Skip to main content

သွားကြည့်ကြမယ် ပန်းသီးခြံထဲ

 ဒီနေ့တော့ အားလုံးကိုပန်းသီးခြံထဲကို ခေါ်သွားပါ့မယ်၊၊ ခုချိန်က ပန်းသီးခူးတဲ့ရာသီဆိုတော့ ပန်းသီးပင်တိုင်းမှာ ပန်းသီးတွေပြွတ်ခဲနေအောင် သီးနေကြတာ သွားရေကျစရာပါပဲ၊၊ ပန်းသီးသီးတာ မမြင်ဖူးတဲ့ သူငယ်ချင်းတွေအတွက် ရည်ရွယ်ပါတယ်၊၊




ဒီပန်းသီးအမျိုးအစားကတော့ Golden လို့ခေါ်ပါတယ်၊၊ အရသာက ချဉ်ပြုံးပြံုးနဲ့ အတော်စားလို့ကောင်းပါတယ်၊၊ ကျနော်တောင် တထိုင်တည်းနဲ့ နှစ်လုံးကြီးများတောင် စားပစ်ခဲ့တယ်၊၊   အပင်ခြေရင်းမှာကျနေတဲ့ ပန်းသီးတွေက မရင့်လာသေးခင် ခြွေချခံရတဲ့ အသီးတွေပါ၊၊ အပင်တစ်ပင်မှာ အသီးပေါင်း ငါးရာလောက်သီးပေးမယ့် သုံးရာလောက်ပဲ ချန်ထားပြီးတော့ ကျန်တာအကုန်ခြွေချတယ်လို့ သိရပါတယ်၊၊ အလုံးကြီးပြီး အသီးလှလှတွေပဲ ချန်ထားတဲ့သဘောပါ၊၊

ခူးစားလိုက်ပါအုံး :)

အောက်ကပုံကတော့ Gala လို့ခေါ်တဲ့ ပန်းသီးအမျိုးအစားပါ၊၊

အရသာကချိုချိုနဲ့ ပန်းသီးအသားက  နူးညံ့ပါတယ်

ဒါကတော့ Gala ပန်းသီးပင်ပေါ့



နောက်တစ်မျိုးကတော့ Red Delicious လို့ခေါ်ပါတယ်၊၊ အရသာက သိပ်မချိုသလို ချဉ်လဲမချဉ်ပါဘူး၊၊ ဒီအသီးရဲ့ ထူးခြားချက်ကတော့ အသီးကင်းဘဝကတည်းက အနီရောင်ဖြစ်နေတာပါ၊၊ နားမလည်ရင်တော့ အသီးမှည့်ပြီထင်ပြီး ခူးစားမိစရာပါပဲ၊၊ အသီးမရင့်သေးခင် စားကြည့်ရင် အခြားပန်းသီးနဲ့မတူပဲ အရသာက ဖန်တဲ့အရသာထွက်ပါတယ်၊၊

မမှည့်သေးဘူးနော် မစားရသေးဘူး:)

အောက်ကပုံလေးတွေကတော့ ပန်းသီးခြံမှာ တွေ့သမျှရိုက်လာမိတာလေးတွေပါ၊၊
မျက်စိတဆုံးမြင်နေရတဲ့အပင်တွေက ပန်းသီးပင်တွေပါပဲ


ဒါလေးကတော့ ထူးခြားပါတယ် ပန်းသီးအဖိုသီးတွေပါ

အသီးတွေများလွန်းလို့ အပင်က ကျိုးကျသွားတယ်
သစ်ကိုင်း တစ်ကိုင်းထဲမှာ မတူတဲ့ပန်းသီးအမျိုးအစားနှစ်မျိုး လာသီးနေတယ် ကိုင်းကူးထားတယ်လို့ သိရပါတယ်


ဒီလိုလှေကားနဲ့တက်ခူးရတာပေါ့ ရှေ့မှာ အိပ်ကြီးလွယ်ပြီးတော့လေ
ဒီလိုတစ်ပုံးခူးနိူင်ရင် ၂၄ဒေါ်လာရပါတယ်တဲ့ ကျနော်သာဆိုရင် ပြည့်တောင်ပြည့်နိူင်ပါ့ မလား :)
ရေဆေး ပိုးသတ် ထုပ်ပိုး ပြီးနောက်တော့ ခုလိုလှလှပပ ပန်းသီးလေးတွေကို အိမ်က စားပွဲပေါ်မှာ
အားလုံးပဲ တစ်ယောက်တစ်လုံးစီ ယူသွားနိူင်ပါတယ် :P



Comments

Anonymous said…
စားချင်တယ်
ချော(အစိမ်းရောင်လွင်ပြင်) said…
အဲဒီလိုပန်းသီးပေါတဲ့အရပ်မှာနေချင်လိုက်တာ တကယ်
အများကြီးဘဲနော်
အပြင်မှာ ပန်းသီးပင်မမြင်ဖူးသေးးဘူး
လှလိုက်တာ ပုံထဲမှာ တအားဘဲ
အစောက စာအုပ်အကြောင်းလေးဖတ်ရင်း ပန်းသီးခြံထဲ ထပ်လည်သွားတယ်အေ
တအားသဘောကျတာဘဲ
ဒီလိုခြံထဲ ရောက်ဖူးချင်လိုက်တာမှ
ပျော်လွန်းလို့ ခုန်ဆွခုန်ဆွ နေမယ် ထင်ပါရဲ့.
ထပ်ကြည့်ပြီး သဘောကျလို့ ထပ်ရေးသွားတယ်နော်..

