Skip to main content

တောသားလေး၏ အတွေး

" ဘာ......အိမ်ပြန်ချင်တယ် ဟုတ်လား...မင်းရူးများရူးနေလား မောင်ကောင်း "

ဒေါသတကြီး အော်ငေါက်လိုက်သော  ဦးလေး၏ အသံက နားထဲသို့ သံရည်ပူများ စီးဆင်းပျော်ဝင် သွားသကဲ့သို့ ပူလောင်လွန်းလှသည်၊၊ ဦးလေးကို အကျိုးသင့်အကြောင်းသင့် ပြောမည်ဟု စိတ်ကူးထားသမျှ ဘယ်ဆီများလွင့်ပျောက်ကုန်ပြီမသိ၊၊ သက်ပြင်းကို အသာခိုးချရင်း မောင်ကောင်း အတွေးအိမ်ထဲသို့လွင့်မျောသွားခဲ့သည်၊၊

မောင်ကောင်း ဒီကိုရောက်နေသည်မှာလေးနှစ်လေးမိုးရှိခဲ့ပြီ၊၊ နှင်းတွေ အဆုပ်အခဲလိုက်ကျတတ်သော သိုးဆောင်းတို့၏ တိုင်းပြည်ထဲတွင် မောင်ကောင်းတစ်ယောက် အညာက အိုက်စပ်စပ်ရာသီဥတုလေးကို လွမ်းမိသည်၊၊ မန်ကျည်းသီးထောင်းကိုငရုပ်သီးစပ်စပ်လေးဖြင့် ထမင်းတစ်အုပ်လောက်လွေးလိုက်ချင်သည်၊၊ ဖုန်တွေ တလိမ်းလိမ်းထနေတဲ့ ရွာလမ်းမကြီးမှာ အလှူပွဲလေးနွဲလိုက်ချင်သည်၊၊ ခြင်ထောင်ကြားလေး ထောင်ပြီး အိမ်ရှေ့ကကွတ်ပျစ်ပေါ်မှာတစ်ညလောက်အိပ်စက်အနားယူချင်သည်၊၊

မောင်ကောင်း ငယ်ငယ်က သိုးဆောင်း ဗီဒီယိုတွေကို ရွာမြောက်ဘက်က ဦးလေးမောင်တို့ ဗီဒီယိုရုံတွင် ကြည့်လေ့ကြည့်ထရှိသည်၊၊ နှာခေါင်း ရှည်ရှည် ခရုသင်းစွဲနေသော ဒီလူတွေ၏ ဆံပင်မှာ ရွာဦး လက်ကွက်ထဲက ရွှံ့ဗွက်တွေ လူးထားသကဲ့သို့ ကြည့်မကောင်း၊၊ ဒီကို ရောက်လာမှ ဒီလူတွေ၏ ကလန်ကလား အရပ်တွေ မိုးထိထိုးနေတာကို အံ့အားသင့်ခဲ့ရသည်လေ၊၊ လူ့ဘီလူးကြီးတွေလို သူတို့ကကြောက်ဖို့ကောင်းလွန်းလှသည်၊၊

 စာသင်ခန်းထဲရောက်ပြန်တော့ ဘာမှန်းမသိသော အရာပေါင်းများစွာ သင်ကြားကြပြန်သည်၊၊ ဦးလေးက တစ်ခါတုန်းက ပြောဖူးသည်၊၊ စာတတ်ကာမှ လူရာဝင်မည်တဲ့လေ၊၊ လူရာဆိုတာ ဘာကိုပြောမှန်း မောင်ကောင်း အမှန်တကယ် နားမလည်ပါ၊၊ မောင်ကောင်း သိသည်က ရွာကလေးမှာ အလုပ်ကြိုးစားလုပ်ပြီး သေတပန်သက်တဆုံး နေထိုင်မည်၊၊ အများကောင်းကျိုး သယ်ပိုးဆောင်ရွက်မည်၊၊

မောင်ကောင်းရွာမှာ နေမကောင်းဖြစ်လျှင် သွေးဆေးလေးကို ရေနွေးပူပူဖြင့်သောက်လျှင်
ပျောက်သည်ချည်း၊၊ ဒီကိုရောက်ကာမှ ဒေါက်တို လား ဒေါက်ရှည်လား မသိ ထိုလူကြီးထံသို့ နေမကောင်းဖြစ်တိုင်း သွားရလေသည်၊၊ အပ်ကြီးဖြင့် မောင်ကောင်းတင်ပါးကျိန်း နေအောင် ဆေးထိုးကာ ပိုက်ဆံအများကြီး ယူတတ်သော ထိုလူကြီးကို မောင်ကောင်း  မနှစ်သက်လှပါ၊၊

