Skip to main content

ဂရိပညာရှင် ပလေတိုရဲ့ အမှန်တရား

တိတ်ဆိတ်မဲမှောင်နေတဲ့ ဂူကြီးတစ်ခုထဲမှာ လူတစ်ချို့တွေဟာ ဂူအတွင်းဘက်ကို မျက်နှာမူတဲ့အနေအထားမျိုးနဲ့  ဦးခေါင်းလေးတောင် လှည့်ခွင့်မရအောင် ကြိုးတွေနဲ့တုပ်ထားခံရပြီး အလင်းရောင်ကိုတောင် မြင်တွေ့ခွင့်မရကြရှာဘူး၊၊ အဲဒီလူတွေ အကုန်လုံးဟာ မွေးလာကတည်းက အဲဒီဂူကြီးထဲမှာ ချုပ်နှောင်ခံရတဲ့ လူတွေလည်းဖြစ်တယ်၊၊ ဒီတော့ သူတို့တွေဟာ လက်တွေ့ ပြင်ပကမ္ဘာမှာ ဘာဖြစ်နေတယ်ဆိုတာ မသိသလို   အရာဝတ္ထုတွေကို ဘယ်လိုနာမည်ခေါ်ဆိုရမှန်းလည်း မသိကြပါဘူး၊၊ သူတို့ကိုချုပ်နှောင်ထားတဲ့  အနောက်ဘက် ဂူပေါက်ဝ ခပ်မြင့်မြင့်နေရာတစ်ခုမှာတော့ မီးပုံတစ်ပုံက တောက်လောင်နေပါတယ်၊၊ အဲဒီဂူရှေ့ကို ဖြတ်သွားဖြတ်လာ လုပ်တဲ့ လူတွေ တိရိစ္ဆာန်တွေရဲ့  အရိပ်တွေဟာ အကျဉ်းသားတွေမျက်နှာမူရာရှေ့ ဂူနံရံမှာ လာပြီးပေါ်ပါတယ်၊၊ တစ်နေ့ပြီးတစ်နေ့ ဘာမှလုပ်စရာမရှိတဲ့ ဒီအကျဉ်းသားတွေဟာ သူတို့မျက်စိရှေ့မှာ လာပေါ်တဲ့  အရိပ်တွေကို အမည်ပေးပါတော့တယ်ရှေ့မှာ ပြောထားတဲ့အတိုင်း ဒီအကျဉ်းသားတွေဟာ မွေးလာကတည်းက ဒီဂူကြီးထဲမှာပဲ ချုပ်နှောင်ခံနေရတဲ့သူဖြစ်လို့  အရိပ်တွေကိုအမည်ပေးတဲ့အခါ ဖြတ်သွားဖြတ်လာလုပ်တဲ့ လူတွေရဲ့ စကားသံကို နားထောင်ပြီး  အမည်ပေးတာ ဖြစ်တယ်၊၊ ဒီတော့ တခါတလေ သူတို့တွေ နားကြားမှားတာမျိုး ဒါမှမဟုတ် ဂူထဲက သူတို့အချင်းချင်း စကားပြောတဲ့ ပဲ့တင်သံတွေနဲ့ ရောထွေးပြီး  အရိပ်တွေကို နာမည်ပေးတဲ့အတွက် ဘယ်လိုမှ ဒာမည်အမှန်ကို ဒီအကျဉ်းသားတွေ သိစရာမရှိပါဘူး၊၊ ဒါပေမယ့် ဒီလိုမှားယွင်းမှုမျိုးကို အကျဉ်းသားတွေထဲက ဘယ်သူကမှ မသိခဲ့ပါဘူး၊၊ ဘယ်သူကမှလဲ ပြင်ပကမ္ဘာကို မရောက်ဖူးတာကိုး၊၊  ဒီလိုနဲ့ အရိပ်တွေကို အမြန်ဆုံး နာမည်ပေးနိူင်တဲ့ သူဟာ အကျဉ်းသားတွေထဲမှာ ဆရာကြီး ဖြစ်လာတာပေါ့၊၊

