Skip to main content

မစ်စတာ ဘာဆာ တန်ဖိုးအထားဆုံးအရာ

ဇာတိချက်ကြွေ မြို့ကလေးနဲ့ဝေးရာ တောမြို့လေးတစ်နေရာမှာ ဂျက် တစ်ယောက် သူ့ရဲ့အိပ်မက်တွေအတွက် အပြင်းအထန် ကြိုးစားလို့နေပါတယ်၊၊ ဟိုးအရင်တုန်းကတော့ ဂျက်ရဲ့ဘဝဟာ သာမှန် လူငယ်တစ်ယောက်ရဲ့ဘဝလိုပါပဲ၊၊  ကောလိပ်သွားတာ၊ ကောင်မလေးတွေနဲ့ ချိန်းတွေ့တာ၊ အလုပ်အကိုင်ကောင်းကောင်းရဖို့ ကြိုးစားတာမျိုးပေါ့၊၊ ဒါပမယ့် ခုချိန်မှာတော့ ဂျက်ဟာ ပြောင်းလဲသွားခဲ့ပါပြီ၊၊ အချိန်တွေ မနည်းလုပြီး လှုပ်ရှားနေရတဲ့ ဘဝလေးထဲမှာ ဂျက်ဟာ အတိတ်ရဲ့ အကြောင်းတွေကို စဉ်းစားနေဖို့ အချိန်မရှိတော့သလို ဇနီးသည်နဲ့ သားလေးအတွက်တောင် အချိန်မပေးနိူင်ခဲ့ဘူး၊၊သူ့ရဲ့ အနာဂတ်အတွက် အပြင်းအထန် ကြိုးစားနေတဲ့ ဂျက်ကို ဘယ်အရာကမှ တားဆီးနိူင်မှာ မဟုတ်ဘူး၊၊

တစ်နေ့တော့ ဂျက်ရဲ့မိခင်ဆီက ဖုန်းလာပါတယ်၊၊

" သား မေမေတို့ အိမ်ဘေးနားက မစ်စတာ ဘာဆာ မနေ့ညကပဲ ဆုံးသွားတယ် လာမယ့် ဗုဒ္ဓဟူးနေ့မှာ အသုဘချမယ်ကွယ့် "

ရုတ်တရက်ပါပဲ ဟိုးအတိတ်က ဖြစ်ရပ်တွေဟာ ပိတ်ကားပေါ်က ရုပ်ရှင်အိုဟောင်းတစ်ပိုဒ်လို ဂျက်ရဲ့ စိတ်ထဲမှာ မြင်လာတယ်၊၊  ဆိုဖာခုံပေါ်မှာ တိတ်ဆိတ်စွာ ထိုင်ပြီး ဂျက်တစ်ယောက် သူ့ရဲ့ ငယ်ဘဝကို ပြန်လည် မှတ်မိလာခဲ့တယ်၊၊

" သား မေမေ ပြောနေတာကြားရဲ့လား? "

" ဟုတ်ကဲ့ ဆော်ရီးပါ မေမေ ကျွန်တော်နားထောင်နေပါတယ် မစ်စတာ ဘာဆာအကြောင်း သတိမရမိတာ တော်တော်ကြာသွားပြီ မေမေ ကျွန်တော်က သူဆုံးသွားတာ နှစ်တော်တော်ကြာပြီ လို့ ထင်နေတာ "

" သူကတော့ သားကို အမြဲသတိရနေတာပါပဲ မေမေ့ကို တွေ့တိုင်း သားလေး နေကောင်းလား အဆင်ပြေလား ဆိုပြီး အမြဲတမ်း မေးနေတာ သူ့ခြံထဲမှာ သားလေး သွားသွားပြီး သူနဲ့အတူတူ ဆော့ကစားခဲ့တာတွေကိုလည်း ခဏခဏ ပြန်ပြောနေတတ်တာ သားရဲ့ "

"ဟုတ်တယ် မေမေ ကျွန်တော်လေ မစ်စတာ ဘာဆာရဲ့ အိမ်လေးကိုသိပ်သဘောကျတာ "

" သားသိလား မင်းဖေဖေဆုံးသွားပြီးကတည်းက မစ်စတာ ဘာဆာက သားရဲ့ဘဝမှာ ယောကျင်္ားတစ်ယောက်ရဲ့ လွမ်းမိုးမှု ရှိအောင် သားရဲ့ဘဝထဲကို သူ ဂရုတစိုက်ဝင်လာခဲ့တာ "



