းက ကိုယ်ကျင်လည်ရာ ဒီမိသားစုလေးရဲ့ကံကြမ္မာကို ကိုယ့်အားထုတ်မှုနဲ့ပြောင်းလဲပေးနိူင်မယ်လို့ ထင်ခဲ့မိတယ်၊၊ ဒါပေမယ့်လေ ကိုယ့်ဘဝလေးကိုတောင် စိတ်ကြိုက်ဖန်တီးလို့ မရနိူင်မှန်း သင်ခန်းစာတွေလဲ ရခဲ့ပြီးတဲ့နောက် တချို့သော အရာတွေကို နားလည်လာခဲ့သလိုပါပဲ၊၊ ဘယ်လိုပဲဖြစ်ဖြစ် မျှော်လင့်ချက်ဆိုတာ လူသားတွေအတွက် ရှင်သန်နေနိူင်ဖို့ အကြီးဆုံးတွန်းအားပေးတဲ့ ရင်းမြစ်ကြီးမဟုတ်လား၊၊ ဒီတော့ အသက်ရှူသံတွေ မရပ်တန့်သွားသ၍ မျှော်လင့်ချက်တွေနဲ့ ရုန်းကန်သွားရမှာပါ၊၊
တကယ်လို့များ ကံကောင်းခြင်းတွေဟာ ဒုက္ခမိုးရေစက်တွေရဲ့နောက်မှာ ကပ်ပြီး ပါလာခဲ့မယ်ဆိုရင်၊ ဒါမှမဟုတ် အိပ်လို့မပျော်တဲ့ညပေါင်းများစွာထဲက တစ်ညဟာ ကျနော့်အတွက် ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်စေခဲ့မယ်ဆိုရင်၊ ဒါမှမဟုတ် ငိုကြွေးနေခဲ့တဲ့ မျက်ရည်တွေဟာ ရှေ့ဆက်ဖို့ ခွန်အားတွေ ဖြစ်စေခဲ့မယ်ဆိုရင် ရင်ဆိုင်နေရတဲ့ ပြဿနာတွေအတွက် ကျနော် ညည်းတွားနေမှုတွေဟာ အကျိုးမရှိတဲ့ ဗလာနတ္တိပါပဲ၊၊
ရင့်ကျက်မှုဆိုတာ ဖြတ်သန်းခဲ့ရတဲ့ အချိန်ကာလတွေမှာ ကြုံဆုံခဲ့ရတဲ့ ပြဿနာတွေပေါ် အမှန်အတိုင်းရှုမြင် သုံးသပ်နိူင်ခြင်းကို ဆိုလိုပါတယ်တဲ့၊၊ ကျနော်ကတော့ ဖြတ်သန်းနေဆဲလူတစ်ယောက်ပေါ့၊၊

Comments