တစ်နေ့ကျတော့ ကံကောင်းထောက်မစွာနဲ့ပဲ တစ်ယောက်သော အကျဉ်းသားဟာ ဂူအပြင်ဘက်ကို ထွက်ခွင့်ရပါတယ်၊၊ ဒါနဲ့ သူဟာ မတ်တပ်ရပ်ဖို့ ဖိအားပေးခံရသလို ဂူအပြင်ဘက်က အလင်းရောင်ကို ကြိုးစားပြီး ကြည့်ရပါတော့တယ်၊၊ အမှောင်ထဲမှာ တစ်သက်လုံးနေခဲ့ရတဲ့သူတစ်ယောက်အတွက် အလင်းရောင်ကို ချက်ချင်းကြည့်တဲ့အခါ ရုတ်တရက် မျက်စိမှိတ်ပစ်ကြပါတယ်၊၊ အဲဒီအခိုက်အတန့်လေးမှာ အဲဒီအကျဉ်းသားရဲ့ စိတ်ထဲမှာ ဂူထဲကို ပြန်သွားချင်စိတ်လေး ဖြစ်ပေါ်လာပါတယ်၊၊  ဘာကြောင့်လဲ ဆိုတော့ ရုတ်တရက်ပြောင်းလဲမှုအတွက် သူ့ခမျာ အဆင်သင့်မဖြစ်ရှာသေးဘူးလေ၊၊ ဒီနောက်တော့ ကျင့်သားရလာပြီး မျက်စိကိုဖွင့်ပြီး လောကကြီးကို ကြည့်တဲ့အခါ အရာရာတိုင်းက ထူးဆန်းလို့နေပါတယ်၊၊ သူ့ဘေးနားမှာ ဂိုက်လို့ခေါ်ရမယ့် လူတစ်ယောက်က ဘယ်ဟာကို ဘယ်လိုခေါ်တယ်  ဆိုတာတွေ ပြောပြတော့ အကျဉ်းသားလေးရဲ့စိတ်ထဲမှာ လုံးဝလက်မခံနိူင်ပါဘူး၊၊ သူ ဂူထဲမှာ နေစဉ်က ဖယောင်းတိုင်လို့ ထင်ခဲ့တာက  အပြင်လက်တွေ့ဘဝမှာ ပန်းကန်ပြားတစ်ချပ်ဖြစ်နေတာဆိုတော့ ဒီအမှန်တရားကို သူလက်မခံနိူင်တော့ဘူးလေ၊၊ အပြင်လောကမှာ အချိန်တော်တော်ကြာနေထိုင်ပြီးနောက်တော့ အကျဉ်းသားလေးက ူ့ရဲ့အမှန်တရားဟာ တကယ်တော့ မှားနေတယ်ဆိုတာ သဘောပေါက်ယုံတင်မက သူဟာ  ပြောင်းလဲမှုတွေရဲ့  အရှင်သခင်ဆိုတာကိုပါ ကိုယ့်ကိုယ်ကို ယုံကြည်လာပါတယ်၊၊

