Skip to main content

ဒီကနေ့ ကျွန်မဆိုတာ ( Salma Hayek )

ကျွန်မဘဝမှာ အားကျရတဲ့  မင်းသမီး ဒါမှမဟုတ် ဖြစ်ချင်ခဲ့တဲ့ စိတ်ကူးထဲက လေးစားအားကျရတဲ့သူရှိလားလို့ ပရိတ်သတ်တွေ မကြာခဏမေးကြတယ်၊၊ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကဆိုရင် ဒီမေးခွန်းကိုဘယ်လိုဖြေရမယ်မှန်း ကျွန်မမသိခဲ့ပါဘူး၊၊ ဒါပေမယ့် ဒီမေးခွန်းကိုပဲ တလောတုန်းက လူတစ်ယောက် ပြန်မေးတဲ့အခါမှာ ကျွန်မကိုယ်ကျွန်မ နားလည်သွားခဲ့တယ်၊၊ ကျွန်မဘဝထဲမှာ ကျွန်မကိုအများဆုံးတွန်းအားပေးတဲ့သူတွေက ကျွန်မရဲ့မိသားစုဝင် အမျိုးသမီးတွေ ဖြစ်တယ်၊၊ အဲဒီအမျိုးသမီးတွေဟာ သူတို့ဘဝမှာ ဖြစ်နိူင်ခွင့်ရှိပေမယ့် စွန့်လွှတ်ခဲ့ရတဲ့သူတွေ၊ တခြားသူများထက် သာလွန်တဲ့အရည်အချင်းရှိပေမယ့် သူတို့ရဲ့ အိပ်မက်တွေ ဘယ်တော့မှ အကောင်အထည် ပေါ်မလာခဲ့တဲ့သူတွေဖြစ်တယ်ဆိုရင် စာဖတ်သူအံ့သြမိမလား၊၊

ကျွန်မရဲ့အဘွားဆိုရင် အင်မတန်မှထက်မြက်သူဖြစ်ပြီး အကြောက်တရားကင်းမဲ့တဲ့ အမျိုးသမီးတစ် ဦးဖြစ်တယ်၊၊ သူမဟာ ကဗျာတွေသီချင်းတွေရေးစပ်နိူင်သူဖြစ်တယ်၊၊  ပြီးတော့ သူမဟာ ဓာတုဗေဒ၊ သမိုင်းဘာသာရပ်နဲ့  ဆေးပညာကို စိတ်ဝင်စားသူတစ်ဦးလဲဖြစ်ပြန်တယ်၊၊ မက်ဆီကို မှာရှိတဲ့ သူမရဲ့လူတွေအတွက် သူမပိုင်ဆိုင်တဲ့ ခြံကြီးထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးတယ်၊၊ ဒါတင်မက ကိုယ်ဝန်သည်များအတွက် ဝမ်းဆွဲဆရာမလဲ လုပ်ပါသေးတယ်၊၊ ဒီတော့ သူမဟာ သူမဖြစ်ချင်ရာဖြစ်ဖို့ လိုအပ်တဲ့အရည်အချင်းရှိသူလို့ ပြောနိူင်တယ်၊၊ ဒါပေမယ့် ဒီအဖြစ်အပျက်တွေဖြစ်ပျက်ခဲ့တဲ့   အချိန်ဟာ 1930 ပြည့်နှစ်များ တနည်းအားဖြင့်ဆိုရရင် မိဘတွေဟာ မိမိသားသမီးများကို အတင်းအကြပ် အိမ်ထောင်ချပေးကြတဲ့ အချိန်တွေဖြစ်ခဲ့တယ်၊၊ ဒီလိုနဲ့ အဘွားဟာ မိဘတွေစီစဉ်ပေးတဲ့ အိမ်ထောင်တစ်ခုအောက်မှာ ခြေချုပ်မိသွားခဲ့တယ်၊၊ ဒါပေမယ့် အဘွားဟာ စိတ်ဆုံးဖြတ်ချက်ချပြီး သူမခင်ပွန်းသည်နဲ့ ကွာရှင်းပြီး Mexico City ကို ထွက်လာခဲ့တယ်၊၊  မမျှော်လင့်ပါပဲနဲ့ မြို့ကြီးပြကြီးမှာတောင် အမျိုးသမီးတွေကို နှိမ့်ချဆက်ဆံကျလို့   အဘွားအတွက် လုပ်ငန်းစတင်ဖို့ ခက်ခဲခဲ့ရတယ်၊၊



