" ဘာ......အိမ်ပြန်ချင်တယ် ဟုတ်လား...မင်းရူးများရူးနေလား မောင်ကောင်း "
ဒေါသတကြီး အော်ငေါက်လိုက်သော ဦးလေး၏ အသံက နားထဲသို့ သံရည်ပူများ စီးဆင်းပျော်ဝင် သွားသကဲ့သို့ ပူလောင်လွန်းလှသည်၊၊ ဦးလေးကို အကျိုးသင့်အကြောင်းသင့် ပြောမည်ဟု စိတ်ကူးထားသမျှ ဘယ်ဆီများလွင့်ပျောက်ကုန်ပြီမသိ၊၊ သက်ပြင်းကို အသာခိုးချရင်း မောင်ကောင်း အတွေးအိမ်ထဲသို့လွင့်မျောသွားခဲ့သည်၊၊
မောင်ကောင်း ဒီကိုရောက်နေသည်မှာလေးနှစ်လေးမိုးရှိခဲ့ပြီ၊၊ နှင်းတွေ အဆုပ်အခဲလိုက်ကျတတ်သော သိုးဆောင်းတို့၏ တိုင်းပြည်ထဲတွင် မောင်ကောင်းတစ်ယောက် အညာက အိုက်စပ်စပ်ရာသီဥတုလေးကို လွမ်းမိသည်၊၊ မန်ကျည်းသီးထောင်းကိုငရုပ်သီးစပ်စပ်လေးဖြင့် ထမင်းတစ်အုပ်လောက်လွေးလိုက်ချင်သည်၊၊ ဖုန်တွေ တလိမ်းလိမ်းထနေတဲ့ ရွာလမ်းမကြီးမှာ အလှူပွဲလေးနွဲလိုက်ချင်သည်၊၊ ခြင်ထောင်ကြားလေး ထောင်ပြီး အိမ်ရှေ့ကကွတ်ပျစ်ပေါ်မှာတစ်ညလောက်အိပ်စက်အနားယူချင်သည်၊၊
မောင်ကောင်း ငယ်ငယ်က သိုးဆောင်း ဗီဒီယိုတွေကို ရွာမြောက်ဘက်က ဦးလေးမောင်တို့ ဗီဒီယိုရုံတွင် ကြည့်လေ့ကြည့်ထရှိသည်၊၊ နှာခေါင်း ရှည်ရှည် ခရုသင်းစွဲနေသော ဒီလူတွေ၏ ဆံပင်မှာ ရွာဦး လက်ကွက်ထဲက ရွှံ့ဗွက်တွေ လူးထားသကဲ့သို့ ကြည့်မကောင်း၊၊ ဒီကို ရောက်လာမှ ဒီလူတွေ၏ ကလန်ကလား အရပ်တွေ မိုးထိထိုးနေတာကို အံ့အားသင့်ခဲ့ရသည်လေ၊၊ လူ့ဘီလူးကြီးတွေလို သူတို့ကကြောက်ဖို့ကောင်းလွန်းလှသည်၊၊
စာသင်ခန်းထဲရောက်ပြန်တော့ ဘာမှန်းမသိသော အရာပေါင်းများစွာ သင်ကြားကြပြန်သည်၊၊ ဦးလေးက တစ်ခါတုန်းက ပြောဖူးသည်၊၊ စာတတ်ကာမှ လူရာဝင်မည်တဲ့လေ၊၊ လူရာဆိုတာ ဘာကိုပြောမှန်း မောင်ကောင်း အမှန်တကယ် နားမလည်ပါ၊၊ မောင်ကောင်း သိသည်က ရွာကလေးမှာ အလုပ်ကြိုးစားလုပ်ပြီး သေတပန်သက်တဆုံး နေထိုင်မည်၊၊ အများကောင်းကျိုး သယ်ပိုးဆောင်ရွက်မည်၊၊
မောင်ကောင်းရွာမှာ နေမကောင်းဖြစ်လျှင် သွေးဆေးလေးကို ရေနွေးပူပူဖြင့်သောက်လျှင်
ပျောက်သည်ချည်း၊၊ ဒီကိုရောက်ကာမှ ဒေါက်တို လား ဒေါက်ရှည်လား မသိ ထိုလူကြီးထံသို့ နေမကောင်းဖြစ်တိုင်း သွားရလေသည်၊၊ အပ်ကြီးဖြင့် မောင်ကောင်းတင်ပါးကျိန်း နေအောင် ဆေးထိုးကာ ပိုက်ဆံအများကြီး ယူတတ်သော ထိုလူကြီးကို မောင်ကောင်း မနှစ်သက်လှပါ၊၊
ပေါင်မုန့်ဟု ခေါ်သော ပြားချပ်ချပ် ဖြူတူတူ စားစရာကို ဒီကလူများ အတော်ကြိုက်ကြလေသည်၊၊ မောင်ကောင်း ကြိုးစားကာ စားကြည့်ပါသော်လည်း အရီးလေး၏ မုန့်ဆီကျော်လောက်ပင် မကောင်းချေသောကြောင့် ပေါင်မုန့်ဆိုလျှင် ထပ်၍ပင် မမြင်ချင်တော့ပါ၊၊ ဦးလေးက ပြောသည်၊၊ ကျောင်းပြီးလျှင် အလုပ်လုပ်ပါက ပိုက်ဆံတွေအများကြီးရပြီး အိမ်အကြီးကြီးဝယ်နိူင်မည်ဟူသည်၊၊ သို့ပါသော်လည်း မောင်ကောင်း ညည်းငွေ့လှပါပြီ၊၊ ရွတ်ဆိုရန် ခက်လွန်းလှသော ကျောင်းစာများကိုလည်း မျက်တောင်တစ်ခတ်မျှပင် မကြည့်ချင်တော့ပါ ၊၊
မောင်ကောင်း ရွာကို လွမ်းသည်၊၊ မောင်ကောင်း အိမ်ပြန်ချင်ပါသည်၊၊
အိမ်ကိုလွမ်းလို ့ရောက်တတ် ရာ ရေးချမိလိုက်တာပါ၊၊

Comments