ဒီအချိန်ကာလမှာပဲ သူဟာ ဂူထဲမှာ ကျန်ရစ်ခဲ့တဲ့ သူငယ်ချင်းမိတ်ဆွေတွေကို သနားစိတ်ဖြစ်ပေါ်လာပါတယ်၊၊ အော် ငါ့သူငယ်ချင်းတွေခမျာ မဟုတ်တာတွေကို အမှန်တရားလို့ ထင်နေကြပါလား ဆိုပြီးတော့ပေါ့၊၊ သူ့သူငယ်ချင်းတွေဆီပြန်ပြီး သူတွေ့ခဲ့သိခဲ့တာတွေကို ပြန်ပြောချင်စိတ်တွေ ဖြစ်လာတော့ ဂူထဲကို ပြန်သွားပါတယ်၊၊ ဒီတော့ ဂူထဲကို ဝင်တဲ့အခါ  အမှောင်ထဲကို ပြန်ရောက်သွားတဲ့အတွက် သူ့မျက်စိက ကျင့်သားမရပြန်ပါဘူး၊၊ အချိန်နည်းနည်းပေးပြီးနောက်မှပဲ အမှောင်ထဲမှာ မြင်နိူင်စွမ်းကို ပြန်ရလာပါတယ်၊၊ ဒီအခါမှာ  အကျဉ်းသားတွေဟာ ဒီကောင်လေးကို ဝိုင်းပြီး ရီမော ဟားတိုက်ပါတော့တယ်၊၊ ဒီကောင် အပြင်ကို ခဏထွက်သွားပြီး ပြန်လာတာ ခုတော့ မမြင်မကန်းဖြစ်ပြီး ပြန်လာတယ်ဆိုပြီး ကဲ့ရဲ့ကြပါတယ်၊၊  အဲဒီအကျဉ်းသားလေး ပြောတာတွေကိုလည်း ဂူထဲက လူတွေက ယုံကြမယ်လို့ မိတ်ဆွေထင်ပါသလား၊၊
ဒါပေမယ့် ဒီအကျဉ်းသားလေးဟာ ပြင်ပကမ္ဘာကို ရောက်ဖူးသွားတဲ့အတွက် ဂူနံရံပေါ်က ပုံရိပ်တွေကို သူများထက်ပိုပြီး မြန်မြန် နာမည်ပေးနိူင်တယ်ဆိုတာကတော့ ယုံမှားစရာမရှိပါဘူး၊၊ အဲဒီလို သူ့ရဲ့လျင်မြန်မှုအတွက် ကျန်တဲ့အကျဉ်းသားတွေက ဂုဏ်ပြုကြမယ်ဆိုရင် အဲဒီ ဂုဏ်ပြုမှုအတွက် သူဟာ မိန်းမော သာယာနေမယ်လို့ မိတ်ဆွေထင်မြင်ပါသလား၊၊

တကယ်တော့ ဒီဥပမာလေးဟာ ကျွန်တော်တို့ လက်တွေ့ဘဝကို ထင်ဟပ်နေတာ ဖြစ်ပါတယ်၊၊ လွတ်မြောက်သွားတဲ့ အကျဉ်းသားလေးရဲ့ ဘဝမှာ ကဲ့ရဲ့ခံရတဲ့ အချိန်နှစ်ချိန် ရှိပါတယ်၊၊ ပထမတစ်ခါက သူဘာမှမသိသေးပဲ အပြင်လောကကြီးကို ထွက်လာတဲ့အချိန်ဖြစ်ပါတယ်၊၊ သူ့ရဲ့အသိဉာဏ်မရင့်ကျက်သေးတဲ့အခါမှာ အမှားတွေလုပ်မိတတ်ပါတယ်၊၊ ဒုတိယတစ်ခါကတော့ ဂူထဲကို ပြန်သွားတဲ့အခါဖြစ်ပါတယ်၊၊ တကယ်တမ်းတော့ အမှန်တရားကို သိမြင်တဲ့သူဟာ သူကိုယ်တိုင်ဖြစ်ပေမယ့် မသိသူတွေရဲ့ ကဲ့ရဲ့မှုတွေ ရန်လိုမှုတွေကို ခံရပါတယ်၊၊ ဒါကြောင့်မို့လို့ လူတစ်ယောက် ကဲ့ရဲ့ခံရတဲ့အချိန်မှာ ဒီအခြေအနေနှစ်ခုထဲက ဘယ်တစ်ခုဖြစ်လို့ ကဲ့ရဲ့ခံရတယ်ဆိုတာ ကျွန်တော်တို့သိဖို့ လိုအပ်ပါတယ်၊၊  အသိပညာ ဖွံ့ဖြိုးဖို့ဆိုတာကလည်း ရုတ်တရက်ကြီး ဖြစ်ပေါ်လာတတ်တဲ့  အရာမျိုး မဟုတ်ပါဘူး၊၊ အချိန်ကာလတစ်ခုနဲ့ အတွေ့အကြုံတွေပေါ်မှာ မူတည်ပြီး ဖြစ်ပေါ်လာတတ်တဲ့အရာမျိုးဖြစ်တဲ့အတွက် အမှားလုပ်မိတဲ့အချိန်တွေမှာ ဖေး မ ပေးဖို့ လိုအပ်ပါတယ်၊၊  ပြီးတော့ ကိုယ်ကိုကိုယ်တိုင်က အသိပညာတွေ ဖွံ့ဖြိုး သိမြင်ပြီးနောက်မှာ ကျန်ရစ်တဲ့သူတွေကို ပြန်သွားပြောပြဖို့လည်း လူတိုင်းမှာ တာဝန်ရှိပါတယ်၊၊

