သားရေ ငိုသံတွေကို လမ်းခင်းပြီးမှ မင်းရဲ့နန်းတော်ကြီးဆီ ရောက်မယ်ဆိုရင် အဲဒီလမ်းကို မလျှောက်လေနဲ့။ မိုးလောက်ကြီးပဲ မြင့်ပါစေ လူတွေရဲ့ ပခုံးကို တက်နင်းပြီးမှ မင်းဘဝ အထက်တန်းကျမယ်ဆိုရင် အဲဒီအမြင့်ကိုလည်း မလှမ်းလေနဲ့။ မင်းရဲ့ ယုံကြည်ချက်ကြောင့် ဘဝတွေပျက် အိုးအိမ်တွေပျက် မိသားစုတွေရဲ့ ပျော်စရာအနာဂတ်တွေလည်း ကြေကွဲပျက်စီးရမယ်ဆိုရင် အဲဒီယုံကြည်ချက်ကိုလည်း မင်းအကောင်အထည်မဖော်လေနဲ့။ မသိနားမလည်သူ လူတွေကို လှည့်စားပြီးမှ ဇိမ်ခံခွင့်ရမယ်ဆိုရင် အဲဒီစည်းစိမ်ကိုလည်း မင်း မမက်မောလေနဲ့။
စိတ်ကူးတည့်ရာ အတွေးများနဲ့ ဘဝဖြောင့်ကြောင်း တစေ့တစောင်း