ကျွန်မ မေမေဆိုလို့ရှိလည်း သူမရဲ့အိပ်မက်တွေကို စွန့်လွတ်ခဲ့ရတဲ့သူတစ်ယောက် ဖြစ်တယ်၊၊  မေမေဟာ အဆိုတော်တစ်ဦး ဖြစ်ချင်ခဲ့တယ်၊၊ ဒါပေမယ့် သူမကြီးပြင်းရာ ပတ်ဝန်းကျင်မှာ အဆိုတော်ဆိုတာ လူအထင်သေးတဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုဖြစ်တယ်၊၊ ဒီလိုနဲ့ပဲ မေမေဟာ ငါ့အသံ သိပ်မကောင်းပါဘူးလို့ ကိုယ့်ဖာသာပြောရင်း Music School သွားပြီး လေ့လာသင်ကြားရမယ့်အစား အိမ်ထောင်ပြု သားမွေးပြီး သူမအိပ်မက်ကို  အဆုံးသတ်ပစ်ခဲ့တယ်၊၊ မေမေဟာ  အသက်ကြီးပိုင်းရောက်မှပဲ ဂီတနဲ့ပတ်သက်ပြီးလေ့လာခဲ့တယ်၊၊သူမရဲ့ပင်ကိုယ်အသံဟာ စောစောစီးစီးသာ လေ့လာသင်ကြားခဲ့ရမယ်ဆိုရင် မက်ဆီကိုရဲ့ Maria Callas( မက်ဆီကန်နာမည်ကြီး အဆိုတော် )  နောက်တစ်ယောက် ဖြစ်နိူင်ဖွယ်ရှိပါတယ် ၊၊

ကျွန်မ သရုပ်ဆောင်လောကထဲကို စဝင်လာခဲ့တုန်းက လူတွေက ကျွန်မသရုပ်ဆောင်ကောင်းတစ်ယောက် မဖြစ်နိူင်ဘူးလို့ ခဏခဏပြောခဲ့ကြပါတယ်၊၊ ဒါပေမယ့် ကျွန်မကိုယ် ကျွန်မ အမြဲအားပေးခဲ့ပါတယ်၊၊ အဘွားနဲ့ အမေ့ရဲ့  အတွေ့အကြုံတွေဟာ ကျွန်မဘဝကို ဂုဏ်ယူစွာ လွှမ်းခြံုထားပါတယ်၊၊ သူတို့နှစ်ယောက်အကြောင်း တွေးမိလိုက်တိုင်း ကျွန်မဘဝရဲ့ သဘောထားအမြင်တွေကို ခွန်အားတွေဖြစ်စေပါတယ်၊၊  ခုဆိုရင် ကျွန်မရဲ့ သမီးလေးရဲ့ ဖြစ်ချင်တဲ့အိပ်မက်တွေကို တွန်းအားပေးဖို့ အသင့်ဖြစ်နေပါပြီ၊၊  သမီးလေးကို ဘာလုပ်ရမယ်  ဘာဖြစ်ရမယ်ဆိုပြီး ကျွန်မ တင်းကြပ်မှာမဟုတ်ပါဘူး၊၊  ကျွန်မသမီးလေးကို အိပ်မက်တွေအကြီးကြီးမက်ပြီး သူမလုပ်နိူင်တယ်ဆိုတာ ယုံကြည်စိတ်ချမှုရှိတဲ့ သူတစ်ယောက်ဖြစ်စေချင်ပါတယ်၊၊

ခုချိန်မှာ ကျွန်မဟာ မင်းသမီးတစ်လက်အဖြစ်ရော မိခင်တစ်ဦး အဖြစ်ပါ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ချင်ပါတယ်၊၊ ဘာကြောင့်လဲဆိုတော့ ကျွန်မဟာ အရည်အချင်းရှိရဲ့သားနဲ့  အိပ်မက်တွေအကောင်အထည်ဖော်ခွင့်မရခဲ့တဲ့ မိန်းမသားတွေရဲ့ ဘဝကို ကိုယ်စားပြုချင်လို့ပါ၊၊ သူတို့တွေရဲ့ ဂုဏ်သိက္ခာ၊ သတ္တိတွေနဲ့ ထက်မြက်မှုတွေကြောင့် ကျွန်မဘဝဟာ ပိုပြီးတင့်တယ်လာခဲ့တာပါ၊၊ ဒါကြောင့်မို့ သူတို့တွေအားလုံးဟာ ကျွန်မဘဝရဲ့ အစိတ်အပိုင်းတွေဖြစ်တယ်၊၊ ကျွန်မရဲ့ အောင်မြင်မှုဟာ သူတို့တွေအတွက် အောင်မြင်မှုတစ်ခုလဲ ဖြစ်ပါတယ်၊၊



စာရေးသူ Salma Hayek ဟာ မက်ဆီကိုဖွား ဟောလိဝုဒ် မင်းသမီး ဖြစ်ပါတယ်၊၊

Comments

thanks for this post :). it's really touching .
အဲဒီလို အမျိုးသမီးတွေကို အားကျတယ်..
သူတို့လို ထူးချွန်တဲ့သူ ဖြစ်ချင်တာ
သိပ်ကိုမှန်တဲ့စကားလေးပါပဲ
(ကံကောင်းခြင်းဆိုတာ စောင့်မျှော်နေတုန်း ရောက်ရှိလာတဲ့ လက်ဆောင်တစ်ခု မဟုတ်ပါဘူးတဲ့) ဆိုတဲ့စကားလေးကိုပြောတာပါ