Plato ရဲ့ The Allegory of a Cave ကို အတိအကျမဟုတ်ပဲ နားလည်သလို ရေးဖွဲ့ပါတယ်၊၊

Comments

7pm said…
ဒီလိုဂူတွေထဲကို ဝင်လိုက်ထွက်လိုက် နဲ့ပဲ.. :)
zp said…
လာဖတ်သွားပါတယ်။ကော်ပီတောင် ကူးသွားတယ်။နောင်လည်း စာကောင်း ပေကောင်းတွေ များများ ဘာသာပြန်နိုင်ပါစေလို့
ကောင်းလိုက်တဲ့ ပိုစ့်လေး
ဖတ်နေရင်းနဲ့ အမှန်တရားကိုသိသွားရင်လည်း ကဲ့ရဲ့ခံရပါလားလို့ တွေးမိသေးတယ်
ဒီကောင်လေး ဂူထဲကနေ ပြန်ထွက်ချင်စိတ်ရော ရှိသေးရဲ့လား မသိဘူးနော်။
အလွမ်းတွေ အပ်ကြောင်းထပ်တယ်
ကဗျာတွေလည်း စာလုံးတွေထပ်တယ်
ဒါပေမယ့် မဆုံးနိုင်တဲ့ ချစ်ခြင်းတွေ
ဒီရင်ဘတ်ထဲ အပြည့်ရှိတယ်------------------------------
ဟုတ်တာပေါ့ တိမ်ပြာရေ
Anonymous said…
Hello, I enjoy reading through your article post. I wanted to write a little comment to support you.


My blog post :: http://www.pregnancyhelper.in

Popular posts from this blog

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...

မင်္ဂလာပါ

ဒီ Blog လေးမှာ ပထမဦးဆုံး ပိုစ့်ကို Published လုပ်ခဲ့တာက 2010 ခုနှစ် သြဂုတ်လဆိုတော့ 12 နှစ် နီးပါး ရှိခဲ့ပြီပေါ့။ နောက်ဆုံးရေးခဲ့တဲ့ ပို့စ်ကျတော့ 2013 ခုနှစ် ဇူလိုင်လဆိုတော့ ဒီ Blog လေးနဲ့ အဆက်ပြတ်သွားခဲ့တာ 9 နှစ်ကျော်ကျော် ရှိခဲ့ပြီ။   စာရေးသူ အသက်က 20 ကျော် စွန်းစွန်းလေးနဲ့ အမေရိကား ရောက်လာခဲ့တဲ့အချိန်မှာ အိမ်လွမ်းတဲ့ ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရတာတွေကို ကုစားတဲ့အနေနဲ့ Blog ကို စရေးဖြစ်ခဲ့တယ်။ အဲ့ဒီအချိန်တုန်းက သာမန်ပြည်သူတွေအနေနဲ့ မြန်မာပြည်မှာ အင်တာနက်ကို တစ်နာရီ ၁၅၀၀ ကျပ်နဲ့ အင်တာနက်ကဖီးတွေမှာ တမေ့တမော သုံးနေရတဲ့ခေတ်ဆိုတော့ ပြည်တွင်းက လူတွေနဲ့ အရမ်းကြီး အဆက်အသွယ်တွေ လွယ်ကူမြန်ဆန်ခဲ့တာတော့ မဟုတ်ခဲ့ဘူး။   အဲ့ဒီကာလတွေတုန်းက များသောအားဖြင့်တော့ ပြည်ပနေ မြန်မာ Blogger တွေ အချင်းချင်းပဲ သူ့ blog ကိုယ့် blog သွားလည်ကြ၊ စာတွေဖတ်၊ Comment တွေ ရေးရင်းနဲ့ အထီးကျန်မှုတွေကို ဖြေဖျောက်ခဲ့ရတာတွေကို အသေအချာ မှတ်မိတယ်။ မနိုင်းနိုင်းစနေ၊ ကိုညီလင်းသစ်၊ မစန်းထွန်းနဲ့ သက်တန့်ချိုတို့ကိုတော့ အခုထိ သေသေချာချာကြီးကို မှတ်မိနေတုန်း။ နောက် အာဖရိကမှာ တာဝန်ကျတဲ့ မြန်မာဆရာဝန် Blogger...

