ဒီနေ့တော့ အားလုံးကိုပန်းသီးခြံထဲကို ခေါ်သွားပါ့မယ်၊၊ ခုချိန်က ပန်းသီးခူးတဲ့ရာသီဆိုတော့ ပန်းသီးပင်တိုင်းမှာ ပန်းသီးတွေပြွတ်ခဲနေအောင် သီးနေကြတာ သွားရေကျစရာပါပဲ၊၊ ပန်းသီးသီးတာ မမြင်ဖူးတဲ့ သူငယ်ချင်းတွေအတွက် ရည်ရွယ်ပါတယ်၊၊
ဒီပန်းသီးအမျိုးအစားကတော့ Golden လို့ခေါ်ပါတယ်၊၊ အရသာက ချဉ်ပြုံးပြံုးနဲ့ အတော်စားလို့ကောင်းပါတယ်၊၊ ကျနော်တောင် တထိုင်တည်းနဲ့ နှစ်လုံးကြီးများတောင် စားပစ်ခဲ့တယ်၊၊ အပင်ခြေရင်းမှာကျနေတဲ့ ပန်းသီးတွေက မရင့်လာသေးခင် ခြွေချခံရတဲ့ အသီးတွေပါ၊၊ အပင်တစ်ပင်မှာ အသီးပေါင်း ငါးရာလောက်သီးပေးမယ့် သုံးရာလောက်ပဲ ချန်ထားပြီးတော့ ကျန်တာအကုန်ခြွေချတယ်လို့ သိရပါတယ်၊၊ အလုံးကြီးပြီး အသီးလှလှတွေပဲ ချန်ထားတဲ့သဘောပါ၊၊
 |
ခူးစားလိုက်ပါအုံး :) |
အောက်ကပုံကတော့ Gala လို့ခေါ်တဲ့ ပန်းသီးအမျိုးအစားပါ၊၊
 |
အရသာကချိုချိုနဲ့ ပန်းသီးအသားက နူးညံ့ပါတယ် |
ဒါကတော့ Gala ပန်းသီးပင်ပေါ့
နောက်တစ်မျိုးကတော့ Red Delicious လို့ခေါ်ပါတယ်၊၊ အရသာက သိပ်မချိုသလို ချဉ်လဲမချဉ်ပါဘူး၊၊ ဒီအသီးရဲ့ ထူးခြားချက်ကတော့ အသီးကင်းဘဝကတည်းက အနီရောင်ဖြစ်နေတာပါ၊၊ နားမလည်ရင်တော့ အသီးမှည့်ပြီထင်ပြီး ခူးစားမိစရာပါပဲ၊၊ အသီးမရင့်သေးခင် စားကြည့်ရင် အခြားပန်းသီးနဲ့မတူပဲ အရသာက ဖန်တဲ့အရသာထွက်ပါတယ်၊၊
 |
မမှည့်သေးဘူးနော် မစားရသေးဘူး:) | |
အောက်ကပုံလေးတွေကတော့ ပန်းသီးခြံမှာ တွေ့သမျှရိုက်လာမိတာလေးတွေပါ၊၊
 |
မျက်စိတဆုံးမြင်နေရတဲ့အပင်တွေက ပန်းသီးပင်တွေပါပဲ |
 |
ဒါလေးကတော့ ထူးခြားပါတယ် ပန်းသီးအဖိုသီးတွေပါ |
 |
အသီးတွေများလွန်းလို့ အပင်က ကျိုးကျသွားတယ် |
|
 |
သစ်ကိုင်း တစ်ကိုင်းထဲမှာ မတူတဲ့ပန်းသီးအမျိုးအစားနှစ်မျိုး လာသီးနေတယ် ကိုင်းကူးထားတယ်လို့ သိရပါတယ် |
|
|
|
 |
ဒီလိုလှေကားနဲ့တက်ခူးရတာပေါ့ ရှေ့မှာ အိပ်ကြီးလွယ်ပြီးတော့လေ |
 |
ဒီလိုတစ်ပုံးခူးနိူင်ရင် ၂၄ဒေါ်လာရပါတယ်တဲ့ ကျနော်သာဆိုရင် ပြည့်တောင်ပြည့်နိူင်ပါ့ မလား :) |
 |
ရေဆေး ပိုးသတ် ထုပ်ပိုး ပြီးနောက်တော့ ခုလိုလှလှပပ ပန်းသီးလေးတွေကို အိမ်က စားပွဲပေါ်မှာ
အားလုံးပဲ တစ်ယောက်တစ်လုံးစီ ယူသွားနိူင်ပါတယ် :P |
|
|
|
Comments
အများကြီးဘဲနော်
အပြင်မှာ ပန်းသီးပင်မမြင်ဖူးသေးးဘူး
လှလိုက်တာ ပုံထဲမှာ တအားဘဲ
တအားသဘောကျတာဘဲ
ဒီလိုခြံထဲ ရောက်ဖူးချင်လိုက်တာမှ
ပျော်လွန်းလို့ ခုန်ဆွခုန်ဆွ နေမယ် ထင်ပါရဲ့.
ထပ်ကြည့်ပြီး သဘောကျလို့ ထပ်ရေးသွားတယ်နော်..