" ဟုတ်တယ် မေမေ သားကို လက်သမားအတတ်ပညာ သင်ပေးခဲ့တာလည်း သူပါပဲ၊ သူ့ကြောင့်သာ မဟုတ်ရင် ဒီနေ့ သားရဲ့စီးပွားရေး ဘယ်အောင်မြင်ခဲ့ပါ့မလဲ၊၊ဘဝမှာ အရေးကြီးတယ်လို့ သူထင်တဲ့အရာတွေမှန်သမျှ အချိန်တွေ အများကြီးပေးပြီး သားကိုသင်ပေးခဲ့တယ်၊၊ ကျွန်တော် သူ့ရဲ့ အသုဘကိုအမှီလာခဲ့ပါ့မယ် မေမေ "


အလုပ်တွေ များနေခဲ့ပေမယ့် ဂျက်တစ်ယောက် သူ့ကတိကို ထိန်းသိမ်းနိူင်ခဲ့ပါတယ်၊၊ နောက်နေ့ လေယာဉ်နဲ့ မစ်စတာ ဘာဆာရဲ့ အသုဘကို အချိန်မီ သွားနိူင်ခဲ့တယ်၊၊ မစ်စတာ ဘာဆာရဲ့ အသုဘအခမ်းအနားက သိပ်ပြီး မကြီးကျယ်ခဲ့ပါဘူး၊၊ သူ့မှာက သားသမီး နောက်ခံမရှိတာရယ် သူ့ဆွေမျိုးတွေကလည်း ဆုံးသွားနှင့်တဲ့သူတွေ များလို့ပါ ၊၊

ဂျက်တစ်ယောက် မိသားစုရှိရာ မပြန်ခင် တစ်ညမှာ သူ့ရဲ့မိခင်နဲ့အတူတူ မစ်စတာ ဘာဆာရဲ့ အိမ်လေးကို နောက်ဆုံး တစ်ခေါက် သွားကြည့်ကြပါတယ်၊၊

ဂျက်ရဲ့ ခြေလှမ်းတွေဟာ ခြံဝင်းတံခါးပေါက်နားမှာ ခဏတာမှင်သက်နေမိပါတယ်၊၊ ဟုတ်ပါတယ် မစ်စတာ ဘာဆာရဲ့ အိမ်ကလေးဟာ ဟိုးအရင်ကလိုပဲ မပြောင်းလဲသေးပါဘူး၊၊ ခြေလှမ်းတစ်လှမ်းစီတိုင်းဟာ အတိတ်ကို တိတိကျကျမှတ်မိနေစေတယ်၊၊ ကြည့်ပါအုံး အိမ်ထောင် ပရိဘောဂတွေ......ဂျက် ခြေလှမ်းတွေ ရုတ်တရက် ရပ်သွားခဲ့တယ်၊၊

" သား ဘာဖြစ်လို့လဲ?"

" သေတ္တာ လေးမရှိတော့ဘူး မေမေ "

" ဘာ သေတ္တာလဲသားရဲ့ "

" မစ်စတာ ဘာဆာစာကြည့်စားပွဲပေါ်မှာ ထားတဲ့ သေတ္တာလေးပေါ့၊၊ အဲဒီ သေတ္တာထဲမှာ ဘာရှိလဲလို့ ကျွန်တော် ခဏခဏ မေးခဲ့ဘူးတယ် မေမေ၊၊ အခေါက်ပေါင်း မရည်မတွက်နိူင်အောင်ကိုမေးခဲ့ဖူးတာ၊၊ အဲလို မေးလိုက်တိုင်း သူက ဘာပြောလဲဆိုရင် သူတန်ဖိုးအထားဆုံးအရာတွေကို ထည့်ထားတာတဲ့ "

သေတ္တာလေး မရှိတော့ပါဘူး၊၊ တစ်အိမ်လုံးဟာ ဟိုးအရင်တုန်းကလိုပဲ မပြောင်းမလဲ ရှိနေတုန်းပါ၊၊ သေတ္တာလေး မရှိတော့တာက လွဲရင်ပေါ့၊၊မစ်စတာ ဘာဆာရဲ့ မိသားစုဝင်တစ်ယောက်ယောက် လာယူသွားတာဖြစ်ပါလိမ့်မယ်လို့ ဂျက်တွေးလိုက်မိတယ်၊၊