ကမ္ဘာသစ်

သူငယ်ချင်းရေ     ငါတို့တွေ ကျောင်းပြီးကတည်းက မတွေ့ကြတော့ဘူးနော်၊၊ ကျောင်းတော်ကြီးတုန်းက ငါတို့တွေ အိပ်မက်တွေကိုယ်စီနဲ့ ဘဝအတွက် အုတ်မြစ်ကိုယ်စီ ချခဲ့ကြတယ်၊၊ တချို့တွေလဲ ကိုယ့်လမ်းကြောင်းပေါ် ကိုယ်စီလျှောက်လို့။ မမျော်လင့်ပဲနဲ့ ဘဝဆိုတဲ့ ပင်လယ်ကြီးက ငါတို့အတွက် ကျယ်ပြန့်လွန်းနေတယ်၊၊     သူငယ်ချင်းရေ မင်းမှတ်မိသေးလား၊၊ ငါတို့တွေ မွေးရပ်မြေ အတွက် အိပ်မက်ကိုယ်စီ မက်ခဲ့ကြတယ်လေ၊၊ မင်းဖြစ်ချင်ခဲ့တဲ့ အိပ်မက်တွေကို ငါအခုထိမှတ်မိနေတုန်းပဲ၊၊ ဆယ်ကျော်သက် စိတ်ကူးတွေနဲ့ ငါတို့တတွေ လောကကြီးကို လှပသွားအောင် ဆေးရောင်စုံ ချယ်ခဲ့ကြတယ်၊၊ လောဘဇောတိုက်တဲ့ လူတွေအကြောင်း ငါတို့တွေ ဝိုင်းပြီးရှုံ့ချခဲ့ကြတယ်လေ၊၊ အတ္တကြီးတဲ့ လူ့ငနဲတွေရဲ့ စိတ်ဓာတ်ကို ငါတို့တတွေ အံ့သြခဲ့ကြသေးတယ်၊၊     လောကကြီးက ငါတို့ထင်ထားတာထက် ပိုပြီးတော့ ရှုပ်ထွေးနေတယ်၊၊ ရံဖန်ရံခါကြတော့ ငါတို့ထင်ထားတဲ့ မှားယွင်းမှုတွေက လုပ်သင့်လုပ်ထိုက်တာတွေတဲ့၊၊ ငါတို့တွေအမြဲ ပြောဖြစ်ခဲ့တဲ့ ကိုယ်ခြင်းစာတရားက ပျော့ညံ့မှုတဲ့၊၊ သူငယ်ချင်းရယ် မိုးခါးရေတွေသောက်နေတဲ့ လူတွေကြားမှာ ငါတို့ရဲ့ သစ္စာတရားက အရောင်မလက်တော့တာ အမ...