စာထဲကအမျိုးသမီးကိုအားကျတယ်

Popular posts from this blog

ကျန်းမာရေးစောင့်ရှောက်မှုစနစ်

အမိမြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြည်သူတွေတော်တော်များများက လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ မြင်ကြပါတယ်၊၊ မြင်တဲ့အတိုင်းလည်း မှန်ကန်တယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်၊၊ အိမ်နီးနားချင်း  ယိုးဒယားပြည်က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နှိုင်းယှဉ်ပြီး အမိနိူင်ငံရဲ့ ကျန်းမာရေးစနစ်ကို မချင့်မရဲ ဖြစ်နေကြတဲ့သူတွေလည်း တပုံတပင်ကြီးပါ၊၊ ကျွန်တော်ဟာ ယိုးဒယားပြည်ကို  မရောက်ခဲ့ဖူးပေမယ့် သူငယ်ချင်းမိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးကြောင့် ယိုးဒယားနိူင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို တစွန်းတစ မြင်တွေ့ခွင့်ရခဲ့ပါတယ်၊၊ အဖြစ်အပျက်က ဒီလိုပါ၊၊ ကျွန်တော့်ရဲ့ မိတ်ဆွေအမျိုးသမီးဟာ ဘန်ကောက်မြို့ရဲ့ လမ်းကြားတစ်နေရာမှာ ကားအတိုက်ခံရပါတယ်၊၊ တိုက်တဲ့လူက တာဝန်မယူပဲ  တစ်ခါတည်းကို ထွက်ပြေးသွားပါတယ်၊၊ သူမဟာ သွေးအိုင်ထဲမှာ မိနစ်တော်တော်ကြာ လဲကျနေခဲ့တယ်၊၊ ကံကောင်းထောက်မစွာပဲ ထိုင်းအမျိုးသမီးတစ်ယောက်ကနေပြီး သူမကို ဆေးရုံပို့ပေးခဲ့တယ်၊၊ ဒီနောက်တော့ သူမဟာ သူမရဲ့ ခြေထောက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရပါတယ်၊၊ တစ်လခွဲနီးပါး ဆေးရုံပေါ်မှာ ကုသခံယူပြီးနောက်မှာတော့ သူမဟာ ဆေးရုံပေါ်က ဆင်းခွင့...

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...

ငါဟာ ဘယ်သူလဲ? Who am I?

  လွန်ခဲ့တဲ့ နှစ်အနည်းက စပြီး စာရေးသူ မကြာခဏ တွေးဖြစ်တဲ့ အကြောင်းအရာတွေက ဘာများလဲဆိုတော့  ငါဟာ ဘယ်သူလဲ (Who am I?)   ငါ့ရဲ့  စိတ်ခံစားမှုတွေနဲ့ တုံ့ပြန်မှုတွေက ဘယ်ကနေ လာတာလဲ  (What triggers me?)   ငါ့ရဲ့ စိတ်ဒဏ်ရာတွေက ဘယ်နေရာ ဘယ်အချိန်တုန်းက စလာခဲ့သလဲ ( What are my traumas?)   ဒီ စိတ်ဒဏ်ရာတွေက ခုလက်ရှိ ဘဝကို ဘယ်လို အကျိုး သက်ရောက်နေသလဲ ( How are my traumas affecting my adult life?)   ဒီ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားနေလဲ ( How is my healing journey?)   ငါဟာ ဘယ်သူလဲ? ဒီမေးခွန်းက တိုတို‌လေးနဲ့ အဓိပ္ပါယ်အရမ်းလေးနက်တာမို့ စာတစ်ကြောင်း၊နှစ်ကြောင်းလောက်နဲ့ ပြီးပြည့်စုံအောင် ဖြေဖို့ ခက်ပါတယ်။ စာရေးသူအနေနဲ့ ဒီမေးခွန်းကို ဖြေဖို့ရာ အချိန်တွေ အကြာကြီးယူခဲ့ရသလို ဖတ်ခဲ့ရတဲ့ စာအုပ်တွေလည်း မနည်းပါဘူး။ လမ်းရှာရင် လမ်းတွေ့မယ်ဆိုတဲ့ စကားပုံလိုပါပဲ စာရေးသူဟာ ကံကောင်းထောက်မစွာနဲ့ ဒီမေးခွန်းကို အဖြေရှာနေတဲ့ မိတ်ဆွေတစ်စုနဲ့ ဆုံဆည်းခွင့်ရပါတယ်။ နှစ်ပတ် တစ်ကြိမ် အွန်လိုင်းပေါ်မှာ တွေ့ကြပြီး မိမိရဲ့ အတွေ့အကြုံတွေနဲ့ အတွေးစတွေကို ရင်ဘတ်ချင်းတူတဲ့ မိတ်ဆွေ...