" ခုကြည့် မေမေ သေတ္တာလေးမရှိတော့ဘူးဆိုတော့ မစ်စတာ ဘာဆာက ဘာကိုတန်ဖိုးအထားခဲ့ဆုံးလဲ ဆိုတာ ကျွန်တော်မသိနိူင်တော့ဘူး၊၊ ထားပါတော့လေ ကျွန်တော် စောစောအိပ်မှဖြစ်မယ် မနက်ဖြန် အစောကြီး လေယာဉ်စီးရအုံးမှာ "

မစ်စတာ ဘာဆာ ဆုံးပြီး နှစ်ပတ်လောက်အကြာမှာပေါ့ ဂျက်တစ်ယောက် စာတိုက်ပုံးထဲမှာ စာတစ်စောင်ကို လက်ခံရရှိပါတယ်၊၊ အဲဒီစာက "စာတိုက်ကြီးတွင် သင့်ရဲ့ ချောစာထုပ်ကို လာယူပါရန်" တဲ့၊၊

စာတိုက်ကို နောက်မနက် စောစောပဲ သွားလိုက်ပြီးတော့ ချောစာထုပ်လေးကို ဂျက် လက်ခံရရှိပါတယ်၊၊ စာထုပ်လေးကို ကြည့်ရတာ အိုမင်းဟောင်းနွမ်းနေပြီး  လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က ပို့လိုက်သလိုပါပဲ၊၊ စာအိပ်ပေါ်က လက်ရေးကလည်း ဖတ်ရခက်လိုက်တာ၊၊ ကြည့်ပါအုံး ပေးပို့တဲ့ လူက မစ်စတာ ဘာဆာတဲ့!

စာထုပ်လေးကို စိတ်လောကြီးစွာ အလျင်အမြန်ပဲ ဖောက်လိုက်ပါတယ်၊၊ ရွှေရောင် ဘူးလေတစ်ဘူးနဲ့ စာအိပ်တစ်အိပ်၊၊ စာထဲမှာ ရေးထားတာက

" ဒီဘူးလေးနဲ့ ဘူးထဲပါ ပစ္စည်းတွေကို ဂျက်ဆီကို ပို့ပေးပါ ဒီအရာတွေဟာ ကျွန်တော့်ဘဝမှာ အလွန်ပဲ တန်ဖိုးထားရတဲ့ အရာတွေဖြစ်တယ် " တဲ့၊၊

စာအိပ်ပေါ်မှာ  သော့သေးသေးလေးတစ်ချောင်းကိုလည်း  တိတ်နဲ့ ကပ်ထားပါတယ်၊၊ စိတ်လှုပ်ရှားခြင်းများစွာနဲ့ မျက်ရည်တွေ ကျရင်း သော့ကိုယူပြီး သေတ္တာလေးကို ဂရုတစိုက်ဖွင့် ကြည့်လိုက်တော့ ရွှေရောင် အိပ်ဆောင်နာရီလေးကိုတွေ့ရပါတယ်၊၊

လက်ချောင်းလေးတွေကို အသာလှုပ်ရှားပြီး နာရီအဖုံးလေးကို ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ထွင်းထားတဲ့  ဒီစာလေးကို တွေ့ရပါတော့တယ်၊၊

" ဂျက် မင်းရဲ့ အချိန်တွေအတွက် ကျေးဇူးတင်ပါတယ် "

မယုံနိူင်စရာပါပဲ မစ်စတာ ဘာဆာ အလွန်ပဲ တန်ဖိုးထားခဲ့တဲ့ အရာဟာ ကျွန်တော့်ရဲ့ အချိန် ဖြစ်နေပါတယ်၊၊ 

ဂျက်ဟာ နာရီလေးကို ကိုင်ပြီး မိနစ်အနည်းငယ် အကြာမှာတော့ သူ့ရဲ့အလုပ်ရှိရာ ကိုဖုန်းခေါ်လိုက်ပြီး နှစ်ရက်စာ အလုပ်ကိစ္စတွေကို ဆိုင်းထားဖို့ပြောလိုက်တယ်၊၊ အတွင်းရေးမှူးမလေး Janet က ဘာကြောင့်လဲ လို့ မေးတဲ့အခါမှာတော့ ဂျက်က

" ကျွန်တော့် သားအတွက် အချိန်ပေးချင်လို့ပါ " 

" သြော် ဒါနဲ့ Janet မင်းရဲ့အချိန်တွေအတွက်လည်း ကျေးဇူးတင်တယ် "

