ပေါင်မုန့်ဟု ခေါ်သော ပြားချပ်ချပ် ဖြူတူတူ စားစရာကို ဒီကလူများ အတော်ကြိုက်ကြလေသည်၊၊ မောင်ကောင်း ကြိုးစားကာ စားကြည့်ပါသော်လည်း အရီးလေး၏ မုန့်ဆီကျော်လောက်ပင် မကောင်းချေသောကြောင့် ပေါင်မုန့်ဆိုလျှင် ထပ်၍ပင် မမြင်ချင်တော့ပါ၊၊ ဦးလေးက ပြောသည်၊၊ ကျောင်းပြီးလျှင် အလုပ်လုပ်ပါက ပိုက်ဆံတွေအများကြီးရပြီး အိမ်အကြီးကြီးဝယ်နိူင်မည်ဟူသည်၊၊ သို့ပါသော်လည်း မောင်ကောင်း ညည်းငွေ့လှပါပြီ၊၊ ရွတ်ဆိုရန် ခက်လွန်းလှသော ကျောင်းစာများကိုလည်း မျက်တောင်တစ်ခတ်မျှပင် မကြည့်ချင်တော့ပါ ၊၊


မောင်ကောင်း ရွာကို လွမ်းသည်၊၊ မောင်ကောင်း အိမ်ပြန်ချင်ပါသည်၊၊ 




အိမ်ကိုလွမ်းလို ့ရောက်တတ် ရာ ရေးချမိလိုက်တာပါ၊၊ 

Comments

Anonymous said…
ကိုယ့်ကိုယ်ကိုသိသားပဲ စတာပါ တို့ထက်စာရင်တော်ပါတယ် များများရေးကြည့်ပေါ့ ပျော်ရွှင်ပါစေ

Popular posts from this blog

ကျန်းမာရေးစောင့်ရှောက်မှုစနစ်

အမိမြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြည်သူတွေတော်တော်များများက လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ မြင်ကြပါတယ်၊၊ မြင်တဲ့အတိုင်းလည်း မှန်ကန်တယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်၊၊ အိမ်နီးနားချင်း  ယိုးဒယားပြည်က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နှိုင်းယှဉ်ပြီး အမိနိူင်ငံရဲ့ ကျန်းမာရေးစနစ်ကို မချင့်မရဲ ဖြစ်နေကြတဲ့သူတွေလည်း တပုံတပင်ကြီးပါ၊၊ ကျွန်တော်ဟာ ယိုးဒယားပြည်ကို  မရောက်ခဲ့ဖူးပေမယ့် သူငယ်ချင်းမိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးကြောင့် ယိုးဒယားနိူင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို တစွန်းတစ မြင်တွေ့ခွင့်ရခဲ့ပါတယ်၊၊ အဖြစ်အပျက်က ဒီလိုပါ၊၊ ကျွန်တော့်ရဲ့ မိတ်ဆွေအမျိုးသမီးဟာ ဘန်ကောက်မြို့ရဲ့ လမ်းကြားတစ်နေရာမှာ ကားအတိုက်ခံရပါတယ်၊၊ တိုက်တဲ့လူက တာဝန်မယူပဲ  တစ်ခါတည်းကို ထွက်ပြေးသွားပါတယ်၊၊ သူမဟာ သွေးအိုင်ထဲမှာ မိနစ်တော်တော်ကြာ လဲကျနေခဲ့တယ်၊၊ ကံကောင်းထောက်မစွာပဲ ထိုင်းအမျိုးသမီးတစ်ယောက်ကနေပြီး သူမကို ဆေးရုံပို့ပေးခဲ့တယ်၊၊ ဒီနောက်တော့ သူမဟာ သူမရဲ့ ခြေထောက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရပါတယ်၊၊ တစ်လခွဲနီးပါး ဆေးရုံပေါ်မှာ ကုသခံယူပြီးနောက်မှာတော့ သူမဟာ ဆေးရုံပေါ်က ဆင်းခွင့...