Popular posts from this blog

ကျန်းမာရေးစောင့်ရှောက်မှုစနစ်

အမိမြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြည်သူတွေတော်တော်များများက လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ မြင်ကြပါတယ်၊၊ မြင်တဲ့အတိုင်းလည်း မှန်ကန်တယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်၊၊ အိမ်နီးနားချင်း  ယိုးဒယားပြည်က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နှိုင်းယှဉ်ပြီး အမိနိူင်ငံရဲ့ ကျန်းမာရေးစနစ်ကို မချင့်မရဲ ဖြစ်နေကြတဲ့သူတွေလည်း တပုံတပင်ကြီးပါ၊၊ ကျွန်တော်ဟာ ယိုးဒယားပြည်ကို  မရောက်ခဲ့ဖူးပေမယ့် သူငယ်ချင်းမိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးကြောင့် ယိုးဒယားနိူင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို တစွန်းတစ မြင်တွေ့ခွင့်ရခဲ့ပါတယ်၊၊ အဖြစ်အပျက်က ဒီလိုပါ၊၊ ကျွန်တော့်ရဲ့ မိတ်ဆွေအမျိုးသမီးဟာ ဘန်ကောက်မြို့ရဲ့ လမ်းကြားတစ်နေရာမှာ ကားအတိုက်ခံရပါတယ်၊၊ တိုက်တဲ့လူက တာဝန်မယူပဲ  တစ်ခါတည်းကို ထွက်ပြေးသွားပါတယ်၊၊ သူမဟာ သွေးအိုင်ထဲမှာ မိနစ်တော်တော်ကြာ လဲကျနေခဲ့တယ်၊၊ ကံကောင်းထောက်မစွာပဲ ထိုင်းအမျိုးသမီးတစ်ယောက်ကနေပြီး သူမကို ဆေးရုံပို့ပေးခဲ့တယ်၊၊ ဒီနောက်တော့ သူမဟာ သူမရဲ့ ခြေထောက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရပါတယ်၊၊ တစ်လခွဲနီးပါး ဆေးရုံပေါ်မှာ ကုသခံယူပြီးနောက်မှာတော့ သူမဟာ ဆေးရုံပေါ်က ဆင်းခွင့...

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...

ငါဟာ ဘယ်သူလဲ? Who am I?

  လွန်ခဲ့တဲ့ နှစ်အနည်းက စပြီး စာရေးသူ မကြာခဏ တွေးဖြစ်တဲ့ အကြောင်းအရာတွေက ဘာများလဲဆိုတော့  ငါဟာ ဘယ်သူလဲ (Who am I?)   ငါ့ရဲ့  စိတ်ခံစားမှုတွေနဲ့ တုံ့ပြန်မှုတွေက ဘယ်ကနေ လာတာလဲ  (What triggers me?)   ငါ့ရဲ့ စိတ်ဒဏ်ရာတွေက ဘယ်နေရာ ဘယ်အချိန်တုန်းက စလာခဲ့သလဲ ( What are my traumas?)   ဒီ စိတ်ဒဏ်ရာတွေက ခုလက်ရှိ ဘဝကို ဘယ်လို အကျိုး သက်ရောက်နေသလဲ ( How are my traumas affecting my adult life?)   ဒီ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားနေလဲ ( How is my healing journey?)   ငါဟာ ဘယ်သူလဲ? ဒီမေးခွန်းက တိုတို‌လေးနဲ့ အဓိပ္ပါယ်အရမ်းလေးနက်တာမို့ စာတစ်ကြောင်း၊နှစ်ကြောင်းလောက်နဲ့ ပြီးပြည့်စုံအောင် ဖြေဖို့ ခက်ပါတယ်။ စာရေးသူအနေနဲ့ ဒီမေးခွန်းကို ဖြေဖို့ရာ အချိန်တွေ အကြာကြီးယူခဲ့ရသလို ဖတ်ခဲ့ရတဲ့ စာအုပ်တွေလည်း မနည်းပါဘူး။ လမ်းရှာရင် လမ်းတွေ့မယ်ဆိုတဲ့ စကားပုံလိုပါပဲ စာရေးသူဟာ ကံကောင်းထောက်မစွာနဲ့ ဒီမေးခွန်းကို အဖြေရှာနေတဲ့ မိတ်ဆွေတစ်စုနဲ့ ဆုံဆည်းခွင့်ရပါတယ်။ နှစ်ပတ် တစ်ကြိမ် အွန်လိုင်းပေါ်မှာ တွေ့ကြပြီး မိမိရဲ့ အတွေ့အကြုံတွေနဲ့ အတွေးစတွေကို ရင်ဘတ်ချင်းတူတဲ့ မိတ်ဆွေ...