Comments

Anonymous said…
Its interesting
And thanks for the time

Popular posts from this blog

ကျန်းမာရေးစောင့်ရှောက်မှုစနစ်

အမိမြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြည်သူတွေတော်တော်များများက လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ မြင်ကြပါတယ်၊၊ မြင်တဲ့အတိုင်းလည်း မှန်ကန်တယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်၊၊ အိမ်နီးနားချင်း  ယိုးဒယားပြည်က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နှိုင်းယှဉ်ပြီး အမိနိူင်ငံရဲ့ ကျန်းမာရေးစနစ်ကို မချင့်မရဲ ဖြစ်နေကြတဲ့သူတွေလည်း တပုံတပင်ကြီးပါ၊၊ ကျွန်တော်ဟာ ယိုးဒယားပြည်ကို  မရောက်ခဲ့ဖူးပေမယ့် သူငယ်ချင်းမိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးကြောင့် ယိုးဒယားနိူင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို တစွန်းတစ မြင်တွေ့ခွင့်ရခဲ့ပါတယ်၊၊ အဖြစ်အပျက်က ဒီလိုပါ၊၊ ကျွန်တော့်ရဲ့ မိတ်ဆွေအမျိုးသမီးဟာ ဘန်ကောက်မြို့ရဲ့ လမ်းကြားတစ်နေရာမှာ ကားအတိုက်ခံရပါတယ်၊၊ တိုက်တဲ့လူက တာဝန်မယူပဲ  တစ်ခါတည်းကို ထွက်ပြေးသွားပါတယ်၊၊ သူမဟာ သွေးအိုင်ထဲမှာ မိနစ်တော်တော်ကြာ လဲကျနေခဲ့တယ်၊၊ ကံကောင်းထောက်မစွာပဲ ထိုင်းအမျိုးသမီးတစ်ယောက်ကနေပြီး သူမကို ဆေးရုံပို့ပေးခဲ့တယ်၊၊ ဒီနောက်တော့ သူမဟာ သူမရဲ့ ခြေထောက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရပါတယ်၊၊ တစ်လခွဲနီးပါး ဆေးရုံပေါ်မှာ ကုသခံယူပြီးနောက်မှာတော့ သူမဟာ ဆေးရုံပေါ်က ဆင်းခွင့...

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...

ငါဟာ ဘယ်သူလဲ? Who am I?

  လွန်ခဲ့တဲ့ နှစ်အနည်းက စပြီး စာရေးသူ မကြာခဏ တွေးဖြစ်တဲ့ အကြောင်းအရာတွေက ဘာများလဲဆိုတော့  ငါဟာ ဘယ်သူလဲ (Who am I?)   ငါ့ရဲ့  စိတ်ခံစားမှုတွေနဲ့ တုံ့ပြန်မှုတွေက ဘယ်ကနေ လာတာလဲ  (What triggers me?)   ငါ့ရဲ့ စိတ်ဒဏ်ရာတွေက ဘယ်နေရာ ဘယ်အချိန်တုန်းက စလာခဲ့သလဲ ( What are my traumas?)   ဒီ စိတ်ဒဏ်ရာတွေက ခုလက်ရှိ ဘဝကို ဘယ်လို အကျိုး သက်ရောက်နေသလဲ ( How are my traumas affecting my adult life?)   ဒီ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားနေလဲ ( How is my healing journey?)   ငါဟာ ဘယ်သူလဲ? ဒီမေးခွန်းက တိုတို‌လေးနဲ့ အဓိပ္ပါယ်အရမ်းလေးနက်တာမို့ စာတစ်ကြောင်း၊နှစ်ကြောင်းလောက်နဲ့ ပြီးပြည့်စုံအောင် ဖြေဖို့ ခက်ပါတယ်။ စာရေးသူအနေနဲ့ ဒီမေးခွန်းကို ဖြေဖို့ရာ အချိန်တွေ အကြာကြီးယူခဲ့ရသလို ဖတ်ခဲ့ရတဲ့ စာအုပ်တွေလည်း မနည်းပါဘူး။ လမ်းရှာရင် လမ်းတွေ့မယ်ဆိုတဲ့ စကားပုံလိုပါပဲ စာရေးသူဟာ ကံကောင်းထောက်မစွာနဲ့ ဒီမေးခွန်းကို အဖြေရှာနေတဲ့ မိတ်ဆွေတစ်စုနဲ့ ဆုံဆည်းခွင့်ရပါတယ်။ နှစ်ပတ် တစ်ကြိမ် အွန်လိုင်းပေါ်မှာ တွေ့ကြပြီး မိမိရဲ့ အတွေ့အကြုံတွေနဲ့ အတွေးစတွေကို ရင်ဘတ်ချင်းတူတဲ့ မိတ်ဆွေ...