ဘာသာစကား

ဘာသာစကားဆိုတာ နေရာဒေသကိုမူတည်ပြီး ကွဲပြားခြားနားလေ့ရှိပါတယ်၊၊ မြန်မာပြည်မှာဆို ဗမာစကားကို တစ်နိုင်ငံလုံးနီးပါး ပြောကြပေမယ့် နေရာဒေသ မတူတာနဲ့အမျှ လေသံတွေ ကွဲပြားနေတတ်တယ်၊၊ ဥပမာ မြောက်ပိုင်းသားတွေ ဗမာစကားပြောတဲ့လေသံနဲ့ ရန်ကုန်မှာပြောကြတဲ့ လေသံမျိုးက တော်တော်လေးကို မတူတာကို ကြုံဖူးတဲ့သူတိုင်းသိနိုင်ပါတယ်၊၊ ကျနော်ဆို မြို့ကြီးပြကြီးရောက်တိုင်း ကျနော့်ရဲ့ လေသံကြောင့် တိုင်းရင်းသားမှန်း မပြောပဲ သိကြတယ်၊၊ တကယ်လဲ ကျနော်က တဝမ်းပူနဲ့ သ သံ ဘယ်လိုမှ ကွဲအောင် မပြောတတ်ပါဘူး၊၊ ဘဝပေးကံကြမ္မာကြောင့် နေရာဒေသ တော်တော်များများကို ရောက်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရခဲ့ပါတယ်၊၊ တခါတလေ ကိုယ့်အုပ်စုထဲမှာ ဗမာလူမျိုးစစ်စစ်တစ်ယောက်မှ မပါပဲ တိုင်းရင်းသားပေါင်းစုံဖြစ်နေတတ်တာကိုလဲ ကြုံခဲ့ရဖူးပါတယ်၊၊ အဲဒီအခါမျိုးမှာ ဗမာစကားပြောတဲ့လေသံဝဲဝဲလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပြန်ရော၊၊ ကိုယ့်ကိုယ်ပိုင် လေသံတွေနဲ့ ချစ်ဖို့တော်တော်ကောင်းပါတယ်၊၊ အဲဒီ စကားဝဲတဲ့ အဖြစ်အပျက်လေးတွေက တခါတခါ ရယ်မောစရာလေးတွေ ဖြစ်လာတတ်ပါတယ်၊၊ ကျနော့် သူငယ်ချင်းနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ရအောင်၊၊ ကျနော် ကြားမိ...

ငါဟာ ဘယ်သူလဲ? Who am I?

  လွန်ခဲ့တဲ့ နှစ်အနည်းက စပြီး စာရေးသူ မကြာခဏ တွေးဖြစ်တဲ့ အကြောင်းအရာတွေက ဘာများလဲဆိုတော့  ငါဟာ ဘယ်သူလဲ (Who am I?)   ငါ့ရဲ့  စိတ်ခံစားမှုတွေနဲ့ တုံ့ပြန်မှုတွေက ဘယ်ကနေ လာတာလဲ  (What triggers me?)   ငါ့ရဲ့ စိတ်ဒဏ်ရာတွေက ဘယ်နေရာ ဘယ်အချိန်တုန်းက စလာခဲ့သလဲ ( What are my traumas?)   ဒီ စိတ်ဒဏ်ရာတွေက ခုလက်ရှိ ဘဝကို ဘယ်လို အကျိုး သက်ရောက်နေသလဲ ( How are my traumas affecting my adult life?)   ဒီ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားနေလဲ ( How is my healing journey?)   ငါဟာ ဘယ်သူလဲ? ဒီမေးခွန်းက တိုတို‌လေးနဲ့ အဓိပ္ပါယ်အရမ်းလေးနက်တာမို့ စာတစ်ကြောင်း၊နှစ်ကြောင်းလောက်နဲ့ ပြီးပြည့်စုံအောင် ဖြေဖို့ ခက်ပါတယ်။ စာရေးသူအနေနဲ့ ဒီမေးခွန်းကို ဖြေဖို့ရာ အချိန်တွေ အကြာကြီးယူခဲ့ရသလို ဖတ်ခဲ့ရတဲ့ စာအုပ်တွေလည်း မနည်းပါဘူး။ လမ်းရှာရင် လမ်းတွေ့မယ်ဆိုတဲ့ စကားပုံလိုပါပဲ စာရေးသူဟာ ကံကောင်းထောက်မစွာနဲ့ ဒီမေးခွန်းကို အဖြေရှာနေတဲ့ မိတ်ဆွေတစ်စုနဲ့ ဆုံဆည်းခွင့်ရပါတယ်။ နှစ်ပတ် တစ်ကြိမ် အွန်လိုင်းပေါ်မှာ တွေ့ကြပြီး မိမိရဲ့ အတွေ့အကြုံတွေနဲ့ အတွေးစတွေကို ရင်ဘတ်ချင်းတူတဲ့ မိတ်ဆွေ...